ဆွေးနွေးချက်:ကျောရိုးမဲ့သတ္တဝါ

အခြားဘာသာစကားများဖြင့် စာမျက်နှာအကြောင်းအရာများကို ပံ့ပိုးမထားပါ။
ဝီကီပီးဒီးယား မှ

ခေါင်းစဉ် နှင့် အကြောင်းအရာ ကွဲလွဲနေခြင်း[ပြင်ဆင်ရန်]

Sir @Dr Lotus Black & Sir @Ninjastrikers,

ဒီ ‘ကျောရိုးမဲ့သတ္တဝါ (Invertebrate)’ ဆောင်းပါးထဲက အကြောင်းအရာက ‘ခြေဆစ်များသတ္တဝါ (Arthropod)’ အကြောင်းအရာဖြစ်နေတယ်ထင်ပါတယ်။ ခေါင်းစဉ်ကို မရွှေ့တော့ပဲ “ခြေဆစ်များသတ္တဝါ (သို့) ခြေဆစ်များတိရစ္ဆာန်” တခုခု ဒါမှမဟုတ် ဒီထပ်ပိုကောင်းတာလေးရွေးပြီး ခေါင်းစဉ်တပ်ဖို့ ပြီး ဘာသာပြန်ပေးပါ့မယ်၊ ဘယ်လိုသဘောရလဲဆိုတာလေး သိချင်ပါတယ်။ ဘာလို့လဲဆိုတော့ Invertebrate က Vertebrata ထက် ပို ကျယ်ပြန်ပြီး ရှုပ်ထွေးတော့ Intro လောက်ပဲ လုပ်ပေးနိုင်မှာ။

ပြီးတော့ ဒီ Template:Paraphyletic group တမ်းပလိတ်လေး မြန်မာဝီကီမှာ သုံးချင်ပါတယ်။ တချို့ တိရိစ္ဆာန်တွေရဲ့ အရပ်သုံး အခေါ်အဝေါ် အမည်နဲ့ ဆောင်းပါးတွေမှာ အဲ့ဒီ နာမည်နဲ့ အကျုံးဝင်တဲ့ တိရစ္ဆာန်တွေက Taxonomy အရကြတော့ ဆင်းသက်လာတာချင်းမတူလို့ Automatic Taxobox တွေက အဆင်မပြေတော့လို့ပါ။ ဥပမာ- ငန်းမြွေ ဆို အရပ်သုံးစကားမှာ အကျုံးဝင်တဲ့ ငန်းပုပ်တို့ ငန်းစောင်းတို့ကြတော့ တတွဲထဲ ခေါ်မရတော့လို့ပါ။ စာအရှည်ကြီးဖတ်ပေးတဲ့အတွက် ကျေးဇူးပါ။ Pho Sai (ဆွေးနွေး) ၁၂:၄၅၊ ၄ အောက်တိုဘာ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]

ကျွန်တော်က ဒီနယ်ပယ်မှာ စိတ်ဝင်စားမှုအားနည်း၊ အကျွမ်းတဝင်လည်း သိပ်မရှိလှသမို့ မှားနေတယ်ဆိုရင် ပြန်ပြင်ရေးတာကို ထောက်ခံအားပေးပါတယ်။ ဘရိုပြောသလို လက်ရှိဆောင်းပါးကို ‘ခြေဆစ်များသတ္တဝါ ဖြစ်အောင် ပြန်ရေးပြီး၊ ‘ကျောရိုးမဲ့သတ္တဝါ အတွက် သီးသန့် ပြန်ရေးမယ်ဆိုရင် ခေါင်းစဉ်က လွဲနေမလားမသိဘူး သိပ်မရှင်းလို့။ Dr Lotus Black (ဆွေးနွေး) ၁၃:၀၃၊ ၄ အောက်တိုဘာ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]
အဲ့လိုမဟုတ်ဘူး ဆရာ@Dr Lotus Black ။ ကျွန်တော်ဆိုလိုတာက -
(၁) ဒီဆောင်းပါးက Invertebrate ကနေ ဘာသာပြန်မှာကို Intro လောက်ပဲ ရေးနိုင်မှာလို့ ပြောချင်တာ။
(၂) ဒီဆောင်းပါးမှာ အခုလက်ရှိပါနေတဲ့ Arthropod- ခြေဆစ်များသတ္တဝါ အကြောင်းအရာကို ဆောင်းပါးအသစ် အနေနဲ့ ဘာသာပြန်ပြီး ထပ်ရေးမယ်၊ ပြီးတော့ ခေါင်းစဉ်က အဲ့ "ခြေဆစ်များသတ္တဝါ" ခေါင်းစဥ်နဲ့ အစဉ်ပြေမလားဆိုတာရယ် မေးတာပါ။
(၃) အင်္ဂလိပ် ဝီကီပီးဒီးယားက Template:Paraphyletic group တမ်းပလိတ်လေးကို ဒီဘက်မှာလည်း လုပ်ပေးပါလို့။ အဲ့တာကြတော့ ဘာသာပြန်ရုံနဲ့ မရလို့။
အဲ့ သုံးခု ပြောချင်တာ။ နည်းနည်းရှုပ်သွားတယ် ပြောချင်ဇောနဲ့ ဖြစ်သွားလို့။
Pho Sai (ဆွေးနွေး) ၁၄:၂၂၊ ၄ အောက်တိုဘာ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]
ဘရို အဆင်ပြေသလို အရင် ရေးထားကြည့်ပါဗျ၊ တမ်းပလိတ်ကိုတော့ Sir @Ninjastrikers လုပ်ပေးတာ ပိုကောင်းပါလိမ့်မယ်ထင်တယ်ဗျ။ ကျွန်တော်က Taxonomy ဝေါဟာရ သိပ်နားမလည်လို့။ Dr Lotus Black (ဆွေးနွေး) ၁၄:၅၆၊ ၄ အောက်တိုဘာ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]
ဟုတ်ကဲ့ လုပ်ထားလိုက်မယ်။ NinjaStrikers «» ၁၅:၅၁၊ ၄ အောက်တိုဘာ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]
တမ်းပလိတ်က လောက နဲ့ မျိုးပေါင်းစုကြားမှာ အတော်ဟနေတယ်။ ဘယ်နားမှာလွဲနေလဲ ပြန်ရှာရဦးမယ်။ NinjaStrikers «» ၁၄:၁၈၊ ၅ အောက်တိုဘာ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]
Taxa Rank တွေလား ? Pho Sai (ဆွေးနွေး) ၁၄:၂၅၊ ၅ အောက်တိုဘာ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]