မာတိကာသို့ ခုန်သွားရန်

ညစ်ညမ်းခြင်းများ

ဝီကီပီးဒီးယား မှ
(ညစ်ညမ်းမှု မှ ပြန်ညွှန်းထားသည်)
ဒုတိယကမ္ဘာစစ်အတွင်း ထုတ်လုပ်မှုကြောင့် လေထုညစ်ညမ်းခြင်း။

ညစ်ညမ်းခြင်း ဆိုသည်မှာ ညစ်ညမ်းမှုဖြစ်စေသောအရာများကို ပတ်ဝန်းကျင်ဆီသို့ စသွင်းလာခြင်းဖြင့်သဘာဝတရား သို့မဟုတ် ဇီဝရုပ်သက်ရှိများအားတည်ငြိမ်မှုမရှိစေခြင်း၊သို့မဟုတ် အန္တရာယ်ဖြစ်ခြင်းတို့ ဖြစ်စေခြင်းဖြစ်သည်။ ညစ်ညမ်းခြင်းသည် ဓာတုညစ်ညမ်းစေသောပစ္စည်းများသို့မဟုတ် သဘာဝအလျောက် ဖြစ်ပွားသောအရာများ ဖြစ်နိုင်သည်။၎င်းတို့သည် သဘာဝအဆင့်များကို ကျော်လွန်ပါက ညစ်ညမ်းစေသော အရာများအဖြစ် သဘောထားခြင်း ခံရသည်။ ပတ်ဝန်းကျင်ညစ်ညမ်းမှု အမျိုးမျိုးရှိသည်။ ယင်းတို့မှာ လေထု ညစ်ညမ်းမှု၊ ရေထုညစ်ညမ်းမှုနှင့် မြေဆီလွှာ ညစ်ညမ်း မှုများ|သစ်တောပြုန်းတီးမှုများဖြစ်သည်။ ညစ်ညမ်းမှုများသည် လူတို့ကြောင့်ဖြစ်ပေါ်လာရခြင်းဖြစ်သည်။

လူတို့သည် နှစ်စဉ်နှစ်တိုင်း သန်းပေါင်းများစွာ ရှိသော ဓာတ်ငွေ့နှင့် အမှုန့်ကလေးများကို လေထု အတွင်းသို့ စွန့်ထုတ်ခြင်းဖြင့် လေထုညစ်ညမ်းမှုကို ဖြစ်စေသည်။ မော်တော် ကားကဲ့သို့သော ယာဉ်များကြောင့် လည်းကောင်း၊ ဓာတ်ဆီ၊ ကျောက်မီးသွေးစသော လောင်စာများ လောင်ကျွမ်းမှုကြောင့် လည်းကောင်း လေထုညစ်ညမ်းမှု အများဆုံး ဖြစ်ရသည်။လေထုညစ်ညမ်းမှုသည် မျက်စိနာဖြစ်စေနိုင်ခြင်း၊ပန်းနာရင်ကျပ်နှင့် ကင်ဆာရောဂါကိုလည်း ဖြစ်စေနိုင်သည်။ညစ်ညမ်းမှုသည် အပင်များရှင်သန်ရေးကိုလည်း ထိခိုက်စေနိုင်ပြီးရာသီဥတုကိုလည်း ဖောက်ပြန်စေနိုင်သည်။

စက္မှုလက္မှုလုပ်ငန်းနှင့် မိလ္လာစွန့် ပစ်ရေး လုပ်ငန်းများကလည်း တစ်နှစ်တစ်နှစ်လျှင် သန်း ပေါင်းများစွာရှိသော စွန့်ပစ္စည်းများကို ရေထုအတွင်းသို့ စွန့်ပစ်ကြသည်။ ယင်းကဲ့သို့သော စွန့်ပစ္စည်းများထဲတွင် ဓာတုပစ္စည်း များ၊ အပင်နှင့် တိရစ္ဆာန်များ၏စွန့်ပစ္စည်းများ၊ ဓာတ်မြေဩဇာ နှင့် ပိုးသတ်ဆေးများပါဝင်သည်။ စက်ရုံအလုပ်ရုံများမှ စွန့်ပစ်သော ရေများကြောင့် လူတို့ကို အကျိုးပြုသည့် ရေထဲရှိ ငါးများ သေကျေ ပျက်စီးနိုင်သည်။

