ဆိုးဖက်ဂျ်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

ဆိုးဖက်ဂျ် (Solfége- UK: /ˈsɒlfɛ/[၁] US: /sɒlˈfɛʒ/ပြင်သစ်: [sɔlfɛʒ]) သို့မဟုတ် ဆိုဖက်ဂျီယို (Solfeggio /sɒlˈfɛi/အီတလီ: [solˈfeddʒo]) ဆိုသည်မှာ ဂီတနုတ်များကို သင်ကြားပေးသောနည်းလမ်းတစ်မျိုးဖြစ်သည်။ ဆို-ဖာ (sol-fa၊ solfa၊ solfeo) ဟူ၍လည်းခေါ်ဆိုကြသည်။ ဆိုးဖက်ဂျ်သည် solmization ခေါ် ဂီတနုတ်များကိုအသံထွက်ဖြင့် မှတ်သားခြင်းနည်းလမ်းတစ်မျိုးဖြစ်သည်။

ဂီတစကေး (music scale) ၌ရှိကြသောနုတ်များကိုမှတ်သားနိုင်ရန်အတွက် နုတ်တစ်ခုစီကိုအသံထွက်များဖြင့် အမည်ပေးထားပါသည်။ အင်္ဂလိပ်စကားပြောနိုင်ငံများ၏ မှတ်သားမှုမှာ "ဒို၊ ရေ၊ မီ၊ ဖာ၊ ဆို၊ လာ၊ တီ" (do၊ re၊ mi၊ fa၊ so(l)၊ la၊ si (သို့မဟုတ် ti)) ဟူ၍ဖြစ်ပါသည်။[၂]

ဝေါဟာရရင်းမြစ်[ပြင်ဆင်ရန်]

ဆိုးဖက်ဂျ်ဟူသောဝေါဟာရသည် ထို "ဒို၊ ရေ၊ မီ" ဟူသောအခေါ်အဝေါ်များမှ "ဆို" နှင့် "ဖာ" မှယူထားခြင်းဖြစ်ပါသည်။[၃][၄]

အခေါ်အဝေါ်ဖြစ်ပေါ်လာပုံ[ပြင်ဆင်ရန်]

၁၁ ရာစုခန့် အီတလီနိုင်ငံတွင် ဂီတသီအိုရီပညာရှင်ဖြစ်သူ ဂွီဒို မိုနာကိုသည် ဂီတနုတ်များကိုလွယ်လွယ်ကူကူမှတ်သားနိုင်ရန် နည်းလမ်းတစ်မျိူကို တီထွင်ခဲ့လေသည်။ လက်တင်သီချင်း "Ut queant laxis" ဟူသောသီချင်း၏စာသားမှ ပထမဆုံးအသံထွက်များကိုယူခဲ့ရာ "အု(တ်)-ရေ-မီ-ဖာ-ဆို-လာ" (Ut-Re-Mi-Fa-Sol-La) ဟူ၍ ရရှိလာခဲ့ပါသည်။[၅][၆]

Sheet music for Ut queant laxis

Ut queant laxīs    resonāre fībrīs
ra gestōrum    famulī tuōrum,
Solve pollūtī    labiī reātum,
Sancte Iōhannēs.

၁၆၀၀ ခုနှစ်ဝန်းကျင်တွင် ဂီတဗေဒပညာရှင်ဖြစ်သော ဂျိုဗာနီ ဘာတီစတာ ဒိုနီ (Giovanni Battista Doni) သည် သူ၏အမည်ကိုအခြေခံ၍ "အု(တ်)" မှ "ဒို" (Do) ဟု ပြောင်းလဲ‌ခေါ်ဝေါ်ခဲ့ပါသည်။ ခုနှစ်ခုမြောက်နုတ်ဖြစ်သော "စီ" (Si) ကိုလည်း ထည့်သွင်းခဲ့ပြီး "Sanctus Iohannes" မှ အစအက္ခရာများကို ယူထားခြင်းဖြစ်ပါသည်။[၆] အင်္ဂလိပ်လူမျိုး ဂီတဆရာမဖြစ်သော ဆာရာ ဂလိုဗာ (Sarah Golver) ကမူ နုတ်များသည်မတူညီသောအက္ခရာများနှင့် စသင့်သည်ဟုဆိုခဲ့၍ "စီ" မှ "တီ" (Ti) သို့‌ပြောင်းလဲခဲ့ရာ အင်္ဂလိပ်စကားပြောကြသောလူတို့သည် "စီ" အစား "တီ" ဟုသီဆိုကြလေသည်။

