ဆွေးနွေးချက်:နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

အခြားဘာသာစကားများဖြင့် စာမျက်နှာအကြောင်းအရာများကို ပံ့ပိုးမထားပါ။
ဝီကီပီးဒီးယား မှ

နိုင်ငံတော်အာဏာကိုလွှဲပြောင်းရယူခြင်းအပေါ် တပ်မတော်၏အာဏာသိမ်းခြင်းဟု မသုံးစွဲသင့်ပေ။ပြီးခဲ့သည့် ရိုဟင်ဂျာအရေးအတွင်း တပ်မတော်အားစွပ်စွဲချက်များအပေါ် ယခင်နိုင်ငံခြားရေးရာဝန်ကြိသညး​နိုင်ငံတကာအားတရား၀င်သတင်းစာရှင်းလင်းပွဲတွင်ဖြေကြားခဲ့ပြီးဖြစ်သည်။တပ်မတော်အာဏာသိမ်းခြင်းဆိုသောစကားရပ်အားပြင်ဆင်ပေးပါရန်တောင်းဆိုပါသည်။ — Empier6444 (ဆွေးနွေးပံ့ပိုး) ၏ လက်မှတ်မရေးထိုးထားသော ဆွေးနွေးချက်။ 08:43, 18 February 2021

နိုင်ငံတော်သမ္မတကို ဖမ်းဆီးကာ အာဏာရယူခဲ့ခြင်းဖြစ်သည့်အတွက် လွှဲပြောင်းသည်ဟု မဆိုနိုင်ပါ။ မြန်မာအခြေစိုက် မီဒီယာများနှင့် ကမ္ဘာ့မီဒီယာများတွင်လည်း အာဏာသိမ်းခြင်း (coup) ဟု သုံးစွဲပါသည်။ third party sources များမှ ဖော်ပြချက်များကို ကိုးကား၍ အာဏာသိမ်းခြင်းဟု သုံးစွဲပါသည်။ NinjaStrikers «» ၀၈:၄၈၊ ၁၈ ဖေဖော်ဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]
ပြည်သူများကို တရးမဲ့စွာ သတ်ဖြတ်သောကြောင့် ထိုစစ်တပ်၏ကောင်စီကို အကြမ်းဖက် စစ်ကောင်စီဟု ခေါ်သင့်ပါသည်။ Neyya Swan Yi (ဆွေးနွေး) ၁၀:၀၀၊ ၃၀ နိုဝင်ဘာ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]
ဝီကီပီဒီးယားဟာ ကိုယ်မှန်တယ်လို့ထင်တဲ့အရာတွေကို ရေးသားဖို့နေရာ မဟုတ်ပါဘူး။ အခြား သတင်းရင်းမြစ်တွေက ဖော်ပြတဲ့အတိုင်း ကိုးကားရေးသားရမှာပါ။ Dr Lotus Black (ဆွေးနွေး) ၁၁:၅၉၊ ၃၀ နိုဝင်ဘာ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]
MRTV နဲ့ MWD က လွဲလို့ အခြား မီဒီယာ တွေက သူတို့ကို အကြမ်းဖက် စစ်ကောင်စီ/အာဏာသိမ်းစစ်ကောင်စီလို့ခေါ်တာ ဘရိုတို့ သတင်းကြည့်ရင်းသိနိုင်ပါတယ်။ ကျွန်တော့ အနေနဲ့ ကိယ်မှန်တယ်လို့ထင်တဲ့အရာတွေကို ရေးသားနေတာ မဟုတ်ပါဘူး။ သတင်းတွေထဲက ( mrtv နှင့် mwd မှအပ ) ခေါ်ဝေါ်တဲ့ အတိုင်းရေးနေတာပါ။ Neyya Swan Yi (ဆွေးနွေး) ၁၅:၄၀၊ ၃၀ နိုဝင်ဘာ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]
We used the terms that follows the policies and guidelines of Wikipedia. The threshold for inclusion of material in Wikipedia is verifiability, not truth. Wikipedia is not a place to right great wrongs NinjaStrikers «» ၀၈:၅၁၊ ၁ ဒီဇင်ဘာ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]
I wasn't saying anything wrong. I was saying exactly what the News Medias call them. Neyya Swan Yi (ဆွေးနွေး) ၀၉:၄၆၊ ၁ ဒီဇင်ဘာ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