မြေဆီလွှာညစ်ညမ်းမှုသည် စိုက်ပျိုးပင်များအတွက် ရေကြီးသော မြေဆီလွှာကို ပျက်စီးစေ သည်။နှစ်ပေါင်းများစွာ အချိန်ယူ၍ဖြစ်ပေါ်ခဲ့ရသော မြေဆီလွှာသည် လူတို့၏ ပေါ့လျော့မှုကြောင့် နှစ်အနည်းငယ်အတွင်း ပျက်စီးသွားနိုင်သည်။လေနှင့် ရေတို့၏တိုက်စားမှုကြောင့် လည်း မြေဆီလွှာ အမြောက်အမြားဆုံးပါးရသည်။ လမ်းများဖောက်ရန်အတွက်၎င်း၊ စက်ရုံများတည်ဆောက်ရန် အတွက်လည်းကောင်း၊ တောတောင်များကို ရှင်းလင်းပစ်ကြရာ၌ လည်းကောင်း မြေဆီလွှာ ပြုန်းတီးကြရပြန်သည်။

တန်ချိန် များစွာရှိသော စွန့်ပစ္စည်းများကို လမ်းဘေး၊မြစ်ချောင်း အင်းအိုင်နှင့် အမှိုက်ပုံများ၌နှစ်စဉ် စွန့်ပစ်ကြသော ကြောင့် ပတ်ဝန်းကျင် သဘာဝအလှကို ပျက်စီးစေသည်။ အမှိုက်ပုံများကြောင့် ပိုးဟပ်၊ ကြွက်စသော ရောဂါပိုး သယ် ဆောင်ကြသည့် ပိုးမွှားတိရစ္ဆာန်များ ပေါက်ပွားလာရသည်။ပလတ်စတစ်ကဲ့သို့သောပစ္စည်းများသည်လည်းညစ်ညမ်းစေသည်။ယင်းတို့ကို ရေထဲသို့ စွန့်ပစ်ပြန်လျှင်လည်း ရေထုကို ညစ်ညမ်းစေသည်။မြို့ကြီးများတွင် စက်ရုံအလုပ်ရုံများမှနေရသည့် ကျယ်လောင်သော အသံများသည် လူတို့ကိုစိတ်ညစ်ညမ်းစေသည်။ စက်္မှုလက္မှုလုပ်ငန်းများ၌ အသုံးပြုသည့် လောင်စာများမှ ထွက်လာသော ခဲဆိပ်များကလည်း လူတို့၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သည်။ ပတ်ဝန်းကျင်ညစ်ညမ်းမှုအန္တရာယ်သည် ကမ္ဘာအရပ်ရပ်၌ တစ်နေ့တခြား ကြီးထွားလာလျက် ရှိနေသဖြင့် ယခုအခါ နိုင်ငံအစိုးရများနှင့် လူမှုရေး အဖွဲ့အစည်းများက ပတ်ဝန်းကျင် ညစ်ညမ်းမှုကို လျှော့နည်းစေရန် ကြိုးစားလျက်ရှိသည်။

ညစ်ညမ်းခြင်းပုံစံများ

[ပြင်ဆင်ရန်]

ညစ်ညမ်းခြင်း အဓိကပုံစံများကို တစ်ခုချင်းစီနှင့် ဆက်စပ်သော သီးခြားညစ်ညမ်းစေသည့်ပစ္စည်းများနှင့်အတူ အောက်တွင် စာရင်းပြုစုထားသည် -

