ဇာတိပူဇက

ဝီကီပီးဒီးယား မှ

အရှင်ဇာတိပူဇကထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်သည်။[၁]

ဘဝဇာတ်ကြောင်း[ပြင်ဆင်ရန်]

ဝိပဿီမြတ်စွာဘုရားလက်ထက်[ပြင်ဆင်ရန်]

ဝိပဿီမြတ်စွာဘုရား ဖွားမြင်ချိန်တွင် ဖြစ်၏။ ထိုအချိန်တွင် တောတောင်၊ သမုဒ္ဒရာနှင့်တကွ မဟာပထဝီမြေကြီးသည် တုန်လှုပ်၏။ နိမိတ်ဖတ်သူတို့သည် “ဘုရားပွင့်လတ္တံ့” ဟုပြောကြ၏။ ထိုသို့ နိမိတ်ဖတ်သူတို့၏ ပြောစကားကို အရှင်ဇာတိပူဇကထေရ် သည် ကြား၍ ဖွားမြင်စ ဘုရားလောင်းကို ပူဇော်ခြင်း ပြု၏။ ထိုသို့ ပြုပြီးနောက် ထိုနေရာတွင်ပင် သေဆုံးခဲ့၏။[၁]

အကျိုးခံစားရခြင်း[ပြင်ဆင်ရန်]

ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်တွင် ဖွားမြင်စ ဘုရားလောင်းကို ပူဇော်ခဲ့သည့် အချိန်မှစကာ အပါယ်လေးဘုံသို့ မကျရောက်ခဲ့ရပေ။ ဤဘဒ္ဒကမ္ဘာမှ သုံးခုမြောက် ကမ္ဘာထက်တွင် “သုပါရိစရိယ” အမည်ဖြင့် စကြဝတေးမင်း သုံးဆယ့်လေးကြိမ် ဖြစ်ခဲ့၏။[၁]

ဂေါတမမြတ်စွာဘုရားထက်ထက်[ပြင်ဆင်ရန်]

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်ဇာတိပူဇကထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ထေရာပဒါန်ပါဠိတော်၊ မဟာပရိဝါရဝဂ်၊ ဇာတိပူဇကတ္ထေရအပဒါန်