မာတိကာသို့ ခုန်သွားရန်

စစ်ဦးစီးစနစ်

ဝီကီပီးဒီးယား မှ

စစ်ဦးစီးမှူး (သို့) ဦးစီးအရာရှိ ဆိုသည်မှာ စစ်တပ်တစ်ခုတွက် ပြန်တမ်းဝင်အရာရှိများ (ဒုဗိုလ်မှအထက်) အားခန့်သစစ်ဦးစီးမှူး (သို့) ဦးစီးအရာရှိ ဆိုသည်မှာ စစ်တပ်တစ်ခုတွက် ပြန်တမ်းဝင်အရာရှိများ (ဒုဗိုလ်မှအထက်) အားခန့်‌အပ်သော‌‌ရာထူးဖြစ်ပြီး ၎င်းတို့သည် စစ်ဆင်ရေးတစ်ခု အမိန့်ပေးကွပ်ကဲမှူအတွက်အရေးပါသည်။ ၎င်းတို့အား စစ်ဦးစီး(ဦး)၊ စစ်‌ရေး (ရေး)၊ စစ်ထောက် (‌ထောက်) ဟု ဦး ရေး ထောက် ခွဲကာ တာဝန်ပေးလေ့ရှိသည်။ လက်ရှိ ကမ္ဘာ‌ပေါ် ရှိစစ်တပ်အသီးသီးတွင် အသုံးပြုများ‌သော စနစ် ၂ မျိး အကြမ်းဖျင်းအားဖြင့်ရှိသည်။ Continental Staff System နှင့် Commonwealth Staff System ဟုခေါ်ဆိုကြသည်။ မြန်မာ့ပါးစပ်ဖြင့် အလွယ်ပြောပါက အမေရိကန်စနစ် နှင့် အဂ်လိပ်စနစ်ဟု ‌‌‌ဖြစ်ပေလိမ့်မည်။

Continental Staff System (အမေရိကန်စနစ်)[ပြင်ဆင်ရန်]

အမေရိကန်စနစ်သည် ကျွန်ုပ်တို့ မြန်မာနိုင်ငံနှင့် မရင်းနှီးပါ။ အမေရိကန်စနစ်ကို အမေရိကန်ပြည်ထောင်စုနှင့် NATO အဖွဲ့ဝင်နိုင်ငံအများစုတွင်အသုံးပြုကြည်သည်။ မြန်မာနိုင်ငံရှိ လက်နက်ကိုင် အဖွဲ့အစည်းများ (စစ်တပ် နှင့် ‌‌တော်လှန်ရေးတပ်ဖွဲ့များ) တွင်အသုံးပြုလေ့ရှိသော စနစ်မဟုတ်ပါ။ အမေရိကန် စနစ်တွင် ဦး ‌ရေး ‌ထောက် ၃မျိုးမခွဲပဲ ၁,၂,၃,၄,၅,၆,၇,၈,၉ ဟုခွဲသည်။ ၁,၂,၃,၄,၅,၆,၇,၈,၉ ဆိုသည်မှာ ၎င်းတို့ လုပ်ငန်းတာဝန်ကို ရည်ရွယ်ခြင်းဖြစ်ပြီး ၁ သည် ၂ ထက်ပို ရာထူးမကြီးပါ။

၁ ဆိုသည်မှာ လူအင်အား

၂ ဆိုသည်မှာ ထောက်လှမ်းရေး

၃ ဆိုသည်မှာ စစ်ဆင်ရေး

၄ ဆိုသည်မှာ စစ်ထောက်

၅ ဆိုသည်မှာ အစီအစဉ်

၆ ဆိုသည်မှာ အချက်ပြဆက်သွယ်ရေး

၇ ဆိုသည်မှာ စစ်ပညာနှင့်လေ့ကျင့်ရေး

၈ ဆိုသည်မှာ ‌လစာ/‌ဘတ်ဂျက်စီမံကွပ်ကဲရေး‌

၉ ဆိုသည်မှာ ပြည်သူ့ဆက်ဆံရေး

ဟုဖြစ်သည်။


၁,၂,၃ စသည်တို့ရှေ့တွင် ၎င်းတို့ မည်သည့်တပ်ဆိုသည်ကို ‌ောက်ပါအတိုင်းထည့်ကြသည်

A ဆိုသည်မှာ လေတပ်

C ဆိုသည်မှာ နိုင်ငံတကာပူးပေါင်းဌာနချူပ်

F ဆိုသည်မှာ ရွေ့လျှားဌာနချုပ်

G ဆိုသည်မှာ ကြည်းတပ်ဌာနချုပ် (နည်းဗျူဟာအဖွဲ့/တပ်မဟာ အဆင့်အထက်) ဥပမာ G2 ဆိုသည်မှာ ကြည်းတပ်ထောက်လှမ်း‌ရေး စစ်ဦးစီးမှူး)