၁။ လေထုညစ်ညမ်းခြင်း - ဓာတုပစ္စည်းများနှင့် အမှုန်အမွှားများကို လေထုအတွင်းသို့ ထုတ်လွှတ်ခြင်း။ ဘုံဖြစ်သော ဓာတ်ငွေ့နှော ညစ်ညမ်းစေသည့်အရာများတွင် စက်ရုံနှင့် မော်တော်ယာဉ်များမှ ထုတ်လွှတ်သော carbon monoxide (ကာဗွန် မိုနောက်ဆိုဒ်)၊ sulfur dioxide (ဆာလဖာဒိုင် အောက် ဆိုဒ်)၊ chlorofluorocarbons (CFCs) (ကလိုရိုဖလူရိုကာဗွန်များ) ဖြင့်ဓာတ်ပြုသောဓာတု ozone (အိုဇုန်း) နှင့် မီးခိုးမြူတို့သည် nitrogen oxides (နိုက်ထရိုဂျင်အောက်ဆိုဒ်) များနှင့် hydro carbons (ဟိုက်ဒရိုကာဗွန်များ) တို့သည် နေရောင်ခြည်နှင့် ဓာတ်ပြုရာမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ အမှုန်အမွှားပစ္စည်းများ သို့မဟုတ် ဖုန်မှုန့်အနုစားများကို ၎င်းတို့၏ အလွန်သေးငယ်သောတိုင်းတာ သည့်မီတာ အရွယ်အစား PM10 မှ PM2.5 ဖြင့်သွင်ပြင်လက္ခဏာကို ဖော်ပြသည်။

၂။ ရေထုညစ်ညမ်းခြင်း - စွန့်ပစ်ပစ္စည်းများနှင့် ညစ်ညမ်းမှုဖြစ်စေသည့် အရာများကို မျက်နှာပြင်တွင် စီးဆင်းနေသည့်ရေ အတွင်းသို့ ထုတ်လွှတ်ခြင်း၊ မြစ်ကြောင်း ရေနုတ်မြောင်းစံနစ်အတွင်းသို့ စွန့်ထုတ်ခြင်း၊ မြေအောက်ရေ အတွင်းသို့စိမ့်ဝင်စေခြင်း၊ အရည်ယိုဖိတ်ခြင်းများ၊ စွန့်ပစ်ရေ ထုတ်လွှတ်ခြင်းများ၊ ရေထဲတွင် မြေဩဇာဓာတ်အလွန်များခြင်း နှင့်အမှိုက်သရိုက် စွန့်ပစ်ခြင်းများကြောင့် ဖြစ်ပေါ်စေသည်။

၃။ မြေကြီးညစ်ညမ်းမှုဖြစ်ခြင်း သည်ယိုဖိတ်ခြင်း သို့မဟုတ် မြေအောက်ယိုစိမ့်မှုတို့မှ ဓာတုပစ္စည်းများကို ထုတ်လွှတ်သောအခါ ဖြစ်ပွားသည်။ အရေးပါဆုံးသော မြေကြီးကို ညစ်ညမ်းမှုဖြစ်စေသည့်အရာများမှာ hydrocarbons (ဟိုကျဒရိုကာဗှနျမြား)၊ heavy metals (မာကွောသော သတ်ထုမြား)၊ MTBE၊[8] herbicides (ပေါင်းသတ်ဆေးများ) နှင့် pesticides (ပိုးသတ်ဆေးမြား) နှင့် chlorinated hydrocarbons (ကလိုရင်းပါဝင်သော ဟိုက်ဒရိုကာဗွန်မြား) ဖွဈကွသညျ။

၄။ အမှိုက်သရိုက်များစွန့်ပစ်ခြင်း

၅။ ရေဒီယိုသတ္တိကြွ ညစ်ညမ်းခြင်း - အဏုမြူစွမ်းအင် ထုတ်လုပ်ခြင်းနှင့် အဏုမြူလက်နက်များ သုတေသနပြုခြင်း၊ ထုတ်လုပ်ခြင်းနှင့် အသုံးချခြင်းကဲ့သို့သော အဏုမြူရုပဗေဒတွင် ၂၀ ရာစု လှုပ်ရှားမှုများမှ ပေါ်ထွက်လာခြင်းဖြစ်သည်။ alpha (အယ်(လ်)ဖာ ဒြပ်မှုန် ထုတ်လွှတ်သည့်အရာများ နှင့် ပတ်ဝန်းကျင်ရှိ အက်တီနိုက်များ ကိုကြည့်ပါ။)

