ဇာဘရွတ်ကဲန်မြို့

ဝီကီပီးဒီးယား မှ
ဇာဘရွတ်ကဲန်မြို့
၂၀၀၆-ခုနှစ် ဇန်နဝါရီမှ ဇာဘရွတ်ကဲန်
၂၀၀၆-ခုနှစ် ဇန်နဝါရီမှ ဇာဘရွတ်ကဲန်
ဇာဘရွတ်ကဲန်မြို့ ၏ တံဆိပ်အမှတ်အသား
တံဆိပ်အမှတ်အသား
ဇာဘရွတ်ကဲန်မြို့ သည် ဂျာမနီနိုင်ငံ တွင် တည်ရှိသည်
ဇာဘရွတ်ကဲန်မြို့
ဇာဘရွတ်ကဲန်မြို့
ဇာဘရွတ်ကဲန်မြို့ သည် Saarland တွင် တည်ရှိသည်
ဇာဘရွတ်ကဲန်မြို့
ဇာဘရွတ်ကဲန်မြို့
ကိုဩဒိနိတ်: 49°14′N 7°0′E / 49.233°N 7.000°E / 49.233; 7.000ကိုဩဒိနိတ်: 49°14′N 7°0′E / 49.233°N 7.000°E / 49.233; 7.000
နိုင်ငံဂျာမနီနိုင်ငံ
ပြည်နယ်Saarland
တိုင်းSaarbrücken
Subdivisions20
အစိုးရ
 • မြို့တော်ဝန်Uwe Conradt (CDU)
ဧရိယာ
 • မြို့ပြ၁၆၇.၀၇ စတုရန်းကီလိုမီတာ (၆၄.၅၁ စတုရန်းမိုင်)
ပင်လယ်ရေ မျက်နှာပြင်အမြင့်၂၃၀.၁ မီတာ (၇၅၄.၉ ပေ)
လူဦးရေ (2017-06-30)
 • မြို့၁၈၀၆၂၃
 • သိပ်သည်းမှု၁၁၀၀/km (၂၈၀၀/sq mi)
 • မြို့ပေါ်၃၂၉၅၉၃[၂]
 • မြို့ပြကြီး၇၀၀၀၀၀[၁]
အချိန်ဇုန်CET/CEST (UTC+1/+2)
စာပို့သင်္ကေတ66001–66133
တယ်လီဖုန်းနံပါတ်0681, 06893, 06897, 06898, 06805
ယာဉ်မှတ်ပုံတင်SB
ဝက်ဘ်ဆိုဒ်www.saarbruecken.de

ဇာဘရွတ်ကဲန်(အင်္ဂလိပ်: Saarbrücken; US: /zɑːrˈ-, ˈsɑːrbrʊkən, ˈzɑːr-/,[၃][၄]; /sɑːrˈbrʊkən/,[၅]ဟုလည်း အသံထွက်) သည်ဂျာမနီနိုင်ငံ ဇားလဲန်ဒ်ပြည်နယ်(Saarland)၏မြို့တော်ဖြစ်ပြီး၊ ပြည်နယ်၏ အကြီးဆုံးမြို့လည်းဖြစ်သည်။ ဂျာမန်အသံထွက်နှင့် အနီးစပ်ဆုံးမှာ ဇာဘွတ်(အ်)အဲန်(ဂျာမန်: [zaːɐ̯ˈbʁʏkn̩] ( ))ဟူ၍ ဖြစ်သည်။ ဇာဘရွတ်ကဲန်သည် ဇားလဲန်ဒ်ပြည်နယ်၏ အုပ်ချုပ်ရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် ယဉ်ကျေးမှုဆိုင်ရာအချက်အချာနေရာဖြစ်ပြီး၊ ပြင်သစ်နယ်စပ်နှင့်ကပ်လျက် ရှိသည်။

ဇာဘရွတ်ကဲန်မြို့ကို ၁၉၀၉ ခုနှစ်တွင် ဇာဘရွတ်ကဲန်၊ စိန့်ဂျိုဟန်(St. Johann) နှင့် မားလ်စတပ်တ်-ဘားဘပ်ခ်(Malstatt-Burbach)ဟူသော မြို့ငယ်သုံးခုကို ပေါင်းစည်းခြင်းဖြင့် တည်ထောင်ခဲ့သည်။ ၎င်းသည် ဇားကျောက်မီးသွေး ချိုင့်ဝှမ်း(Saar coal basin)၏ စက်မှုနှင့် သယ်ယူပို့ဆောင်ရေးဗဟို ဖြစ်ခဲ့သည်။ သံ၊ သံမဏိ၊ သကြား၊ ဘီယာ၊ အိုး၊ အလင်းသုံးကိရိယာများ(optical instruments)၊ စက်နှင့်ဆောက်လုပ်ရေးပစ္စည်းများ ဤဒေသမှထွက်ရှိသည်။

မြို့၏သမိုင်းဝင်နေရာများမှာ ဇားမြစ် (Saar)ဖြတ် ကျောက်တံတား(၁၅၄၆)၊ အလယ်ခေတ်ဂေါ့သစ်(Gothic)လက်ရာ စိန့်အာနူယယ်(St. Arnual) ဘုရားကျောင်း၊ ၁၈ ရာစု ဇာဘရွတ်ကဲန်ရဲတိုက် (Saarbrücken Castle)နှင့် မြို့၏ရှေးဟောင်းအစိတ်အပိုင်းဖြစ်သော စိန့်ဂျိုဟန်ဈေး (Sankt Johanner Markt)တို့ ဖြစ်ကြသည်။

ရာသီဥတု[ပြင်ဆင်ရန်]

