ဇော်ဝင်းရှိန် (စီးပွားရေးလုပ်ငန်းရှင်)
| ဦး ဇော်ဝင်းရှိန် | |
|---|---|
| မွေးဖွား | နိုဝင်ဘာ ၁၅၊ ၁၉၇၈ ဟင်္သာတမြို့နယ်၊ ဧရာဝတီတိုင်း၊ |
| နိုင်ငံလူမျိုး | မြန်မာ |
| အလုပ်အကိုင် | စီးပွားရေးလုပ်ငန်းရှင် |
| ကျော်ကြားမှုအရင်းခံ | ဧရာဟင်္သာကုမ္ပဏီ တည်ထောင်သူနှင့် ဥက္ကဋ္ဌ |
| အိမ်ထောင်ဖက်(များ) | ဒေါ်ရွှေယင်းမာ |
ဦးဇော်ဝင်းရှိန် (၁၅ နိုဝင်ဘာ ၁၉၇၈ ဖွား) သည် [၁] မြန်မာ လူငယ်လုပ်ငန်းရှင်တစ်ဦး ဖြစ်သည်။ [၂] အသက် ၁၉ နှစ် အရွယ် နှင့် မိဘများ၏ လက်ငုတ်လက်ရင်းဆန်စပါးရောင်းဝယ်တင်ပို့မှုမှတဆင့် စီးပွားရေးလောကထဲ သို့ ခြေချလာသူဖြစ်သည်။သူသည်လယ်ယာထွက်ကုန်ကူးသန်းရောင်းဝယ်တင်ပို့မှု အပါအဝင် ဆောက်လုပ်ရေး၊ငွေကြေးကဏ္ဍ၊ကျန်းမာရေးကဏ္ဍ နှင့် စက်မှုမြို့တော် အစရှိသည်တို့ ပါဝင်သော Ayeyar Hinthar Holdings Group ၏ တည်ထောင်သူလည်းဖြစ်သည်။
ငယ်ဘဝနှင့်ပညာရေး
[ပြင်ဆင်ရန်]တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးနောက် နိုင်ငံခြားဘာသာတက္ကသိုလ် ဒီပလိုမာသင်တန်း၊ ပထမနှစ်(တရုတ်ဘာသာ) နှင့် ကျောင်းထွက်ခဲ့ကာ ဖခင်ဖြစ်သူ၏ မိသားစု စီးပွားရေးလုပ်ငန်း ဖြစ်သော ဆန်စပါးကဏ္ဍသို့ ဝင်ရောက်သည်။[၃]
စီးပွားရေးနယ်ပယ်သို့ဝင်ရောက်လာခြင်း
[ပြင်ဆင်ရန်]၂၀၀၂ ခုနှစ်တွင် ဆောက်လုပ်ရေးနှင့် အလူမီနီယမ် လုပ်ငန်းအား လုပ်ဖော်ကိုင်ဖက်မိတ်ဆွေများနှင့်အတူ စပ်တူလုပ်ကိုင်ရင်း ကိုယ်ပိုင်စီးပွားရေး လုပ်ငန်း အား စတင်သည်။ယင်းနောက် Ayeyar Hinthar Trading Co., Ltd [၄]ကို ရင်းနှီးသည့် သူငယ်ချင်းတစ်ဦးနှင့် တည်ထောင်ခဲ့သည်။
နှစ်အနည်းငယ်အတွင်း ထိုကုမ္ပဏီသည် မြန်မာပြည်၏ အကြီးမားဆုံးဆန်တင်ပို့နိုင်သည့် ကုမ္ပဏီစာရင်းဝင် ဖြစ်လာခဲ့ပြီး[၅][၆][၇][၈] နောက်ပိုင်းတွင် ၎င်း၏စီးပွားရေး လုပ်ငန်းများအားလုံးကို စုစည်း၍ ဧရာဟင်္သာဟိုးလ်ဒင်းကုမ္ပဏီအဖြစ် ပြောင်းလဲ တည်ထောင်ခဲ့သည်။
ဝိတိုရိယဆေးရုံ[၉] အား လုပ်ငန်းရှင်တစ်ဦး အပါအဝင် ဆရာဝန်များ နှင့် ပူးပေါင်း၍ ၂၀၁၁ ခုနှစ်ဇွန်လ ၂၅ရက်တွင်ရန်ကုန်မြို့၌တည်ထောင်ခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် အများပိုင်ကုမ္ပဏီဖွဲ့စည်း၍ ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် ပုသိမ်စက်မှုမြို့တော်အား[၁၀] တည်ထောင်ခဲ့သည့်အပြင်[၁၁][၁၂][၁၃]၂၀၁၄ ခုနှစ်တွင် ဧရာဝတီတောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်အား မိတ်ဖက်စီးပွားရေးလုပ်ငန်းရှင်များနှင့် စတင် တည်ထောင်ခဲ့ပြီး ဘဏ်လုပ်ငန်းအားဆောင်ရွက်သည်။