၆။ အသံညစ်ညမ်းခြင်း - ယာဉ်လမ်းကြောဆူညံသံ၊ လေယာဉ်ဆူညံသံ၊ စက်ရုံများမှဆူညံသံနှင့် မြင့်မားသော ပြင်းအားရှိအသံလှိုင်းဖြင့် ရေအောက်ဝတ္ထုတို့၏ တည်နေရာကို ရှာဖွေသောကိရိယာ တို့ပါဝင်သည်။

၇။ အလင်းညစ်ညမ်းခြင်း - အလင်းကျူးကျော်ဝင်ရောက်မှု၊ အလွန်အကျွံ အလင်းရောင်ပေးခြင်းနှင့် နက္ခတ္တဗေဒနှင့်ဆိုင်သော ဝင်ရောက်စွက်ဖက်ခြင်းတို့ပါဝင်သည်။

၈။ အမြင်ညစ်ညမ်းခြင်း - မိုးပျံလျှပ်စစ်ဓာတ်အားလိုင်းများ၊ မော်တော်ကားလမ်းဘေးရှိ ကြေညာဆိုင်း ဘုတ်များ၊ အမြင်မတင့်တယ်သော မြေမျက်နှာသွင်ပြင်များ (ကမ်းမြောင်နေရာ၌ ဓာတ်သတ္တုတူးဖော် ခြင်းမှစ၍)၊ အမှိုက် သို့မဟုတ် အစိုင်၊ အခဲ၊ အဖတ်ကဲ့သို့သော စည်ပင်သာယာ စွန့်ပစ်ပစ္စည်းများကို ဟင်းလင်းပြင်၌ သိမ်းဆည်းထားခြင်းတို့ကို ရည်ညွှန်းနိုင်သည်။

၉။ အပူဓာတ်ဆိုင်ရာညစ်ညမ်းခြင်း - ဓာတ်အားပေးစက်ရုံတစ်ခုတွင် ရေကို အအေးပေးရာ၌သုံးသော အရည်အဖြစ် သုံးခြင်းကဲ့သို့သော လူသားတို့၏ လုပ်ဆောင်မှုကြောင့် သဘာဝရေအစုအဝေးများ အတွင်းတွင် အပူချိန် ပြောင်းလဲခြင်းဖြစ်သည်။

ညစ်ညမ်းစေသော ပစ္စည်းများ

[ပြင်ဆင်ရန်]

ညစ်ညမ်းစေသော ပစ္စည်းဆိုသည်မှာ လေ၊ ရေ သို့မဟုတ် မြေကြီးကို ညစ်ညမ်းစေသည့် စွန့်ပစ်ပစ္စည်းတစ်ခု ဖြစ်သည်။ ညစ်ညမ်းစေသော ပစ္စည်းတစ်ခု၏ ပြင်းထန်မှုကို အဆုံးအဖြတ်ပေးသည့် အချက်သုံးချက်မှာ- ၎င်း၏ ဓာတုဗေဒသဘာဝ၊ ပြင်းအားနှင့် ဆက်လက်တည်ရှိနေခြင်းတို့ဖြစ်သည်။

လေထုညစ်ညမ်းခြင်း

[ပြင်ဆင်ရန်]