စာပုဒ်ကို ကန့်ကွက်ခြင်း[ပြင်ဆင်ရန်]

အရပ်ခေါ် အာဏာသိမ်းစစ်ကောင်စီ/အစိုးရ လို့ရေးတာကို အရပ်သား၁ယောက်နေနဲ့ ကန့်ကွက်ပါတယ်။ အာဏာသိမ်းစစ်ကောင်စီဟာဘက်မလိုက်တဲ့ အသုံး ဖြစ်ပေမဲ့ အစိုးရ ဆိုတာဟာ ၎င်းတို့ကို အစိုးရ အဖြစ် wiki က အသိအမှတိပြုသလိုဖြစ်နေပါတယ်။ လက်ရှိ အချိန်မှာ အာဏာသိမ်းစစ်ကောင်စီကို ဘယ်နိုင်ငံကမှ အသိအမှတ်ပြုထားခြင်းမရှိပါဘူး။

Neyya Swan Yi (ဆွေးနွေး) ၀၃:၂၃၊ ၁ ဒီဇင်ဘာ ၂၀၂၁ (UTC)Neyya Swan Yi[အကြောင်းပြန်ရန်]

လက်ရှိအစိုးရဟာ မြန်မာနိုင်ငံရဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အာဏာတွေကို ချုပ်ကိုင်ထားနိုင်ပါတယ်။ ဒါကြောင့် အစိုးရတစ်ရပ်အနေနဲ့ (ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ) သုံးနှုန်းရမှာပါ။ NinjaStrikers «» ၁၄:၁၈၊ ၁ ဒီဇင်ဘာ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

စကစမှာ အစိုးရ မဟုတ်ပါ။ ဘယ်နိုင်ငံကမှ အသိအမှတ်ပြုချင်းမရှိပါ။ အစိုးရတစ်ရပ်မည်သည် ပြည်သူရဲ့ထောက်ခံမှုရှိရပါတယ်။ စကစ မှာအင်မတန်နည်းပါးတဲ့ ထောက်ခံမှုသာရှိပါတယ်။ အုပ်ချုပ်ရေးကလည်း တချို့နေရာတွေမှာ နယ်မြေစိုးမိုးမှုမရတဲ့ အတွက် အုပ်ချုပ်ရေး မရပါဘူး။ အုပ်ချုပ်ထားတဲ့နေရာတွေမှလည်း စကစတပ်သားတွေ သူတို့ကို လာတိုက်မှာကြောက်လို့ ကျီးလန့်တစာစာနေရပါတယ်။တရားစီရင်ရေးကိုတော့ ချုပ်ကိုင်နိုင်ပါတယ်။ နယ်မြေစိုးမိုးရေးနဲ့ ​ပြည်သူ့ထောက်ခံမှုကိုပိုရနေတာဟာ NUG ဖြစ်ပါတယ်။ ခင်ဗျားပြောတာ မှားနေပါတယ်။ Neyya Swan Yi (ဆွေးနွေး) ၁၅:၀၄၊ ၁ ဒီဇင်ဘာ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

