ခင်မောင်ဇော်၊ တက္ကသိုလ်

ဝီကီပီးဒီးယား မှ
(တက္ကသိုလ် ခင်မောင်ဇော် မှ ပြန်ညွှန်းထားသည်)
တက္ကသိုလ် ခင်မောင်ဇော်
'
မွေးသက္ကရာဇ်
အမည်ရင်း ဦးခင်မောင်ဇော်
မိဘအမည်
မွေးဖွားရာဒေသ မော်လမြိုင်မြို့
နိုင်ငံသား မြန်မာနိုင်ငံ
လူမျိုး
ကိုးကွယ်သည့်ဘာသာ
ပညာအရည်အချင်း မဟာသိပ္ပံဘွဲ့ (ဓာတုဗေဒ) (ရန်ကုန်တက္ကသိုလ်)
အလုပ်အကိုင် ကထိက/ ဌာနမှူး
ကြင်ဖော်
သားသမီး
ထင်ပေါ်ကျော်ကြားမှု စာရေးဆရာ
ထင်ရှားသည့်လက်ရာများ
ရရှိခဲ့သည့်ဘွဲ့တံဆိပ်များ
ကွယ်လွန်ရက်
ကွယ်လွန်ရာဒေသ
လက်မှတ် [[Image:|100px]]
ကွန်ယက်


ကိုယ်ရေးအကျဉ်း[ပြင်ဆင်ရန်]

အမည်ရင်း ခင်မောင်ဇော်၊ မော်လမြိုင်ဇာတိ၊ ငယ်စဉ်က မော်လမြိုင်မြို့ အထက (၁)၊ ရန်ကုန်မြို့ ဗဟို အစိုးရတန်းမြင့်ကျောင်း [အထက (၁) လသာ] တို့တွင် ပညာသင်ခဲ့ပြီး တက္ကသိုလ်ဝင် စာမေးပွဲ အောင်သောအခါ ရန်ကုန်တက္ကသိုလ် ၌ ဆက်လက် ပညာဆည်းပူးခဲ့ရာ B.Sc. ဘွဲ့နှင့် ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်မှ M.Sc. ဘွဲ့ ရခဲ့သည်။ B.Sc. ဘွဲ့ရပြီးနောက် စာပေဗိမာန် ၌ သိပ္ပံစာပြု၊ ရန်ကုန်တက္ကသိုလ် ဓာတုဗေဒဌာန ၌ သရုပ်ပြနှင့် လက်ထောက်ကထိက၊ မကွေးကောလိပ် ၌ လက်ထောက်ကထိက/ ဌာနမှူး၊ ဆေးတက္ကသိုလ်(၁) ၌ လက်ထောက်ကထိက၊ ဆေးတက္ကသိုလ်(၂) ၌ ကထိက/ ဌာနမှူး၊ ဆေးတက္ကသိုလ် (၁) ၌ ကထိက/ ဌာနမှူး အဖြစ် အမှုထမ်းပြီး အငြိမ်းစား ယူခဲ့သည်။


၁၉၇၂ ခုနှစ်၊ ဇွန်လတွင် ရွှေတူဂျာနယ်၌ သိပ္ပံ ပညာပေး ဆောင်းပါး စတင် ရေးသားရင်း စာပေနယ်သို့ ရောက်လာသည်။ ၁၉၇၂-၇၃ ခုနှစ်တဝိုက်၌ ကြေးမုံနှင့် လုပ်သားပြည်သူ့ နေ့စဉ် သတင်းစာများတွင် သိပ္ပံပညာပေး ဆောင်းပါးများ ရေးခဲ့သည်။ မြဝတီ၊ ငွေတာရီ၊ ဒို့ကျောင်းသား၊ လူငယ်ဂျာနယ်၊ ရှုမဝ၊ ပေဖူးလွှာ၊ စစ်ပြန်၊ သပြေ (တေး)၊ ဂီတပဒေသာ၊ ရုပ်ရှင်၊ မြတ်လေး၊ မြို့တော်ရန်ကုန်၊ ဂျီအီးစီ၊ ဇီဝက၊ ဇမ္ဗူ့ရတနာ၊ ပလုပ်တုတ် ကလေးဂျာနယ် စသည့် လစဉ်ထုတ် မဂ္ဂဇင်းကြီးများတွင် ဆောင်းပါး၊ ပုံပြင်၊ ဝတ္ထုတို၊ ဝတ္ထုရှည် (စဆုံး) များ ရေးခဲ့သည်။ ပေါ်ပြူလာ၊ သတင်းစုံနှင့် သဘင် အနုပညာ ဂျာနယ် တို့တွင်လည်း ဂီတ၊ ဆောင်းပါးများ ရေးခဲ့သည်။


Today နှင့် Panorama မဂ္ဂဇင်း တို့တွင်လည်း မောင်ခိုင်ဇော် ကလောင်ခွဲဖြင့် ဆယ့်နှစ်လရာသီ ပွဲတော်များနှင့် မြန်မာ့ ယဉ်ကျေးမှု ဆိုင်ရာ ဆောင်းပါးများကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့သည်။