J ဆိုသည်မှာ ကြည်း၊ရေ၊လေပူးပေါင်းဌာနချုပ် (ဥပမာ J1 ဆိုသည်မှာ ကြည်း၊ရေ၊လေ လူအင်အား စစ်ဦးစီးမှူး)

N ဆိုသည်မှာ ရေတပ်

S ဆိုသည်မှာ ကြည်းတပ်နှင့်ကမ်းတက်တပ်တို့တွင် တပ်ရင်းနှင့်နည်းဗျူဟာအဖွဲ့/တပ်မဟာ ဌာနချုပ် (ဥပမာ S2 ဆိုသည်မှာ ‌ောက်လှမ်း‌ေး (G2 ထက်အဆင့်နိမ့်သည်))

U ဆိုသည်မှာ ကုလသမ္မဂ

CG ဆိုသည်မှာ ကမ်းစောင့်တပ်

Commonwealth Staff System (အဂ်လိပ်စနစ်)[ပြင်ဆင်ရန်]

အဂ်လိပ်စနစ်သည် ကျွန်ုပ်တို့ မြန်မာနိုင်ငံနှင့် ရင်းနှီးသည်။ စစ်တပ် နှင့် ‌‌တော်လှန်ရေးတပ်ဖွဲ့များစွာတွင် အသုံးပြုသော စစ်ဦးစီး (G) စစ်‌‌ရေး (A) စစ်‌ထောက် (Q) စနစ်ဖြစ်သည်။ Commonwealth နိုင်ငံအများစုတွင်လည်းအသုံးပြုလျှက်ရှိသည်။ အဂ်လန်တွင် ၎င်းစနစ်ကို ၁၉၈၄ခုနှစ်ထိအသုံးပြုခဲ့သည်။ သို့သော် ၎င်း မဟာမိတ်များဖြစ်သော NATO နိုင်ငံများနှင့် သိပ်ကို်က်ညီမှုမရှိသဖြင့် ၁၉၈၄‌ နောက်တွင် Continental Staff System သို့ ‌ပြောင်းလဲခဲ့သည်။

စစ်ဦးစီး (G): စစ်ဦးစီး (ဦး) သည် စစ်ဆင်ရေး၊ထောက်လှမ်းရေးနှင့် လေ့ကျင့်ရေးတို့အတွက်တာဝန်ရှိသည်။

စစ်ရေး (A): စစ်ရေး (‌ရေး) သည် လူသားအရင်းအမြစ်နှင့် အချို့သော အုပ်ချုပ်‌ရေး များအတွက် တာဝန်ရှိသည်။

စစ်ထောက် (Q): စစ်ထောက် (ထောက်) သည် စစ်လက်နက်၊ရိက္ခာနှင့်သယ်ယူပို့ဆောင်ရေးတို့အတွက်တာဝန်ရှိသည်။


အဂ်လန်တွင်တော့ A, G, Q မှာ စစ်ဦးစီးမှူးများအား GSO I, GSO II, GSO III ဟုသာ‌ေါ်သည်။

မြန်မာတွင်တော့ စစ်ဦးစီးဌာန (G) မှအရာရှိများကို GSO I, GSO II, GSO III ဟုခေါ်သည်။ စစ်ရေးဌာန (A) မှ အရာရှိများကို ASO I, ASO II, ASO III ဟုခေါ်ပြီး စစ်ထောက်ဌာန (Q) မှ အရာရှိများကို QSO I, QSO II, QSO III ဟု A, G, Q ခွဲကာ‌‌ခေါ်သည်။ G1, G2,G3, A1, A2, A3, Q1, Q2, Q3 ဟုခွဲကာခေါ်သောလည်း မြန်မာလို့ဘာသာပြန်ပါက စစ်ဦးစီးမှူး ဟုသာပါဖြစ်သည်။

