ဇင်နီနီဝင်း

ဝီကီပီးဒီးယား မှ
ဒေါ်ဇင်နီနီဝင်း
၁၃ ဖေဖော်ဝါရီ ၂၀၁၉ ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ပွဲတွင် တွေ့ရသော ဒေါ်ဇင်နီနီဝင်း
မကွေးတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၃ ဖေဖော်ဝါရီ ၂၀၁၆
မဲဆန္ဒနယ်ပခုက္ကူမြို့နယ် မဲဆန္ဒနယ် ၂
အနိုင်ရမဲ အရေအတွက်၅၉,၄၄၄ (၇၂.၅%)[၁]
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1989-02-11) ၁၁ ဖေဖော်ဝါရီ၊ ၁၉၈၉ (အသက် ၃၅)
ပခုက္ကူမြို့မကွေးတိုင်း
လူမျိုးမြန်မာ
နိုင်ငံရေးပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
မိဘဦးဇော်ဝင်း
ဒေါ်ဝင်းဆင့်
ပညာရေးB.A (Chinese language), LCCI level-3, (London Chamber of Commerce and Industry)
မိခင်ကျောင်းနိုင်ငံခြားဘာသာတက္ကသိုလ် (မန္တလေး)
အလုပ်အကိုင်နိုင်ငံရေးသမား

ဒေါ်ဇင်နီနီဝင်း (၁၁ ဖေဖော်ဝါရီ ၁၉၈၉ မွေးဖွား) သည် မြန်မာနိုင်ငံသား နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး မကွေးတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်အဖြစ် ပခုက္ကူမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ ကိုယ်စားပြု တာဝန်ထမ်းဆောင်လျက်ရှိသည်။[၂][၃] လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရချိန်တွင် သူမ၏အသက်မှာ ၂၆ နှစ် ဖြစ်သဖြင့် အသက်အငယ်ဆုံး ကိုယ်စားလှယ် ဖြစ်လာခဲ့သည်။[၄][၁][၅]

အစောပိုင်းဘဝနှင့် ပညာရေး[ပြင်ဆင်ရန်]

ဒေါ်ဇင်နီနီဝင်းကို ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့၌ မွေးဖွားခဲ့သည်။ မိဘများမှာ ဦးဇော်ဝင်းနှင့် ဒေါ်ဝင်းဆင့်တို့ ဖြစ်ပြီး မောင်နှမလေးယောက်အနက် တတိယမြောက် ဖြစ်သည်။ နိုင်ငံခြားဘာသာတက္ကသိုလ် (မန္တလေး) တို့မှ ဝိဇ္ဇာဘွဲ့ (တရုတ်ဘာသာစကား) ရရှိခဲ့သည်။[၆]

နိုင်ငံရေး[ပြင်ဆင်ရန်]

၂၀၁၁ ခုနှစ် ဒီဇင်ဘာလတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသို့ ဝင်ရောက်ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် NLD ဗဟိုလူငယ်လုပ်ငန်းအဖွဲ့တွင် ဘဏ္ဍာရေးမှူး အဖြစ် လုပ်ကိုင်ခဲ့သည်။[၆]

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် မကွေးတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်နေရာကို ပခုက္ကူမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မဲအရေအတွက် ၅၉,၄၄၄ ဖြင့် အနိုင်ရ ရွေးကောက်ခံခဲ့ရသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ "နိုင်ငံ့အပြောင်းအလဲမှာ လူငယ် ပါဝင်ဖို့ အသက်ငယ်ဆုံး အနိုင်ရ လွှတ်တော်အမတ် တိုက်တွန်း"၊ Democratic Voice of Burma၊ 15 November 2015။ [လင့်ခ်သေ]
  2. Interview: NLD candidate Zin Ni Ni WinDemocratic Voice of Burma။ 18 February 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 September 2018 တွင် ပြန်စစ်ပြီး။
  3. Powerful independents shun USDP (7 November 2015)။ 4 September 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 September 2018 တွင် ပြန်စစ်ပြီး။
  4. "ပခုက္ကူ အသက်ငယ်ဆုံး ကိုယ်စားလှယ်လောင်း ဒေါ်ဇင်နီနီဝင်း အနိုင်ရ"၊ Democratic Voice of Burma၊ 9 November 2015။ 
  5. "ဥပဓိရုပ်ကြောင့် လူသိများလာသော အမတ်လောင်းများ"၊ 7Day News၊ 23 September 2015။ 20 March 2020 တွင် ပြန်စစ်ပြီး။ Archived from the original on 2 June 2019။ 
  6. ၆.၀ ၆.၁ ""ပြည်သူတွေအတွက် အတတ်နိုင်ဆုံး လုပ်ဆောင်ပေးမယ်" – ဒေါ်ဇင်နီနီဝင်း"၊ Democratic Voice of Burma၊ 10 September 2015။