ဇဋိလ

ဝီကီပီးဒီးယား မှ

ဇဋိလ သည် မြတ်စွာဘုရား၏ သာသနာတော်တွင် အရဟတ္တဖိုလ်ဆိုက်ကာ ရဟန္တာ ဖြစ်သူ ဖြစ်၏။ ရာဇဂြိုဟ်ပြည်သား သူဌေးတစ်ဦး ဖြစ်၏။ မိခင်သည် အဆင်းလှသူတစ်ဦးဖြစ်၍ ဖခင်သည် ဝိဇ္ဇာဓိုရ်တစ်ဦး ဖြစ်သည်။[၁]

ဇဋိလ၏ ဘုန်းကံ[ပြင်ဆင်ရန်]

ဇဋိလသည် ကုန်သည်တစ်ဦး၏ နေအိမ်တွင် သားအဖြစ် နေစဉ်က ၁၂ နှစ်တိုင်ရောင်းမကုန်သော ပစ္စည်းတို့သည် တစ်နေ့တည်းနှင့် ရောင်းရသည်။ ထို့နောက် ကုန်သည်ကြီးက သမီးဖြစ်သူနှင့် ပေးစား၏။ အိမ်တက်မင်္ဂလာပြုသောနေ့တွင် အိမ်နောက်ဖေးတွင် ရွှေတောင်ကြီး ပေါက်၏။ [၁]

ရဟန္တာဖြစ်ခြင်း[ပြင်ဆင်ရန်]

နောင်အခါတွင် ဇဋိလသည် မြတ်စွာဘုရား၏ သာသနာတွင် ရဟန်းပြု၏။ တရားအားထုတ်ရာ နှစ်ရက်၊ သုံးရက်အတွင်းပင် ရဟန္တာ ဖြစ်လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန (၂၀၀၅)။ ဗုဒ္ဓဘာသာကောင်း တစ်ယောက်။ pp. ၅၉၇၊ ၅၉၈။