ယင်းအပြင် ရှမ်းပြည်နယ် မြောက်ပိုင်း မိုးမိတ်မြို့အနီး ရွှေလီမြစ်ပေါ်တွင် တည်ဆောက်မည့် ရွှေလီရေအားလျှပ်စစ် ရေကာတာ စီမံကိန်း အပိုင်း ၃ ကိုလည်း ပြင်သစ်နိုင်ငံ Electricite De France S.A (EDF)၊ ဂျပန်နိုင်ငံ Marubeni Corporation တို့နှင့်အတူ လုပ်ပိုင်ခွင့်ရရှိခဲ့သူလည်းဖြစ်သည်။ ဇော်ဝင်းရှိန်သည်[၁၄] ရန်ကုန် စစ်သမိုင်းပြတိုက် နေရာအဟောင်းတွင် ဂျပန်ကုမ္ပဏီများနှင့် ပူးပေါင်းကာ အဆင့်မြင့်ဟိုတယ်နှင့် ရုံးခန်းများပါဝင်သော Y Complex စီမံကိန်းကို လုပ်ကိုင်ခဲ့သူ လည်းဖြစ်သည်။[၁၅] [၁၆][၁၇] [၁၈]
၂၀၂၁ နောက်ပိုင်းအခြေအနေများ
[ပြင်ဆင်ရန်]၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၄ရက်နေ့တွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် ငုရွှေဝါခန်းမအတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးစီးပြုလုပ်သည့် ပုဂ္ဂလိကဘဏ်လုပ်ငန်းရှင်များ တွေ့ဆုံပွဲသို့ ဇော်ဝင်းရှိန် လည်း တက်ရောက်ခဲ့သည်။[၁၉]
ထိုသို့ တက်ရောက်ခဲ့ပြီးနောက်ပိုင်း သူသည် အာဏာပိုင်များ၏ ခေါ်ယူစစ်ဆေးမေးမြန်းခြင်းကို ရက်အနည်းငယ် ခံခဲ့ရသည်။ [၂၀]
ထို့နောက်ပိုင်းတွင် သူသည် စစ်ကောင်စီ က ၂၀၂၃ ခုနှစ် ဇွန် ၂၉ ရက် တွင် ပြုလုပ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် အတွက် အလှူငွေပေးအပ်ပွဲ၊၂၀၂၄ စက်တင်ဘာ ရေဘေးအလှူပွဲ နှင့် ၂၀၂၅ မြန်မာငလျင်ဘေး ပြန်လည်ထူထောင်ရေးအလှူပွဲ တို့တွင် လူမြင်ကွင်းရှေ့ပြန်လည် ထွက်ပေါ်လာခဲ့သည်။[၂၁][၂၂][၂၃]
စွပ်စွဲခံရမှုများ
[ပြင်ဆင်ရန်]သူသည် စစ်အစိုးရ နှင့် နီးစပ်သူတစ်ဦး အဖြစ်လည်းကောင်း၊ အော်ရီဒူးပိုင်ရှင်အသစ် အဖြစ် လည်းကောင်း ပုံဖော်ခံရသည်။[၂၄]တစ်ဖက်တွင်လည်း သူ၏ ဧရာဟင်္သာကုမ္ပဏီ စားသုံးဆီတင်သွင်းခြင်းလုပ်ငန်းသည် ၂၀၂၄ ခုနှစ် ဇွန်လ ထဲတွင် စစ်ကောင်စီ၏ ပိတ်ပင် အရေးယူခြင်းခံခဲ့ရသည်။[၂၅]
မိသားစုဘဝ
[ပြင်ဆင်ရန်]ဇော်ဝင်းရှိန်သည် ဇနီးဖြစ်သူ ဒေါ်ရွှေယင်းမာနှင့် လက်ထပ်ခဲ့ပြီး သားသမီး ၃ဦးထွန်းကားခဲ့သည်။
ဂုဏ်ပြုခံရခြင်း
[ပြင်ဆင်ရန်]၎င်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်ကြော်ငြာစာအမှတ်(၂၁၅/ ၂၀၂၂) ဖြင့် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၉ ရက်တွင် သီရိပျံချီဘွဲ့ ချီးမြှင့်အပ်နှင်းခြင်းခံရသည်။ [၂၆]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မော်ကွန်းတင်ပြီးမိတ္တူ။ 8 September 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 September 2022 တွင် ပြန်စစ်ပြီး။
