ဆွေးနွေးချက်:စကြာသီဟစေတီတော်

အခြားဘာသာစကားများဖြင့် စာမျက်နှာအကြောင်းအရာများကို ပံ့ပိုးမထားပါ။
ဝီကီပီးဒီးယား မှ

ကိုခင်မောင်မောင်လွင်ရေးတာဒီဘုရားဖြစ်မယ်ဗျ > မဟာသကျသီဟ ရုပ်ပွားတော် ; အဲဒီဆောင်းပါးက ရုပ်ပွားတော် ခေါင်းစဉ်တပ်ရေးတာဆိုတော့ ဘုရား(စေတီ) ကို ထပ်ရေးလို့ရ/မရတော့ မသိဘူး။ Enwiki ဘက်လည်း ကျွန်တော်ကြည့်တော့ ၁၉၁၀ ထုတ် eng စာအုပ် နေကိုးကားယူထားတော့ အဲဒီခေတ်က အဲ့နာမည်ခေါ်လားတောင်မသိဘူး။ လက်ရှိဘုရားမုခ်ဦးမှာ 'မဟာသကျသီဟဘုရား' လို့ရေးထားလို့ပါ။ ပထမပုံ တွင်တွေ့နိုင်။ Aungookingofcelestials (ဆွေးနွေး) ၀၂:၀၂၊ ၂ စက်တင်ဘာ ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]

@Aungookingofcelestials:ဟုတ်တယ်အစ်ကို။ သမိုင်းကြောင်းတွေကတော့ တူတယ်။ @Ninjastrikers: ကြည့်ပေးပါအုံး။ ခင်မောင်မောင်လွင် (ဆွေးနွေး) ၀၂:၅၇၊ ၂ စက်တင်ဘာ ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]
မန္တလေးက ကို@Mayor mt: ကိုပဲ ခေါ်မေးတော့မယ်။ အစ်ကိုရေ ဆောင်းပါးနှစ်ခုက တစ်နေရာတည်း ဟုတ်မဟုတ် ကြည့်ပေးပါဦး။ NinjaStrikers «» ၀၃:၀၃၊ ၂ စက်တင်ဘာ ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]
နေရာကတော့အတူတူပဲဗျ၊ ဈေးချိုတောင်ဘက် ၃၀*၃၁ & ၈၅*၈၆ ကြား၊ ပြည်ကျော်ဈေးအရှေ့ တစ်ပြလောက်မှာ၊ ဟိုဟိုသည်သည် ရှာကြည့်တော့ နိုင်ငံခြားဘက်ကရေးတဲ့ travel guide တို့ ဘာတို့မှာ Setkyathiha သုံးကြပြီး၊ myanmar based english website တွေက Thakya Thiha ရေးကြတာများတယ်။ အသံမဖလှယ်ဘဲ ပါဠိပုံစံ အက္ခရာဖလှယ်လို့ မှားကြတာလားမသိဘူး၊ အဲ့မှာနေတဲ့ ကျွန်တော်တို့ကိုယ်တိုင်တောင် တခါတလေ စကြာသီဟဘုရား ဆိုပြီး အလွယ်ခေါ်တတ်ကြတာလည်းရှိတယ်။ ဒေါက်တာမောင်မောင်ရေးတဲ့ စာအုပ်မှာတောင် Setkyathiha ဆိုပြီးသုံးထားသေးတယ်၊ ကိုမေယာmt ရဲ့ confirm ဖြစ်မှဘဲ ဆက်လုပ်တာကောင်းပါတယ်။
  • Robert H Taylor (2008)။ Dr Maung Maung: Gentleman, Scholar, Patriot။ Institute of Southeast Asian Studies။ pp. 324–။ ISBN 978-981-230-409-4 Aungookingofcelestials (ဆွေးနွေး) ၀၈:၃၁၊ ၂ စက်တင်ဘာ ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]