ဆူလူပင်လယ်
ဆူလူပင်လယ် | |
---|---|
ကိုဩဒိနိတ် | 8°N 120°E / 8°N 120°Eကိုဩဒိနိတ်: 8°N 120°E / 8°N 120°E |
အမျိုးအစား | ပင်လယ် |
ဝေါဟာရသမိုင်း | ဆူလူ |
ရေချိုင့်ဝှမ်းရှိရာ နိုင်ငံများ | မလေးရှား နှင့် ဖိလစ်ပိုင်နိုင်ငံ |
မျက်နှာပြင် ဧရိယာ | ၂၆၀,၀၀၀ စတုရန်း ကီလိုမီတာ (၁၀၀,၀၀၀ စတုရန်းမိုင်) |
အနီးရှိမြို့များ |
ဆူလူပင်လယ်သည် ပစိဖိတ်သမုဒ္ဒရာ၏ မြောက်ဘက်ခြမ်း၊ ဖိလစ်ပိုင်နိုင်ငံ၏ အနောက်တောင်ဘက်တွင် ရှိသည်။ ပလဝမ်ကျွန်းစုက အနောက်မြောက်ဘက်မှနေကာ ဆူလူပင်လယ်ကို တောင်တရုတ်ပင်လယ်နှင့် ခွဲထားသည်။[၁] အရှေ့တောင်ဘက်၌ ဆူလူကျွန်းစုက ဆယ်လဘိပင်လယ်နှင့်ပိုင်းခြားရန် တာဝန်ယူသည်။[၂] အနောက်တောင်ဘက်၌ ဘော်နီရိုကျွန်းရှိပြီး အရှေ့မြောက်ဘက်၌ ဝိစာရကျွန်းစုရှိသည်။ ပလဝမ်ကျွန်းစု၊ ဆူလူကျွန်းစုတို့မှာ ဖိလစ်ပိုင်မြေများဖြစ်ပြီး ဘော်နီရိုကျွန်းကြီးမှာ အင်ဒိုနီးရှားပိုင်ဖြစ်သည်။
ဆူလူပင်လယ်၌ ကျွန်းငယ်များစွာရှိပြီး ကျူရိုးကျွန်းငယ်များနှင့်[၃][၄] ကာဂယံကျွန်းငယ်များမှာ ပလဝမ်ပြည်နယ်လက်အောက်ခံဖြစ်သည်။ မပန်နှင့်[၅] လိပ်ကျွန်းစုမှာမူ တာဝီတာဝီပြည်နယ်ဝင် ဖြစ်သည်။[၆] ဆူလူပင်လယ်ရှိ တဘ္ဘတဟကျောက်တန်း အမျိုးသားရေအောက်ဥယျာဉ်မှာ ကမ္ဘာ့အမွေအနှစ်ဝင်နယ်မြေဖြစ်လေသည်။[၇]
ဂိုင်မရကျွန်းစုနှင့် ပနေကျွန်းစုကြားရှိ အီလွိုင်လိုရေလက်ကြား၊ မင်းဒနောင်ကျွန်းနှင့် ဘစိလန်ကျွန်းတို့အကြားရှိ ဘစိလန်ရေလက်ကြားတို့ ရှိသည်။ ဝိစာရံပင်လယ်နှင့် ပနေပင်လယ်ကွေ့ကို ဝိစာရကျွန်းစုအနောက်ဘက်ရှိ ဂိုင်မရရေလက်ကြားက ဆက်ပေးသည်။ ပနေပင်လယ်ကွေ့သည် ဆူလူပင်လယ်၏အနားသတ်ဖြစ်သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ Coron Bay, Philippines : UnderwaterAsia.info။ 5 October 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 April 2018 တွင် ပြန်စစ်ပြီး။
- ↑ Sulu Sea, Philippines : UnderwaterAsia.info။ 1 June 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 April 2018 တွင် ပြန်စစ်ပြီး။
- ↑ Traveler's Companion Philippines 1998 p.214 Kirsten Ellis, Globe Pequot Press Globe Pequot, 1998
- ↑ "Jewel of Sulu Sea - The Manila Times Online"၊ www.manilatimes.net။ 3 June 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 14 July 2018။
- ↑ Mapun - island, Philippines။ 16 June 2020 တွင် ပြန်စစ်ပြီး။
- ↑ Tawi Tawi - island, Philippines။ 16 June 2020 တွင် ပြန်စစ်ပြီး။
- ↑ C.Michael Hogan. 2011. Sulu Sea. Encyclopedia of Earth. Eds. P.Saundry & C.J.Cleveland. Washington DC
ပြင်ပလင့်ခ်များ
[ပြင်ဆင်ရန်]Wikimedia Commons ရှိ Sulu Sea နှင့်ပတ်သက်သော မီဒီယာများ