- ↑ Myanmar’s tycoons unfazed by NLD victory။ frontier myanmar (7 January 2016)။ 9 February 2023 တွင် ပြန်စစ်ပြီး။
- ↑ U Zaw Win Shein။ A Bank။ 28 April 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 February 2023 တွင် ပြန်စစ်ပြီး။
- ↑ CHAIRMAN'S MESSAGE။ ayeyarhinthar.com။ 5 July 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 February 2023 တွင် ပြန်စစ်ပြီး။
- ↑ စစ်တပ်ရိက္ခာ ဆန်စပါးအသင်းချုပ်က ဝယ်ပေးနေ။ ဧရာဝတီသတင်းဌာန (၂၁ မတ် ၂၀၂၂)။ ၉ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ အိုင်ဗရီကို့စ်မှာ ဖျက်ဆီးခံရတဲ့ ဆန်တွေတင်ပို့ခဲ့တဲ့ ကုမ္ပဏီ ၃ ခုမှာ ဆန်စပါးအသင်းချုပ် အတွင်းရေးမှူးပါတဲ့ ကုမ္ပဏီပါဝင်။ BBC Burmese (၁၉ ဧပြီ ၂၀၁၉)။ ၉ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ဆန်ကိစ္စ တုံ့ပြန်ဖို့ မြန်မာကုန်သည်တွေဘက်မှာ အားနည်းချက်တွေ ရှိနေတယ်။ DVB TV (၂၃ ဧပြီ ၂၀၁၉)။ ၁၂ မေ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ မြန်မာနိုင်ငံမှ တင်ပို့ခဲ့သည့် ဆန်တန်ချိန် (၁၈၀၀၀) ကို အိုင်ဗရီကို့စ် အာဏာပိုင်များက စားသုံးရန် မသင့်ဟု ကြေညာ၍ ဖျက်ဆီးခဲ့သည့်ကိစ္စ။ Ministry of Commerce (Myanmar) (၂၄ ဧပြီ ၂၀၁၉)။ ၁၂ မေ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ဝိတိုရိယ ဆေးရုံ အကြောင်း - Victoria Hospital။ The Myanmar Health Industry Guide။ 9 February 2023 တွင် ပြန်စစ်ပြီး။
- ↑ World-class integrated industrial city being developed in Pathein။ Myanmar Digital News (31 Jan 2021)။ 24 October 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 February 2023 တွင် ပြန်စစ်ပြီး။
- ↑ Pathein Industrial City။ Winningland.org။ 9 February 2023 တွင် ပြန်စစ်ပြီး။
- ↑ ခရိုနီ ခြေတက် ဦးဇော်ဝင်းရှိန်အကြောင်း တစေ့တစောင်း။ ဧရာဝတီသတင်းဌာန (၅ အောက်တိုဘာ ၂၀၂၂)။ ၉ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ World-class integrated industrial city being developed in Pathein။ Myanmar Digital News (31January 2021)။ 17 September 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 May 2024 တွင် ပြန်စစ်ပြီး။
