ဈာန်ရသူဆိုရန် သင့်ပေလိမ့်

ဝီကီပီးဒီးယား မှ

ဈာန်ရသူဆိုရန် သင့်ပေလိမ့် ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ[ပြင်ဆင်ရန်]

ဈာန်ရသူဆိုရန် သင့်ပေလိမ့်[ပြင်ဆင်ရန်]

ကုသလံ ကံကြမ္မာရယ်ကြောင့်၊ ဈာန်ရသူ ဆိုရန်သင့်ပေလိမ့် ငြမ်းမဆင် ထန်းပင်မြင့်၊ လမ်းထွင်လင့်နိစ္စမူ။

ခါးယံမှာ ဓားသန်လျက်နှင့်၊ တရက်လျှင် နှစ်ကြိမ်ပ၊ ထက်ဝတိန် ဘွေတခိုမှ၊ နေညိုလျှင်ရေချိုအိုး၊ ကြိုးနှင့်သယ်ယူ။

နော်ရထာစံတည်တဲ့၊ ပုဂံပြည် စည်ပွင့်လင်းစဉ်က၊ ရွာမြင်မူသာတဲ့ ကျေးမှာဖြင့်၊ မောင်ထွေးနာမည်နှင့်၊ တရာရည်ပင်စည်ထန်းတို့၊ ကျင်ကျွမ်းကာ နေ့စဉ်တက်နိုင်လို့၊ ဝင်ထွက်ကာ ကျန်စစ်သားတို့နှင့်၊ ခစားရအတူတူ၊ ကျော်ဇမ္မူခြိမ့်သဲ။

နွေအခါ၊ ရေပြာညိုတဲ့၊ ရွှေထန်းဖိုခန်းကာပပြန်တော့၊ ထန်းမမှာ လှမ်းကာဟက်လို့၊ ထန်းလျက်ပါ ချက်ကာရောင်းရ၊ သိန်းသောင်းရေ ရွှေငွေလျှံလို့၊ ပြေပုဂံ ကျန်စစ်သားတို့နှင့်၊ စစ်များစွာအောင်သည့်ရေးရယ်ကြောင့်၊ မောင်ထွေးနာမည်ရင်းငယ်နှင့်၊ ရာဇဝင်စာတင်လို့သွင်းခဲ့၊ မြင်းမူသားနဲ။

ခက်ဆစ်[ပြင်ဆင်ရန်]

၁။ ကုသလံ = ကုသိုလ်။

၂။ ကံကြမ္မဇ = ကမ္မဇ (ပါ)၊ အတိတ်က ပါလာသော ကံအရင်း။

၃။ နိစ္စဓူ = နိစ္စဓူဝ (ပါ)၊ အစဉ်အမြဲ။

၄။ မောင်ထွေး = မောင်ထွေရူး။

၅။ တရာရှည် = ထန်းပင်တရာ၏ အရှည်။

၆။ မြင်မူသားနဲ = မြင်းမူသား မောင်ထွေရူး၏ နည်းအတိုင်း။

မှတ်ချက်[ပြင်ဆင်ရန်]

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော ခေါင်းစဉ်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။