ဆွေးနွေးချက်:စစ်ဦးစီးမှူး

အခြားဘာသာစကားများဖြင့် စာမျက်နှာအကြောင်းအရာများကို ပံ့ပိုးမထားပါ။
ဝီကီပီးဒီးယား မှ

အကိုးအကားများ လိုအပ်သည့် ပြဿနာ[ပြင်ဆင်ရန်]

တပ်မတော် နဲ့ သက်ဆိုင်တဲ့ ဆောင်းပါးတွေမှာ လိုနေတဲ့ အကိုးအကားတွေက Internet ကနေ ရှာရတာ မလွယ်ပါဘူး။ မူရင်း hard copy ရှိမယ် ဆိုရင်တောင် upload လုပ်ခဲ့ရင်လည်း လျှို့ဝှက် စာရွက်စာတမ်းများ အက်ဥပဒေနဲ့ ညိစွန်းနိုင်ပါတယ်။ ဘယ်လို ဖြေရှင်းရမယ်ဆိုတာ ဆွေးနွေးပေးကြပါအုံး ခင်ဗျာ။ Pho Sai (ဆွေးနွေး) ၀၆:၃၉၊ ၁၉ ဩဂုတ် ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

တရားဝင်အားဖြင့်တော့ တရားဝင်ထုတ်ပြန်တာတွေ (ဥပမာ မြဝတီသတင်း၊ တပ်မတော်သတင်းမှန်ပြန်ကြားရေး ဝက်ဘ်ဆိုက်၊ သတင်းစာများမှ ကြေညာချက်များ) ကို သုံးနိုင်ပါတယ်. တရားမဝင်အကြံပေးရရင်တော့ Anonymous upload ရတဲ့ ဝက်ဘ်ဆိုက်တွေ ရှိပါတယ်. VPN သို့ TOR နဲ့ သွားပြီး upload တင်ပါ. ပြီးရင် အဲဒါကို မှီးတယ်ဆိုပြီး ရေးနိုင်ပါပြီ :B P0rnytail (ဆွေးနွေး) ၀၉:၄၀၊ ၁၉ ဩဂုတ် ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]
ဒီလိုမျိုး [မြို့တွင်းစစ်ဆင်ရေးစစ်နည်းဗျူဟာများ] တင်တာလား :3 — 74.82.60.151 (ဆွေးနွေး) ၏ လက်မှတ်မရေးထိုးထားသော ဆွေးနွေးချက်။ ၁၆:၄၄၊ ၁၉ ဩဂုတ် ၂၀၂၁‎
စစ်တပ်အကြောင်းမှ မဟုတ်ဘူးဗျ၊ ပြည်တွင်းဖြစ် သီချင်း၊ ရုပ်ရှင်၊ ဝတ္ထုတွေ ရေးချင်ရင်တောင်မှ source မယ်မယ်ရရမရှိဘူး၊ စစ်တပ်လို ဟာမျိုးကြ confidential ဖြစ်တော့ ပိုဆိုးပါတယ်။ မနေ့က ဖယ်လိုက်တာက ပတ်လည်ရိုက် ကိုးကားဖြစ်နေလို့ပါ။ ဒီဆောင်းပါးနဲ့ပတ်သက်ပြီး source မရသေးရင် ဒီအတိုင်းထားလိုက်ပါ၊ နောင် တစ်ယောက်ယောက် လာလုပ်ပါလိမ့်မယ် ။ (hole so. Lol). ဒီမှာ reliable မီဒီယာကဏ္ဍ အားနည်းတာပဲ အပြစ်တင်ရမယ်ထင်တယ်။ gossip site ကတော့ မှိုလိုပေါက်နေတယ်။ Aungookingofcelestials (ဆွေးနွေး) ၁၇:၂၄၊ ၁၉ ဩဂုတ် ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]
မြန်မာနဲ့ဆိုင်တဲ့ ဆောင်းပါးအများစုအတွက် စိစစ်နိုင်တဲ့ source က (အွန်လိုင်းမှာ) အတော်ကို ရှားပါတယ်။ ဒါတောင် နောက်ပိုင်းမီဒီယာတွေများလာတော့မှ ကိုးကားစရာတွေ ရလာတာ။ သတိထားမိကြလားတော့မသိဘူး။ တစ်စုံတစ်ဦးကွယ်လွန်ပြီဆိုမှ သူရဲ့ အတ္ထုပ္ပတ္တိကို မီဒီယာတွေကိုးကားပြီး ဝီကီမှာ ပြန်လာရေးရတာမျိုးတွေပေါ့။ ကိုးကားမပါတဲ့ အချက်အလက်တွေ ဖယ်ရှားခြင်းခံရမယ်ဆိုတဲ့ သတိပေးချက်ကတော့ မူဝါဒအရ ထည့်ထားတာပါ။ အကိုးအကားမပါတဲ့ အငြင်းပွားဖွယ်ရာ ဖော်ပြချက်တွေ၊ သက်ရှိပုဂ္ဂိုလ်အကြောင်း ဖော်ပြချက်တွေကလွဲလို့ ကျန်စောဒကတက်စရာမရှိတဲ့ စွယ်စုံကျမ်းဆိုင်ရာ အချက်အလက်တွေဆို ကိုးကားမပါပေမယ့်လဲ ဖယ်ရှားလိုက်တာမျိုး (အခုလောလောဆယ်အထိ) လုပ်လေ့တော့ မရှိသေးပါဘူး။ နောင်တစ်ချိန်မှာ တစ်ဦးဦးက ကိုးကားထည့်ပေးသွားလိမ့်မယ်လို့ မျှော်လင့်ပြီး ဒီအတိုင်းပဲ ထားထားပါတယ်။ အဲဒီတော့ တပ်မတော်ဆိုင်ရာဆောင်းပါးတွေမှာ အကိုးအကားမပါတာနဲ့ ပတ်သက်ပြီး အပေါ်က အစ်ကိုပြောသလိုပါပဲ။ အငြင်းပွားဖွယ်ရာမဟုတ်ရင်တော့ ဒီအတိုင်းသာ ထားလိုက်ပါ။ NinjaStrikers «» ၁၇:၄၃၊ ၁၉ ဩဂုတ် ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]
စလုံးရေ စ ဖို့ပဲ အရင် ကြိုးစားရမယ်နဲ့ တူပါတယ် ဗျာ။ ဆွေးနွေးပေးတဲ့အတွက် ကျေးဇူးပါ ဗျ! Pho Sai (ဆွေးနွေး) ၁၁:၁၉၊ ၂၀ ဩဂုတ် ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]