- ↑ ရေပန်းအစားဆုံး NLD အမတ်လောင်းမှာ ပြည်ခိုင်ဖြိုးထိပ်သီးနှင့် စီးပွားဖက်များဖြစ်။ Myanmar Now (၄ နိုဝင်ဘာ ၂၀၂၀)။ ၉ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ဒေါ်လာ သန်း ၃၃၀ တန် Y Complex စီမံကိန်း တပ်ကို ကြွယ်ဝနေစေဟု လူ့အခွင့်အရေးအဖွဲ့ဝေဖန်။ Myanmar Now (၂၁ မေ ၂၀၂၀)။ ၉ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ အူရီဒူးမြန်မာပိုင်ရှင်သစ် ဧရာဟင်္သာလုပ်ငန်းစုမှ ဇော်ဝင်းရှိန်ဖြစ်နိုင်။ Myanmar Now (၉ စက်တင်ဘာ ၂၀၂၂)။ 1 October 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၉ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ အော်ရီဒူးမြန်မာအရောင်းအဝယ်ကို အဓိကကြိုးကိုင်ခဲ့သူ။ လူထုနွေဦး (၂၃ အောက်တိုဘာ ၂၀၂၂)။ ၁၂ မေ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ခရိုနီ ပြိုလဲမှ စစ်တပ် ပြိုလဲနိုင်မယ်။ The Irrawaddy (၄ မေ ၂၀၂၄)။ ၁၂ မေ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဘဏ်များအသင်း နာယက၊ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပုဂ္ဂလိကဘဏ်များမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံ။ CINCDS Myanmar (၄ ဖေဖော်ဝါရီ ၂၀၂၁)။ ၉ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ Myanmar’s military rounds up business people။ Asia Times (25 February 2021)။ 9 February 2023 တွင် ပြန်စစ်ပြီး။
- ↑ စစ်ခေါင်းဆောင်တည်သည့် ဘုရားကို ခရိုနီများ စုပေါင်း၍ ငွေကျပ် ၁၆ ဘီလျံကျော်လှူ။ Myanmar Now (၃၀ ဇွန် ၂၀၂၃)။ 28 December 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၃၁ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ရေဘေးအလှူငွေ မှန်းထားတာထက် ၁၀ ဆနီးပါးရခဲ့တယ်လို့ စစ်ခေါင်းဆောင် ပြော။ BBC (၂၂ စက်တင်ဘာ ၂၀၂၄)။ ၃၁ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ငလျင်ဘေးဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်ရန်အတွက် စေတနာရှင်၊ အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်။ MWD Webportal (၁ ဧပြီ ၂၀၂၅)။ ၃၁ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ခေတ် ၄ ခေတ်စလုံး ကောင်းစားသော ခရိုနီ ဦးဇော်ဝင်းရှိန်။ The Irrawaddy။ 2025-6-9 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2025-6-9 တွင် ပြန်စစ်ပြီး။
- ↑ ပို့ကုန်ရငွေ ဒေါ်လာ ၅ သိန်းကျော် ပြန်မဝင်သည့် ကုမ္ပဏီ ၂၈ ခုကို အမည်ပျက်စာရင်းသွင်း။ DVB (၂၇ ဇွန် ၂၀၂၄)။ ၃၁ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ်၂၁၅/၂၀၂၂။ MOI Myanmar (၁၉ နိုဝင်ဘာ ၂၀၂၂)။ ၉ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။