လေထုညစ်ညမ်းခြင်းသည် သဘာဝနှင့်လူသားတို့ပြုလုပ်သော အရင်းအမြစ်များ နှစ်ခုစလုံးမှ ဖြစ်ပွားသည်။ ယင်းသို့ဖြစ်သည့်တိုင်အောင် လောင်ကျွမ်းခြင်း၊ ဆောက်လုပ်ရေး၊ ဓာတ်သတ္ထုလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် စစ်ပွဲများမှ ကမ္ဘာတစ်ဝန်းလုံးတွင် လူတို့ပြုလုပ်သော ညစ်ညမ်းစေသည့်ပစ္စည်းများသည် လေထုညစ်ညမ်းခြင်း ညီမျှခြင်းတွင် ပို၍ပို၍ အရေးပါလာသည်။ မော်တော်ယာဉ်များမှ ထုတ်လွှတ်သော အခိုးအငွေ့များသည် လေထုညစ်ညမ်းခြင်းကို အဓိကဖြစ်စေသော အကြောင်းတရားများအနက် တစ်ခုဖြစ်သည်။ တရုတ်၊ အမေရိကန်ပြည်ထောင်စု၊ ရုရှ၊ မက္ကဆီကိုနှင့် ဂျပန်တို့သည် လေထုညစ်ညမ်းခြင်းအတွက် ထုတ်လွှတ်နေသော ကမ္ဘာ့ဦးဆောင်နိုင်ငံများဖြစ်သည်။

မရွေ့လျားသော အဓိကညစ်ညမ်းစေသည့် အရင်းအမြစ်များတွင် ဓာတုဗေဒစက်ရုံများ၊ ကျောက်မီးသွေး လောင်စာဖြင့် လျှပ်စစ်ဓာတ်ထုတ်လုပ်သောစက်ရုံများ၊ ရေနံချက်စက်ရုံများ၊ရေနံဓာတုပစ္စည်းစက်ရုံများ၊ အဏုမြူ စွန့်ပစ်ပစ္စည်းများ စွန့်ပစ်သည့်လုပ်ငန်း၊ အမှိုက်မီးရှို ့ဖျက်ဆီးသည့် မီးပြင်းဖိုများ၊ စိုက်ပျိုးမွေးမြူရေး ခြံအကြီးစားများ (နို့စားနွားများ၊ ဝက်များ၊ ကြက်၊ဘဲများ စသည်ဖြင့်)၊ PVC ပီဗွီစီ စက်ရုံများ၊ သတ္တုထုတ်လုပ်သည့်စက်ရုံများ၊ ပလတ်စတစ်စက်ရုံများနှင့် အခြားအကြီးစား စက်မှုလုပ်ငန်းများ ပါဝင်ကြသည်။ စိုက်ပျိုးရေးဆိုင်ရာ လေထုညစ်ညမ်းခြင်းသည် သဘာဝအလျောက်ပေါက်နေသော အပင်များကို အပြီးသတ်ခုတ်လှဲခြင်းနှင့် မီးရှို့ခြင်း၊ ပိုးသတ်ဆေးနှင့် ပေါင်းသတ်ဆေးဖျန်းခြင်း တို့ပါဝင်သော ခေတ်ပေါ် အလေ့အထများမှ ဖြစ်ပေါ်လာသည်။

နှစ်စဉ် ၄၀၀ မီလီယံ မက်ထရစ်တန်ခန့်ရှိသော အန္တရာယ်ရှိသည့် စွန့်ပစ်ပစ္စည်းများ ထုတ်လုပ်လေ့ရှိသည်။ အမေရိကန်ပြည်ထောင်စု တစ်နိုင်ငံတည်းပင် ၂၅၀ မီလီယံ မက်ထရစ်တန်ခန့်ကို ထုတ်လုပ်သည်။ အမေရိ ကန်သည် ကမ္ဘာ့လူဦးရေ၏ ၅ ရာခိုင်နှုန်းအောက်သာရှိသော်လည်း အကြမ်းအားဖြင့် ကမ္ဘာ့ CO2 (ကာဗွန်ဒိုင်အောက်ဆိုဒ်) ထုတ်လွှတ်သည့် ပမာဏ၏ ၂၅ ရာခိုင်နှုန်းကို ထုတ်လွှတ်ပြီး၊ ကမ္ဘာ့စွန့်ပစ်ပစ္စည်းများ ထုတ်လုပ်သည့် ပမာဏ၏ အကြမ်းဖျဉ်းအားဖြင့် 30 ရာခိုင်နှုန်းကို ထုတ်လုပ်သည်။၂၀၀၇ ခုနှစ်တွင် တရုတ်နိုင်ငံသည် အမေရိကန်ပြည်ထောင်စုကို ကျော်လွန်ပြီး ကမ္ဘာ့အကြီးဆုံး ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်သည့် နိုင်ငံဖြစ်ခဲ့သည်။

ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း

[ပြင်ဆင်ရန်]

၂၀၀၇ ဖေဖော်ဝါရီတွင် နိုင်ငံပေါင်း ၁၃၀ ကျော်မှ သိပ္ပံပညာရှင် ၂,၅၀၀ ၏အလုပ်ကို ကိုယ်စားပြုသည့် Inter -governmental Panel on Climate Change (IPCC) (ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အစိုးရအဆင့် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့) ၏အစီရင်ခံစာတွင် လူသားများသည် ၁၉၅၀ ခုနှစ်ကတည်းကစ၍ ကမ္ဘာကြီးပူနွေးလာမှု အတွက် အဓိကအကြောင်းတရားဖြစ်ခဲ့သည်ဟု ဖော်ပြထားသည်။ လူသားများတွင် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်ခြင်းများကို ဖြတ်တောက်ရန်နှင့် ကမ္ဘာကြီးပူနွေးလာမှု၏ အကျိုးဆက်များကို ရှောင်ရှားရန် နည်းလမ်းများရှိသည်ဟု အဓိကကျသော ရာသီဥတုဆိုင်ရာ အစီရင်ခံစာတစ်ခုမှ သုံးသပ်ထားသည်။ သို့သော်၊ ရာသီဥတုကို ပြောင်းလဲရန် ဆယ်စုနှစ်များအတွင်းတွင် ကျောက်မီးသွေးနှင့် ရေနံကဲ့သို့သော ရှေးရုပ်ကြွင်းလောင်စာများမှ အသွင်ကူးပြောင်းခြင်း ဖြစ်ပွားရန်လိုအပ်သည်ဟု UN's Intergovernmental Panel on Climate Change (IPCC) (ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အစိုးရအဆင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့) ၏ ယခုနှစ်အတွက် နောက်ဆုံးအစီရင်ခံစာအရ သိရသည်။

မြေကြီး ညစ်ညမ်းခြင်း

[ပြင်ဆင်ရန်]

တွေ့နေကျဖြစ်သော မြေကြီး ညစ်ညမ်းမှုဖြစ်စေသည့်အရာအချို့မှာ chlorinated hydrocarbons (CFH) (ကလိုရင်းပါဝင်သော ဟိုက်ဒရိုကာဗွန်များ)၊ အကြီးစားသတ္ထုများ (chromium (ခရိုမီယမ်)၊ cadmium (ကဒ် ဒမီယမ်)-- ပြန်လည်အားသွင်းနိုင်သည့် ဓာတ်ခဲများ တွင်တွေ့ရသည်။ ခဲပါသော သုတ်ဆေးများတွင် တွေ့ရ သော ခဲလေယာဉ်ဆီ နှင့်အချို့သော တိုင်းပြည်များတွင် အသုံးပြုနေဆဲဖြစ်သော ဓာတ်ဆီ၊ MTBE၊ zinc (ဇင့်)၊ arsenic (အာဆင်းနစ်/အဆိပ်)စိန်နှင့် benzene (ဘင်(န်)ဇင်း) တို့ဖြစ်သည်။ စက်ရုံများမှ ဘေးထွက် ပစ္စည်းများကို ဓာတ်မြေဩဇာအဖြစ် ပြန်လည်အသုံးပြုနိုင်ရန်ပြုလုပ်ပြီး ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုသည့် အလေ့အထသည် မြေကြီးအား သတ္ထုဓာတ်မျိုးစုံဖြင့် ညစ်ညမ်းမှုဖြစ်စေသည့် ရလဒ်ကိုရရှိကြောင်း ၂၀၀၁ ခုနှစ်တွင် သတင်းအစီရင်ခံစာ အစဉ်လိုက်များကို စုစည်းထားသည့် Fateful Harvest (ကြမ္မာငင်သော အကျိုး ဆက်) စာအုပ်တွင် ဖော်ပြထားသည်။ သာမန်စည်ပင်သာယာ အမှိုက်သရိုက်ဖို့မြေများသည် မြေကြီးပတ်ဝန်းကျင် (ရံဖန်ရံခါ မြေအောက်ရေ) အတွင်းသို့ ဓာတုပစ္စည်း အမြောက်အမြားဝင်ရောက်စေသည့် အရင်းအမြစ်ဖြစ်ပြီး အမှိုက်အမျိုးအစားမျိုးစုံ၊ အထူးသဖြင့် ထိုနေရာများတွင် တရားမဝင်စွန့်ပစ်သည့်ပစ္စည်းများ ကိုလက်ခံခြင်း သို့မဟုတ် ၁၉၇၀ မတိုင်မီ အမှိုက်သရိုက်ဖို့မြေများသည် U.S (အမေရိကန်ပြည်ထောင်စု) သို့မဟုတ် ဥရောပ သမဂ္ဂ (EU) မှ ထိန်းကွပ်မှု အနည်းငယ်သာရှိခြင်းတို့ကြောင့် ထွက်ပေါ်လာခြင်းဖြစ်သည်။ ပုံမှန်မဟုတ်သော ထုတ်လွှတ်ခြင်းများဖြစ်သည့် TCDD ကဲ့သို့သော dioxins (ဒိုင်အောက်စင်) ဟုရိုးရှင်းစွာ အများအားဖြင့် ခေါ်ဆိုသည့် polychlorinated dibenzodioxins (ပေါ်လီကလိုရီနိုတ် ဒိုင်ဘင်ဇိုဒိုင်အောက်စင်) များထုတ်လွှတ်ခြင်းတို့ရှိသည်။