၂၀၀၃ ခုနှစ်တွင် စာရေးသားခြင်းမှ ခေတ္တ အနားယူခဲ့ပြီး ယခုအခါ ချင်းတွင်း မဂ္ဂဇင်း၊ Family မဂ္ဂဇင်းနှင့် စောင့်ကြည့် သတင်း ဂျာနယ်တို့တွင် ဆောင်းပါးများ ဆက်လက် ရေးသားလျက် ရှိသည်။

ရေးသား ထုတ်ဝေခဲ့သော လုံးချင်းစာအုပ်များ[ပြင်ဆင်ရန်]

၁။ ကမ္ဘာကျော် ဂီတ စာဆိုကြီးများ (သူတို့ဘဝနှင့် သူတို့ဂီတ)၊ စံပယ်ဦးစာပေ (၁၉၇၈)၊ ဒုတိယအကြိမ် Unity စာပေ (၂၀၀၁)။

၂။ အန္တရာယ်ပြွမ်းသည့် လူသား ပတ်ဝန်းကျင်၊ စာပေဗိမာန် (၁၉၈၀)။

၃။ မေတ္တာ အရှုံးသမားရဲ့ အမုန်းသံသရာ (မေတ္တာဖွဲ့ လုံးချင်းဝတ္ထု)၊ ဂုဏ်ထူးစာပေ (၁၉၇၉)။

၄။ ချစ်ရလွန်းလို့ (မေတ္တာဖွဲ့ လုံးချင်းဝတ္ထု)၊ ဂုဏ်ထူးစာပေ (၁၉၈၄)။

၅။ မြို့တော်တခွင် အတိတ်ဖြစ်စဉ်၊ ဂုဏ်ထူးစာပေ (၁၉၉၄) (မောင်ခိုင်ဇော် ကလောင်ခွဲဖြင့်)။

၆။ အနေမဝေးမယ့် ရွှေတေးများ၊ ပတ္တမြား ငမောက်စာပေ (၁၉၉၉) (မောင်ခိုင်ဇော် ကလောင်ခွဲဖြင့်)။

၇။ သီချင်းပန်းများ လန်းပွင့်စေသူများ၊ ပတ္တမြား ငမောက်စာပေ (၂၀၀၂)။

၈။ နှောင်းအတိတ်က မဟောင်းသော ပုံရိပ်လွှာများ၊ မုံရွေးစာပေ (၂၀၀၂)။

၉။ စစ်ပြီးခေတ် ရေဒီယို အဆိုတော်များ၊ မုံရွေးစာပေ (၂၀၀၃)။

၁၀။ ရေခြားမြေခြား ပုံပြင်များ၊ ရန်အောင်စာပေ (၂၀၀၄)။

၁၁။ လူသားဝန်းကျင်မှ အန္တရာယ် အသွယ်သွယ်၊ Treasure Publishing House (၂၀၀၄)။

၁၂။ ခေတ်သုံးခေတ် မြန်မာ့ဂီတနှင့် စစ်ကြိုခေတ် မြန်မာ့ဂီတ စာဆိုကြီးများ ချမ်းသာစာပေ (၂၀၀၅)။

၁၃။ အဟာရဓာတ် ပေါကြွယ်သော မြန်မာ့ အစားအစာများ၊ ပုဂံ စာအုပ်တိုက် (၂၀၀၈) (မောင်ခိုင်ဇော် ကလောင်ခွဲဖြင့်)။

၁၄။ ဆေးဖက်ဝင် ကြက်ဆူဆီနှင့် နိုင်ငံတကာ ဆေးသိပ္ပံ သတင်းများ၊ ပုဂံစာအုပ်တိုက် (၂၀၀၉) (မောင်ခိုင်ဇော် ကလောင်ခွဲဖြင့်)။

၁၅။ Knowledgeable Facts about Myanmar Traditional Culture and Heritage၊ ရွှေစာပေတိုက် (၂၀၀၉) (မောင်ခိုင်ဇော် ကလောင်ခွဲဖြင့်)။

၁၆။ အင်္ဂလိပ် ပါမောက္ခ အလုပ်ဖြုတ်ခံရသည့် ဖြစ်စဉ်နှင့် တက္ကသိုလ်ရေးရာ ဆောင်းပါးအဖြာဖြာ၊ သူရိယစာပေ (၂၀၁၀)။

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၂၀၁ဝ နိုဝင်ဘာမှာ သူရိယစာပေမှ ပထမအကြိမ် ပုံနှိပ်ထုတ်ဝေတဲ့ တက္ကသိုလ် ခင်မောင်ဇော်ရဲ့ 'အင်္ဂလိပ် ပါမောက္ခ အလုပ်ဖြုတ်ခံရသည့် ဖြစ်စဉ်နှင့် တက္ကသိုလ်ရေးရာ ဆောင်းပါးအဖြာဖြာ' စာအုပ်မှ