ဤဒေသရှိရာသီဥတုသည် အပူချိန်အမြင့်နှင့် အနိမ့်အကြား အနည်းငယ်သာ ကွဲပြားခြားနားပြီး တစ်နှစ်ပတ်လုံး လုံလောက်သောမိုးရွာသွန်းမှု ရှိသည်။ ဤရာသီဥတုကို ကော့(ခ်)ပန်ရာသီဥတုခွဲခြားမှုစနစ် (Köppen climate classification)တွင် Cfb (သမုဒ္ဒရာ ရာသီဥတုဝင် အဏ္ဏဝါ အနောက်ဘက်ကမ်းရိုးတန်း ရာသီဥတု - Marine West Coast Climate/Oceanic climate)ဟု သတ်မှတ်သည်။[၆]

ဇာဘရွတ်ကဲန် အတွက် ရာသီဥတု အချက်အလက်များ
ဇန်နဝါရီ ဖေဖော်ဝါရီ မတ် ဧပြီ မေ ဇွန် ဇူလိုင် ဩဂုတ် စက်တင်ဘာ အောက်တိုဘာ နိုဝင်ဘာ ဒီဇင်ဘာ နှစ်
ပျမ်းမျှ အမြင့်ဆုံး အပူချိန် °C (°F) 2.6
(36.7)
4.6
(40.3)
8.5
(47.3)
12.7
(54.9)
17.2
(63)
20.2
(68.4)
22.4
(72.3)
22.1
(71.8)
18.8
(65.8)
13.5
(56.3)
7.1
(44.8)
3.6
(38.5)
12.8
(55)
ပျမ်းမျှ အနိမ့်ဆုံး အပူချိန် °C (°F) −2.0
(28.4)
−1.3
(29.7)
1.1
(34)
3.9
(39)
7.8
(46)
10.8
(51.4)
12.5
(54.5)
12.4
(54.3)
9.8
(49.6)
6.2
(43.2)
1.6
(34.9)
−1.0
(30.2)
5.2
(41.4)
ပျမ်းမျှ ရွာကျခြင်း mm (inches) 69
(2.72)
59
(2.32)
66
(2.6)
60
(2.36)
81
(3.19)
83
(3.27)
72
(2.83)
73
(2.87)
62
(2.44)
71
(2.8)
84
(3.31)
83
(3.27)
863
(33.98)
Average precipitation days 13 10 12 11 12 11 9 10 9 10 12 12 130
ပျမ်းမျှ မိုးရွာသွန်းရက်များ 12.2 9.8 11.3 10.0 11.0 11.3 9.3 8.5 9.4 11.2 11.7 12.7 128.4
Average relative humidity (%) 88 83 77 71 71 72 70 73 78 84 87 88 79
Mean monthly sunshine hours 44 77 119 171 201 214 234 212 153 100 48 34 ၁၆၀၇
Source #1: Wetterkontor[၇]
Source #2: Deutscher Wetterdienst[၈] World Weather Information Service[၉]

လူဦးရေ[ပြင်ဆင်ရန်]

သမိုင်းတစ်လျှောက် လူဦးရေများ
ခုနှစ်လူဦးရေ±%
1910၁၀၅၀၈၉—    
1919၁၁၀၆၂၃+5.3%
1927၁၂၅၀၂၀+13.0%
1935၁၂၉၀၈၅+3.3%
1946၈၉၇၀၉−30.5%
1961၁၃၀၇၀၅+45.7%
1970၁၂၇၉၈၉−2.1%
1987၁၈၈၇၀၂+47.4%
2011၁၇၆၁၃၅−6.7%
2018၁၈၀၇၄၁+2.6%
source:[၁၀]
လူဦးရေတစ်ထောင်နှင့်အထက်ရှိသော နိုင်ငံခြားသားနေထိုင်သူများ[၁၁]
မွေးဖွားရာနိုင်ငံ လူဦးရေ (၂၀၁၄)
 အီတလီ ၃,၈၅၁
 ပြင်သစ် ၂,၂၉၂
 တူရကီ ၂,၂၄၅
 ရိုမေးနီးယား ၁,၅၅၅
 ပိုလန် ၁,၀၀၀

ဇာဘရွတ်ကဲန်မြို့ရှိ မြင်ကွင်းများ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. Euro District Saar-Moselle
  2. Fläche, Bevölkerung in den Gemeinden am 30.06.2017 nach Geschlecht, Einwohner je km 2 und Anteil an der Gesamtbevölkerung (Basis Zensus 2011)။ 19 June 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 August 2020 တွင် ပြန်စစ်ပြီး။
  3. Saarbrücken[[:en:Collins English Dictionary|]]။ [[:en:HarperCollins|]]။ 30 July 2019 တွင် ပြန်စစ်ပြီး။
  4. SaarbrückenMerriam-Webster Dictionary။ 30 July 2019 တွင် ပြန်စစ်ပြီး။
  5. "Saarbrücken"Lexico UK English DictionaryOxford University Press။ n.d.30 July 2019 တွင် ပြန်စစ်ပြီး
  6. Climate Summary for Saarbrücken from Weatherbase.com
  7. Klima Deutschland, Saarbrücken။ 22 June 2014 တွင် ပြန်စစ်ပြီး။
  8. Sonnenscheindauer: langjährige Mittelwerte 1981 – 2010။ 23 September 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 June 2014 တွင် ပြန်စစ်ပြီး။
  9. Weather Information for Saarbruecken။ World Meteorological Organization။ 10 June 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 30 June 2014 တွင် ပြန်စစ်ပြီး။
  10. Population development of Saarbrücken(in German)
  11. Die Bevölkerung Saarbrückens im Jahr 2013။ Amt für Entwicklungsplanung, Statistik und Wahlen။ 29 July 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 September 2015 တွင် ပြန်စစ်ပြီး။