စစ်ဦးစီး (G)[ပြင်ဆင်ရန်]

စစ်ဦးစီးဌာန (G) တွင် အရာရှိများအား အောက်ပါအတိုင်း တာဝန်ပေးအပ်လေ့ရှိသည်။

စစ်ဦးစီးမှူး/ဦးစီးအရာရှိ (ပထမတန်း) (သို့) G1: အဂ်လိပ်လို General Officer (Grade 1)/GSO I ဟုခေါ်ပြီး ဂျီဝမ်း သည် ဒုဗိုလ်မှူးကြီး အဆင့်ရှိသူ တစ်ဦးဖြစ်သည်။

စစ်ဦးစီးမှူး/ဦးစီးအရာရှိ (ဒုတိယတန်း) (သို့) G2: အဂ်လိပ်လို General Staff Officer (Grade 2)/GSO II ဟုခေါ်ပြီး ဂျီတူး သည် ဗိုလ်မှူး အဆင့်ရှိသူ တစ်ဦးဖြစ်သည်။

စစ်ဦးစီးမှူး/ဦးစီးအရာရှိ (တတိယတန်း) (သို့) G3: အဂ်လိပ်လို General Staff Officer (Grade 3)/GSO III ဟုခေါ်ပြီး ဂျီသရီး သည် ဗိုလ်ကြီး အဆင့်ရှိသူ တစ်ဦးဖြစ်သည်။

စစ်ရေး (A)[ပြင်ဆင်ရန်]

စစ်ရေးဌာန (A) တွင် အရာရှိများအား အောက်ပါအတိုင်းတာဝန်ပေးအပ်လေ့ရှိသည်။

စစ်ဦးစီးမှူး/ဦးစီးအရာရှိ (ပထမတန်း) (သို့) A1: အဂ်လိပ်လို Adjutant Staff Officer (Grade 1)/ASO I ဟုခေါ်ပြီး အေဝမ်း သည် ဒုဗိုလ်မှူးကြီး အဆင့်ရှိသူတစ်ဦးဖြစ်သည်။

စစ်ဦးစီးမှူး/ဦးစီးအရာရှိ (ဒုတိယတန်း) (သို့) A2: အဂ်လိပ်လို့ Adjutant Staff Officer (Grade 2)/ASO II ဟုခေါ်ပြီး အေတူး သည် ဗိုလ်မှူး အဆင့်ရှိသူ တစ်ဦးဖြစ်သည်။

စစ်ဦးစီးမှူး/ဦးစီးအရာရှိ (တတိယတန်း) (သို့) A3: အဂ်လိပ်လို Adjutant Staff Officer (Grade 3)/ASO III ဟုခေါ်ပြီး အေသရီး သည် ဗိုလ်ကြီး အဆင့်ရှိသူတစ်ဦးဖြစ်သည်။

စစ်ထောက် (Q)[ပြင်ဆင်ရန်]

စစ်ထောက်ဌာန (Q) တွင် အရာရှိများအား အောက်ပါအတိုင်းတာဝန်ပေးအပ်လေ့ရှိသည်။

စစ်ဦးစီးမှူး/ဦးစီးအရာရှိ (ပထမတန်း) (သို့) Q1: အဂ်လိပ်လို Quartermaster Staff Officer (Grade 1)/QSO I ဟုခေါ်ပြီး ကျူဝမ်း သည် ဒုဗိုလ်မှူးကြီး အဆင့်ရှိသူတစ်ဦးဖြစ်သည်။

စစ်ဦးစီးမှူး/ဦးစီးအရာရှိ (ဒုတိယတန်း) (သို့) Q2: အဂ်လိပ်လို့ Quartermaster Staff Officer (Grade 2)/QSO II ဟုခေါ်ပြီး ကျူတူး သည် ဗိုလ်မှူး အဆင့်ရှိသူ တစ်ဦးဖြစ်သည်။

စစ်ဦးစီးမှူး/ဦးစီးအရာရှိ (တတိယတန်း) (သို့) Q3: အဂ်လိပ်လို Quartermaster Staff Officer (Grade 3)/QSO III ဟုခေါ်ပြီး ကျူသရီး သည် ဗိုလ်ကြီး အဆင့်ရှိသူတစ်ဦးဖြစ်သည်။