ညစ်ညမ်းခြင်း၏အကျိုးဆက်များ

[ပြင်ဆင်ရန်]

ညစ်ညမ်းခြင်းသည် သဘာဝဘေးအန္တရာယ်တစ်ခု၏ အကျိုးဆက်ဖြစ်နိုင်သည်။ ဥပမာ- ဟာရီကိန်းများသည် မိလ္လာအညစ်အကြေးကြောင့် ရေညစ်ညမ်းခြင်းနှင့် သင်္ဘောများ သို့မဟုတ် မော်တော်ယာဉ်များ ပေါက်ကွဲ ထွက်ခြင်းကြောင့် ရေနံဓာတုပစ္စည်းများ ယိုဖိတ်ခြင်းတို့နှင့် သက်ဆိုင်လေ့ရှိသည်။ ကမ်းလွန်ရေနံတူးစင်များ သို့မဟုတ် ရေနံချက်စက်ရုံများ ပါဝင်သည့်အရာများတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာဆုံးရှုံးမှု ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ခြင်းမှာ ဖြစ်နေကျဖြစ်သည်။ အဏုမြူစွမ်းအင် ထုတ်လုပ်သည့်စက်ရုံများ သို့မဟုတ် ရေနံတင်သင်္ဘောများကဲ့သို့သော ညစ်ညမ်းမှုဖြစ်စေသည့် အရင်းအမြစ်များ မတော်တဆမှုဖြစ်ပွားပါက ပျံ့နှံ့ပြီး အန္တရာယ်ဖြစ်စေမည့် အလားအလာရှိသော လွှတ်ထုတ်ခြင်းများကို ထုတ်လုပ်နိုင်သည်။ အသံညစ်ညမ်းမှု ဖြစ်စေသည့် အမှုကိစ္စတွင် အဓိကဖြစ်သော အရင်းအမြစ်မှာ မော်တော်ယာဉ်ဖြစ်ပြီး တစ်ကမ္ဘာလုံးတွင် အလိုမရှိသော ဆူညံသံများအားလုံး၏ ကိုးဆယ်ရာခိုင်နှုန်းခန့်ကို ထုတ်လုပ်သည်။


ကိုးကား

[ပြင်ဆင်ရန်]


    ပြင်ပလင့်ခ်များ

    [ပြင်ဆင်ရန်]