အမျိုးအစားများ[ပြင်ဆင်ရန်]

ဆိုးဖက်ဂ်ျစနစ်ကို ယခုတိုင်အသုံးပြုလျက်ရှိပါသည်။ ဒိုကိုအသေမထားခြင်း (Moveable do) နှင့် ဒိုကိုအသေထားခြင်း (Fixed do) ဟူ၍ နှစ်မျိုးရှိပါသည်။[၇]

အသေမထားထားသောဒို[ပြင်ဆင်ရန်]

ထိုစနစ်ကို အမေရိကန်နိုင်ငံ၊ ဂျာမန်နိုင်ငံများနှင့် ဓနသဟာယနိုင်ငံများ တွင်အသုံးပြုကြပါသည်။

မေဂျာ[ပြင်ဆင်ရန်]

ထိုစနစ်တွင် မည်သည့်ကီးတွင်မဆို ပထမအသံကို "ဒို" ဟူ၍သီဆိုရပါသည်။ ထို့အပြင် နုတ်များအားလုံးကိုလည်းကိုယ်ပိုင်အမည်များ ပေးထားပါသည်။

မေဂျာစကေး ဒီဂရီ အသံထွက် ဒိုမှ အသံတစ်ဝက်တိုးခြင်းအကြိမ် အင်္ဂလိပ်အသံထွက်
1 ဒို (Do) 0 /doʊ/
Raised 1 ဒီ (Di) 1 /diː/
Lowered 2 ရာ (Ra) 1 /ɹɑː/
2 ရေ (Re) 2 /ɹeɪ/
Raised 2 ရီ (Ri) 3 /ɹiː/
Lowered 3 မေ/ မာ (Me/ Ma) 3 /meɪ/ (/mɑː/)
3 မီ (Mi) 4 /miː/
4 ဖာ (Fa) 5 /fɑː/
Raised 4 ဖီ (Fi) 6 /fiː/
Lowered 5 ဆေ (Se) 6 /seɪ/
5 ဆို (Sol) 7 /soʊ/
Raised 5 ဆီ (Si) 8 /siː/
Lowered 6 လေ/ လို (Le/ Lo) 8 /leɪ/ (/loʊ/)
6 လာ (La) 9 /lɑː/
Raised 6 လီ (Li) 10 /liː/
Lowered 7 တေ/ တာ (Te/ Ta) 10 /teɪ/ (/tɑː/)
7 တီ (Ti) 11 /tiː/

မိုင်နာ[ပြင်ဆင်ရန်]

မိုင်နာကီးတွင်မူ "လာ၊ တီ၊ ဒို" ဟူသောအစီအစဉ်ဖြင့်လည်းကောင်း "ဒို၊ ရေ၊ မီ" ဟူသောအစဉ်ဖြင့်လည်းကောင်း ရေးသားနိုင်သည်။ C major မှ C minor သို့ပြောင််းလိုက်‌သောအခါ ဆင်တူကီးဖြစ်သော E-flat major သို့ပြောင်းသွားသည်။ သိုဖြစ်ရာ C သည် E-flat အတွက် "လာ" အသံဖြစ်နေပါသည်။

နက်ထရယ် မိုင်နာစကေး ဒီဂရီ "လာ" မှ စခြင်း "ဒို" မှ စခြင်း
Lowered 1 လေ/ လို (Le/ Lo) တီ (Ti)
1 လာ (La) ဒို (Do)
Raised 1 လီ (Li) ဒီ (Di)
Lowered 2 တေ/ တာ (Te/ Ta) ရာ (Ra)
2 တီ (Ti) ရေ (Re)
3 ဒို (Do) မီ/ မာ (Me/ Ma)
Raised 3 ဒီ (Di) မီ (Mi)
Lowered 4 ရာ (Ra) မီ ( Mi )
4 ရေ (Re) ဖာ (Fa)
Raised 4 ရီ (Ri) ဖီ (Fi)
Lowered 5 မေ/ မာ (Me/ Ma) ဆေ (Se)
5 မီ (Mi) ဆို (Sol)
6 ဖာ (Fa) လေ/ လို (Le/ Lo)
Raised 6 ဖီ (Fi) လာ (La)
Lowered 7 ဆေ (Se) လာ (La)
7 ဆို (Sol) တေ/ တာ (Te/ Ta)
Raised 7 ဆီ (Si) တီ (Ti)