Commonwealth Staff System (အဂ်လိပ်စနစ်) ဌာနချုပ်အဆင့်ဆင့်ဖွဲ့စည်းပုံ[ပြင်ဆင်ရန်]

ဖွဲ့စည်းပုံများ အကြမ်းဖျင်းမှာ အောက်ပါအတိုင်းပင်ဖြစ်သည်။ တပ်မဟာ/နည်းဗျူဟာအဖွဲ့အဆင့်ဖြင့်စပါမည်။

တပ်မဟာ (Brigade)/နည်းဗျူဟာအဖွဲ့ (Tactical Operation Command) အဆင့် ဌာနချုပ်ဖွဲ့စည်းပုံ[ပြင်ဆင်ရန်]

တပ်မဟာ (Brigade) အဆင့် ဌာနချုပ်ဖွဲ့စည်းပုံ[ပြင်ဆင်ရန်]

တပ်မဟာအဆင့်တွင် စစ်ဦးစီးအဖွဲ့အား ဦး ရေး ထောက် ခွဲလေ့သိပ်မရှိဘဲ ဦး (G)ကိုခွဲထားပြီး ရေး (A) နှင့် ထောက် (Q) ကိုပေါင်းက ရေးထောက် (AQ) ဟုပေါင်းထားလေ့ရှိသည်။ AQ ဌာနအား deputy assistant adjutant and quartermaster general (DAA&QMG) အဖြစ် ဗိုလ်မှူးအဆင့်မှာ ကွပ်ကဲသည်။ G ဌာနကိုလဲ တပ်မဟာဗိုလ်မှူး, Brigadier Major, အဖြစ် ဗိုလ်မှူးအဆင့်မှကွပ်ကဲသည်။ တပ်မဟာမှူးအဖြစ် ဗိုလ်မှူးချုပ်ကို ခန့်အပ်လေ့ရှိသည်။ တပ်မဟာ များကို မြန်မာနိုင်ငံတွင် KIA, KNU, TNLA, MNDAA စသော တော်လှန်ရေးတပ်များမှ ဖွဲ့စည်းကြသည်။ တပ်မဟာများကိုအသုံးပြသော တပ်များတွင် ပင်မစစ်ထွက်တပ်များမှာ တပ်မဟာများပင်ဖြစ်သည်။ စစ်ထွက်ပါက တပ်မဟာတစ်ခုလုံး စစ်တိုက်ထွက်ရပါသည်။ တပ်ရင်းတစ်ရင်းတည်းထွက်မရပါ။ တပ်မဟာမှူးလက်အောက်ခံတပ် များသည်။

တပ်မဟာမှူးအဖြစ် ဗိုလ်မှူးချုပ်

စစ်ဦးစီးအဖွဲ့ (G)[ပြင်ဆင်ရန်]

စစ်ဦးစီးအဖွဲ့ကို အောက်ပါအတိုင်းဖွဲ့စည်းလေ့ရှိသည်။ စစ်ဦးစီးအဖွဲ့ကို တပ်မဟာဗိုလ်မှူး အဆင့် ဂျီတူး ကွပ်ကဲပြီး လက်ထောက်၊စစ်ဆင်ရေး၊‌ထောက်လှမ်းရေး၊ဆက်ဆံရေး တို့အား ဗိုလ်ကြီးအဆင့် ဂျီသရီး တို့မှ ကွပ်ကဲသည်။

တပ်မဟာဗိုလ်မှူး အဖြစ် ဗိုလ်မှူးအဆင့်အရာရှိ (သို့) ဂျီတူး

တပ်မဟာဗိုလ်မှူးလက်ထောက်အဖြစ် ဗိုလ်ကြီးအဆင့်အရာရှိ (သို့) ဂျီသရီး

စစ်ဆင်ရေးအရာရှိအဖြစ် ဗိုလ်ကြီးအဆင့်အရာရှိ (သို့) ဂျီသရီး (စစ်ဆင်ရေးအရာရှိအဖြစ် ဂျီသရီးကို အတွေ့အကြုံအများဆုံးရှိသော ဗိုလ်ကြီးအား‌ေးအပ်လေ့ရှိသည်)

