ဇွဲပြည့်
| ဇွဲပြည့် | |
|---|---|
| အမည်ရင်း | ဇာနည်မောင်မောင် |
| မွေးဖွား | ၃၀ နိုဝင်ဘာ၊ ၁၉၈၈ မန္တလေးမြို့ |
| ဂီတဟန် | Pop |
| အလုပ်အကိုင် | |
| တူရိယာ | Vocals |
| တက်ကြွသည့်နှစ်များ | ၂၀၁၁–လက်ရှိ |
ဇွဲပြည့် (၃၀ နိုဝင်ဘာ ၁၉၈၈ မွေးဖွား) သည် မြန်မာလူမျိုး အဆိုတော်၊ ဂီတသမားနှင့် သရုပ်ဆောင် ဖြစ်သည်။
ငယ်ဘဝနှင့် ပညာရေး
[ပြင်ဆင်ရန်]၁၉၈၈ ခု၊ နိုဝင်ဘာလ ၃၀ ရက်တွင် မန္တလေး၌ မွေးသည်။ အမည်ရင်းမှာ ဇာနည်မောင်မောင် ဖြစ်သည်။ မောင်နှမ ၅ ယောက်အနက် အငယ်ဆုံး ဖြစ်သည်။[၁] အခြေခံပညာကို အထက(၁၁) ၌ တက်ပြီး ရတနာပုံတက္ကသိုလ်မှ ဥပဒေပညာ သင်ယူနေသည်။[၁]
အနုပညာ လှုပ်ရှားမှု
[ပြင်ဆင်ရန်]၂၀၁၁ ခုတွင် သီချင်း စဆိုသည်။[၁] ပထမဆုံးတေးစီးရီး အပြည်ပြည်ဆိုင်ရာ အသည်းကွဲသောနေ့ ကို ၂၀၁၄ ခု၊ နိုဝင်ဘာလ ၃၀ ရက်တွင် စဖြန့်သည်။ ထိုခွေနှင့်ပင် ဂီတလောက၌ နေရာတစ်ခု ရလာသည်။ ဒုတိယစီးရီး ခိုလှုံရာ ကို ၂၀၁၇ ခု၊ ဖေဖော်ဝါရီလတွင် ဖြန့်သည်။[၂]
သရဲဆိုတာ ခိုနဲ့လား သည် ခေါင်းဆောင်နေရာမှ ပါဝင်ရသော ပထမဆုံးဇာတ်ကား ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ အသည်းကွဲသောနေ့၊ မကြီးစန်းနှင့် သူ၏ချစ်သူများ ဇာတ်ကားတို့တွင် ပါဝင်ခဲ့သည်။
၂၀၁၈ ခုတွင် ပန်းနှစ်ပွင့် စီးချင်း ရုပ်သံဇာတ်လမ်းတွဲကို ပိုင်ဖြိုးသု၊ မေဘရဏီသော်တို့နှင့် တွဲဖက်သရုပ်ဆောင်သည်။ ၂၀၁၈ ခု၊ မတ်လမှစ၍ မြန်မာအသံနှင့် ရုပ်မြင်သံကြားတွင် စလွှင့်သည်။
ပါဝင်သော ဇာတ်ကားများ
[ပြင်ဆင်ရန်]| ခေါင်းစဉ် | ရုံတင်နှစ် | ဒါရိုက်တာ | မှတ်ချက် |
|---|---|---|---|
| သရဲဆိုတာ ချိုနဲ့လား | ၂၀၁၆ | ဒေါ်အိအိခိုင် | |
| အပြည်ပြည်ဆိုင်ရာအသဲကွဲသောနေ့ | ၂၀၁၇ | ဦးမြတ်ခိုင် | |
| မကြီးစန်းနှင့်သူ၏ချစ်သူများ | ၂၀၁၇ | ဦးမြတ်ခိုင် |
ရုပ်သံဇာတ်လမ်းတွဲများ
[ပြင်ဆင်ရန်]| ခေါင်းစဉ် | ရုံတင်နှစ် | ဒါရိုက်တာ | မှတ်ချက် |
|---|---|---|---|
| ပန်းနှစ်ပွင့် စီးချင်း | ၂၀၁၈ |
တေးစီးရီးများ
[ပြင်ဆင်ရန်]| ခေါင်းစဉ် | ထုတ်ဝေနှစ် | ထုတ်ဝေသူ | မှတ်ချက် |
|---|---|---|---|
| အပြည်ပြည်ဆိုင်ရာ အသည်းကွဲသောနေ့ | ၂၀၁၄ | ||
| ခိုလှုံရာ | ၂၀၁၇ | ||
| အားကိုးပါ | ၂၀၁၉ |
ကိုးကား
[ပြင်ဆင်ရန်]- 1 2 3 ""အားနာသင့်တဲ့နေရာမှာ အားနာတတ်တယ်။ အားမနာဘူးဆိုရင်လည်း ပြတ်ပြတ်သားသားပြောဆိုတယ်။ အချစ်နဲ့ပတ်သက်လာရင်လည်း အချစ်ကြီးတယ် " မန္တလေးသားအဆိုတော် ဇွဲပြည့်"၊ Oasis Journal၊ 31 January 2017။ 27 June 2017 တွင် ပြန်စစ်ပြီး။ Archived from the original on 22 September 2017။
- ↑ "အဆိုတော် ဇွဲပြည့်၏ ခိုလှုံရာ VCD အခွေ မေ ၂၇ရက်တွင် ထွက်ရှိမည်"၊ Mizzima၊ 10 May 2017။ 27 June 2017 တွင် ပြန်စစ်ပြီး။