အရင်ခေတ်အစိုးရတွေဟာလည်း ပြည်သူမထောက်ခံခဲ့တဲ့ အစိုးရတွေပါပဲ။ ပြည်သူလူထု ထောက်ခံခြင်း၊ မထောက်ခံခြင်းကြောင့် အစိုးရလို့ မသုံးစွဲသင့်တာမျိုး ဝီကီမှာ မရှိပါ။ အစိုးရ အသုံးအနှုန်းကို လက်ခံခြင်း လက်မခံခြင်းကလည်း တစ်ဦးတစ်ယောက်ချင်းစီရဲ့ ယုံကြည်ချက်ပါ။ အပေါ်မှာ ပြောသလိုပါပဲ အာဏာသုံးရပ်ကို ချုပ်ကိုင်ထားနိုင်ဆဲဖြစ်တဲ့အတွက် အစိုးရလို့ပဲ သုံးပါတယ်။ စကစရဲ့ ဥပဒေပြုမှုတွေကို ပြည်သူလူထုက မထောက်ခံသော်လည်း လက်ရှိမှာ လိုက်နာနေကြရပါတယ် (ဥပမာ၊ ညမထွက်ရအမိန့်)။ တရားစီရင်ချက်တွေလည်း ထိုနည်းတူပါပဲ။ အုပ်ချုပ်ရေးမှာ ချုပ်ကိုင်ထားနိုင်တဲ့ နေရာနဲ့ မချုပ်ကိုင်နိုင်တဲ့ နေရာက အလွန်ကွာဟပါတယ်။ အလားတူ NUG ကိုလည်း လူထုထောက်ခံမှု/နယ်မြေချုပ်ကိုင်နိုင်မှု စတာတွေကြောင့် အစိုးရအနေနဲ့ သတ်မှတ်ရေးသားတာမျိုး မဟုတ်ပါ။ NinjaStrikers «» ၁၅:၃၂၊ ၁ ဒီဇင်ဘာ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

ခင်ဗျား မြန်မာပြည်မှာ မဟုတ်ဘူး ထင်တယ်။ ည ဘက် လမ်းပေါ်မှာ အရက်သမားတွေ ရမ်းကားနေတာ ညမထွက်ရအမိန့်ကို မလိုက်နာလို့ပါ။ တော်တော်များများ လည်း မလိုက်နာပါဘူး Neyya Swan Yi (ဆွေးနွေး) ၁၅:၄၇၊ ၁ ဒီဇင်ဘာ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

စကစ ဥပဒေပြုရေးဟာ လေနဲ့ သာဖြစ်ပါတယ်။ မြေပြင်လိုက်နာသူ နည်းပါတယ်။ Neyya Swan Yi (ဆွေးနွေး) ၁၅:၅၅၊ ၁ ဒီဇင်ဘာ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

ခေါင်းစဥ်အမည်ကိုကန့်ကွက်ခြင်း[ပြင်ဆင်ရန်]

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဆိုတာဟာ စစ်တပ်ကိုဘက်လိုက်တဲ့ အမည်ဖြစ်ပါတယ်။ နာမည် ပြောင်းစေလိုပါတယ်။ အကြမ်းဖက် စစ်ကောင်စီဆိုတာဟာလည်း အရပ်ဘက်ကိုလိုက်တဲ့ နာမည်ဖြစ်တာကြောင့်မပြောင်းသင့်ပါဘူး။ wiki ရဲ့ ဘက်မလိုက်တဲ့မူအရဆိုရင် အာဏာသိမ်းစစ်ကောင်စီ ဆိုတဲ့ နာမည်ဟာ အသင့်တော်ဆုံး ဖြစ်ပါလိမ့်မယ်။

Neyya Swan Yi (ဆွေးနွေး) ၀၃:၃၁၊ ၁ ဒီဇင်ဘာ ၂၀၂၁ (UTC)Neyya Swan Yi[အကြောင်းပြန်ရန်]

The term "နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ" is an official name. NinjaStrikers «» ၀၈:၄၈၊ ၁ ဒီဇင်ဘာ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]
ကျုပ်ပြောခဲ့သလိုပါပဲ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဆိုတာဟာ စစ်တပ်ကိုဘက်လိုက်တဲ့ အမည်ဖြစ်ပါတယ်။
အကြမ်းဖက် စစ်ကောင်စီဆိုတာဟာလည်း အရပ်ဘက်ကိုလိုက်တဲ့ နာမည်ဖြစ်ပါတယ်။
wiki အနေနဲ့ ဘက်မလိုက်ဘူးဆိုရင်လည်း ကြားချတဲ့ အနေနဲ့ အာဏာသိမ်းစစ်ကောင်စီ ဆိုတာဟာ ဘက်မလိုက်ခြင်းပါပဲ။ Neyya Swan Yi (ဆွေးနွေး) ၀၉:၄၅၊ ၁ ဒီဇင်ဘာ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]