ထောက်လှမ်းရေးအရာရှိအဖြစ် ဗိုလ်ကြီးအဆင့်အရာရှိ (သို့) ဂျီသရီး

ဆက်ဆံရေးအရာရှိအဖြစ် ဗိုလ်ကြီးအဆင့်အရာရှိ (သို့) ဂျီသရီး

လေကြောင်းညှိနှိုင်းရေးအရာရှိအဖြစ် ဗိုလ်ကြီးအဆင့်အရာရှိ (သို့) ဂျီသရီး

ရေး‌ထောက်အဖွဲ့ (AQ)[ပြင်ဆင်ရန်]

ရေးထောက်အဖွဲ့ ကို ရေးထောက်ဗိုလ်မှူး အဆင့် ဂျီတူး ကွပ်ကဲပြီး ရေးကို ဗိုလ်ကြီးအဆင့် ဂျီသရီး ထောက်ကိုလဲ ဗိုလ်ကြီးအဆင့် ဂျီသရီး ကွပ်ကဲသည်။

စစ်ရေး (A)[ပြင်ဆင်ရန်]

စစ်ရေးဌာနသည် ရာထူးတိုးခြင်း ဆုချီးမြှင်ခြင်း ဆေး, စစ်ရဲ စသည်တို့အတွက်တာဝန်ရှိပြီး ဗိုလ်ကြီးအဆင့် ဂျီသရီး ၂ယောက် ၃‌ယောက်ရှိလေ့ရှိပြီး နောက်ထပ် ဗိုလ်ကြီးအဆင့်ရှိသူ ဂျီသရီးမှ ဦးစီးသည်။

စစ်ထောက် (Q)[ပြင်ဆင်ရန်]

စစ်ထောက်ဌာနသည် ရိက္ခာ၊ပို့ဆောင်ရေး၊စစ်ဝတ် သည်တို့အတွက်တာဝန်ရှိပြီး ဗိုလ်ကြီးအဆင့်ရှိ ဂျီသရီး မှာကွပ်ကဲရသည်။ ၎င်းလက်အောက်မှလဲ ဗိုလ်ကြီးအဆင့် ဂျီသရီး များပင်ဖြစ်သည်။

တပ်မဟာ ရိက္ခာနှင့် သယ်ယူပို့ဆောင်ရေး အရာရှိအဖြစ် ဗိုလ်ကြီးအဆင့်ရှိ ဂျီသရီး

တပ်မဟာ စစ်လက်နက် အရာရှိအဖြစ် ဗိုလ်ကြီးအဆင့်ရှိ ဂျီသရီး

တပ်မဟာ လျှပ်စစ်နှင့်စက်မှုအင်ဂျင်နီယာ အရာရှိအဖြစ် ဗိုလ်ကြီးအဆင့်ရှိ ဂျီသရီး

နည်းဗျူဟာအဖွဲ့ (Tactical Operation Command) ဌာနချုပ်ဖွဲ့စည်းပုံ[ပြင်ဆင်ရန်]