အသေထားသောဒို[ပြင်ဆင်ရန်]

ထိုစနစ်တွင် စီမေဂျာ (C major) ကိုအခြေပြု၍ ဒိုရေမီဟူ၍ အစဉ်တပ်ပါသည်။ ထိုစနစ်ကို ရိုမန့်စ်ဘာသာစကားနှင့် ဆလက်ဗ်ဘာသာစကားပြောနိုင်ငံများတွင် တွင်ကျယ်စွာအသုံးပြုကြပါသည်။

နုတ်အမည်များ
Traditional fixed do[၈]
နုတ်အမည် အခေါ်အဝေါ် အသံထွက် အသံ‌နေရာအဆင့်
အင်္ဂလိပ် ရိုမန့်စ် အင်္ဂလိပ် အီတလီ
C♭ Do♭ ဒို (do) /doʊ/ /dɔ/ 11
C Do 0
C♯ Do♯ 1
D♭ Re♭ ရေ (re) /ɹeɪ/ /rɛ/ 1
D Re 2
D♯ Re♯ 3
E♭ Mi♭ မီ (mi) /miː/ /mi/ 3
E Mi 4
E♯ Mi♯ 5
F♭ Fa♭ ဖာ (fa) /fɑː/ /fa/ 4
F Fa 5
F♯ Fa♯ 6
G♭ Sol♭ ဆို (sol) /soʊl/ /sɔl/ 6
G Sol 7
G♯ Sol♯ 8
A♭ La♭ လာ (la) /lɑː/ /la/ 8
A La 9
A♯ La♯ 10
B♭ Si♭ ဆီ (si) /siː/ /si/ 10
B Si 11
B♯ Si♯ 0

အခြားနည်းဖြင့်ပြသခြင်း[ပြင်ဆင်ရန်]

ဂျွန်ကာဝန် (John Curwen) ၏ ဆိုးဖက်ဂ်ျကို လက်ဖြင့်ပြသသည့် စနစ်

နယူတန်၏အရောင်များ[ပြင်ဆင်ရန်]

ရုပဗေဒပညာရှင် အိုင်ဆက် နယူတန်သည် ထိုခုနှစ်သံကို သက်တံ၏အရောင်များနှင့် နှိုင်းယှဉ်ခဲ့ပါသည်။[၉]

အသံ ဆိုးဖက်ဂ်ျ အရောင်
C ဒို အနီ
D ရေ လိမ္မော်
E မီ အဝါ
F ဖာ အစိမ်း
G ဆို အပြာ
A လာ မဲနယ်
ခရမ်းပြာ
B တီ ခရမ်း
ခရမ်းနီ

ကိုးကားချက်များ[ပြင်ဆင်ရန်]

  1. "Solfège". Lexico UK Dictionary. Oxford University Press.
  2. Oxford English Dictionary 2nd Ed. (1998)
  3. SolfeggioMerriam-Webster Online Dictionary။ Merriam-Webster Online။
  4. SolfègeMerriam-Webster Online Dictionary။ Merriam-Webster Online။
  5. Davies, Norman (1997), Europe, pp. 271–272
  6. ၆.၀ ၆.၁ McNaught, W. G. (1893). "The History and Uses of the Sol-fa Syllables". Proceedings of the Musical Association 19: 35–51. London: Novello, Ewer and Co.. ISSN 0958-8442. 
  7. Movable "Do" vs Fixed "Do" (in en-US) (2012-10-02)။
  8. Demorest၊ Steven M. (2001)။ Building Choral Excellence: Teaching Sight-Singing in the Choral Rehearsal။ New York: Oxford University Press။ p. 46။ ISBN 978-0-19-512462-0
  9. Ashley P. Taylor (March 1, 2017). "Newton’s Color Theory, ca. 1665". The Scientist.