ဆွေးနွေးချက်:ဇီဝက

အခြားဘာသာစကားများဖြင့် စာမျက်နှာအကြောင်းအရာများကို ပံ့ပိုးမထားပါ။
ဝီကီပီးဒီးယား မှ

"ကုလပ္ပသာဒက" ဧတဒဂ်ဘွဲ့[ပြင်ဆင်ရန်]

"ကုလပ္ပသာဒက" ဧတဒဂ်ဘွဲ့ရတာက ကာဠုဒါယီ ဟုသာ ဆိုပါသည်။ ကိုးကားသော ပါဠိတော်ဖြစ်သည်_ ၂၂၅။ … ကုလပ္ပသာဒကာနံ ယဒိဒံ ကာဠုဒါယီ။

ဇီဝကသည် လူချစ်လူခင် အပေါများဆုံး၊ ကြည်ညိုသူ အများဆုံးဖြစ်သဖြင့် 'ကုလပ္ပသာဒက'တည်းဟူသော ဧတဒဂ်ဘွဲ့ ရသည်ဟု ပါဠိတော်၌မဆိုပါ။ ကိုးကားသော ပါဠိတော်ဖြစ်သည်_ ၂၅၆။ … ပုဂ္ဂလပ္ပသန္နာနံ ယဒိဒံ ဇီဝကော ကောမာရဘစ္စော။ ဟု အင်္ဂ္ဂုတ္တရနိကာယ ဧကကနိပါတ စာမျက်နှာ- ၂၇၊ ၆။ ဆဋ္ဌဝဂ္ဂေါ ၌ ဆိုသောကြောင့် - မြတ်စွာဘုရား၌ ပုဂ္ဂိုလ်စွဲအားဖြင့် ကြည်ညိုကုန်သော ဥပသကာတို့တွင် ဇီဝကသည် အမြတ်ဆုံး ဟုသာ ဆိုပါသည်။ — U Pandita (ဆွေးနွေးပံ့ပိုး) ၏ လက်မှတ်မရေးထိုးထားသော ဆွေးနွေးချက်။ ၀၁:၂၃၊ ၂၂ စက်တင်ဘာ ၂၀၂၃‎

@U Pandita: ဆွေးနွေးပေးတာ ကျေးဇူးပါအရှင်ဘုရား။ ၁၉၆၀ ထုတ် မြန်မာ့စွယ်စုံကျမ်း အတွဲ ၄ ၊ စာမျက်နှာ ၃၂၇ မှာ ဇီဝကဟာ ကုလပ္ပသာဒက ဧကဒဂ်ဘွဲ့ ရတယ်လို့ ဖော်ပြထားတာကို ကိုးကားပြီး ရေးထားတာပါ။ ဒီအတိုင်းဆို စွယ်စုံကျမ်းကပါ မှားနေတာနဲ့ တူပါတယ်။ NinjaStrikers «» ၁၅:၅၈၊ ၂၃ စက်တင်ဘာ ၂၀၂၃ (UTC)[အကြောင်းပြန်ရန်]