နည်းဗျူဟာအဖွဲ့သည်လည်း စစ်ဦးစီးအဖွဲ့ (G) နှင့် ရေးထောက်အဖွဲ့(AQ) ဟုခွဲဖွဲ့ထားသော်လည်း ဌာနချုပ်ဖွဲ့စည်းပုံမှာ အလွန်ရိုးရှင်းသည်။ အဘယ့်ကြောင့်ဆိုသော် နည်းဗျူဟာအဖွဲ့ အသုံးပြုသောတပ်များတွင် ပင်မတိုက်ခိုက်ရေးတပ်များမှာ တပ်ရင်းများဖြစ်ကြပြီး နည်းဗျူဟာအဖွဲ့က ကွပ်ကဲမှူအပိုင်းကိုသာပို အာရုံစိုက်ကြသည်။ ဌာနချုပ်ကို အရာရှိ ၄ ယောက် အခြားအဆင့် ၄ ယောက်ဖြင့်သာဖွဲ့စည်းသည်။ နည်းဗျူဟာအဖွဲ့များကို စစ်တပ်၊ပြည်သူ့ကာကွယ်ရေးတပ်မတော် (သို့) PDF နှင့် ၎င်း အဖွဲ့များစွာကအသုံးပြုလေ့ရှိသည် (ဥပမာ KNDF အမှတ် (၇) နည်းဗျူဟာအဖွဲ့)။ တိုက်ခိုက်ရေးအင်အားများမှာ လက်အောက်ခံတပ်ရင်းများတွင်အပြည့်ရှိပြီး စစ်တိုက်ထွက်ပါ တပ်ရင်းများအကုန်လုံး စစ်မထွက်ပဲ တချို့တစ်ဝက်သာ စစ်ထွက်လည်းအဆင်ပြေပါသည် အဘယ့်ကြောင့်ဆိုသော် တပ်ရင်းတစ်ရင်းသည် စစ်ဆင်ရေးအာဏာအပြည့်ရှိပြီး တပ်မဟာများလက်အောက်တပ်ရင်းများကဲ့သို့ အထက်မှ အကူအညီမလိုပါ။ ဥပမာ နည်းဗျူဟာအင်ဂျင်နီယာအဖွဲ့ဟုမရှိပါ။ တပ်ရင်းများတွင် ကိုယ်ပိုင် စစ်အင်ဂျင်နီယာတပ်စုများရှိကြပါသည်။ နည်းဗျူဟာကွပ်ကဲမှု အဖွဲ့တွင် ဗျူဟာမှူးနှင့်ရုံးသာ ပါဝင်သည်။

နည်းဗျူဟာကွပ်ကဲမှုအဖွဲ့[ပြင်ဆင်ရန်]

ဗျူဟာမှူး အဖြစ် ဗိုလ်မှူးကြီး

ညှိနှိုင်းကွပ်ကဲရေးမှုူအဖြစ် ဗိုလ်မှူးအဆင့်ရှိ ဂျီတူး (Brigadier Major နှင့် သဘောသဘာဝအတူတူလောက်ပင်ဖြစ်ပါသည်)

စစ်ဦးစီးအရာရှိ (G) အဖြစ် ဗိုလ်ကြီးအဆင့်ရှိ ဂျီသရီး

ရေး/ထောက်အရာရှိ (AQ) အဖြစ် ဗိုလ်ကြီးအဆင့်ရှိ ဂျီသရီး

တပ်ကြပ်ကြီး (စာရေး) ၄ဦး


ကွဲပြားမှူများ[ပြင်ဆင်ရန်]

စနစ်နှစ်ခု အထိကကွဲပြားပုံမှာ စစ်ဦးစီးမှူး/ဦးစီးအရာရှိ များနှင့် တပ်မှူးများ အာဏာရမှူအဓိကကွဲပြားသည်။

အမေရိကန်စနစ်တွင် များ‌‌သေသေားဖြင့် စစ်ဦးစီးမှူး/ဦးစီးအရာရှိများသည် တပ်မှူးများထက် ပိုရာထူးကြီးသည်။ ဥပမာ တပ်ရင်းတစ်ရင်း တွင် S2 ထောက်လှမ်းရေးအရာရှိနှင့် S3 စစ်ဆင်ရေးအရာရှိသည် ဗိုလ်မှူးတစ်ဦးဖြစ်ပြီး တပ်ခွဲမှူးတစ်ဦးမှာ ဗိုလ်ကြီးဖြစ်သည် အတွက် စစ်ဦးစီးမှူးများက တပ်မှူးများထက်ပိုရာထူးကြီး‌သည်

အဂ်လိပ်စနစ်တွင် ပြောင်းပြန်ဖြစ်သည်။ တပ်မှူးများက စစ်ဦးစီးမှူးများထက် ပိုရာထူးကြီးသည်။ ဥပမာ တပ်ရင်းတစ်ရင်းတွင် Battalion Adjutant/Regimental Adjutant တပ်ရေးဗိုလ်ကြီး နှင့် Battalion Quartermaster/Regimental Quartermaster တပ်ထောက်ဗိုလ်ကြီးတို့သည့် ဗိုလ်ကြီးများဖြစ်ကြပြီး တပ်ခွဲမှူးများမှာ ဗိုလ်မှူးများဖြစ်သည်အတွက် တပ်မှူးများက စစ်ဦးစီးမှူးများထက်ပိုရာထူးကြီး‌လေသည်။