တင်န်ပို

ဝီကီပီးဒီးယား မှ
မိုးဇက်ဆိုနာတာ XI မှ ပထမဆုံး ၂ ဘားကို တိုင်းတာထားခြင်းပုံ။ ဂီတသံစဉ်၏ တင်န်ပိုကို "Andante grazioso" ဟုသတ်မှတ်ထားပြီး ခေတ်သစ် အရေးအသားဖြင့် " = 120" ဟု ရေးသားသည်။

ဂီတပညာတွင် တင်န်ပို (tempo) ဆိုသည်မှာ သီချင်း သို့မဟုတ် ဂီတသံစဉ်၏ အမြန်နှုန်းကို ခေါ်ဆိုခြင်း ဖြစ်သည်။ အီတလီဘာသာတွင် အချိန် ရွေ့လျားမှုဟု အဓိပ္ပာယ်ရသည်။ တင်န်ပိုသည် ရေးစပ်သီကုံးမှု၏ အရေးကြီးသော အစိတ်အပိုင်း ဖြစ်ပြီး ၎င်းမှာ သီချင်းနှင့် ပတ်သက်သော ခံစားမှုနှင့် ရေးသားရန် ခက်ခဲခြင်းအပေါ်တွင် အကျိုးသက်ရောက်မှု ရှိနိုင်သည်။

တင်န်ပိုသတ်မှတ်ချက်[ပြင်ဆင်ရန်]

တင်န်ပိုကို "Beats per minute" (bpm) တစ်မိနစ်အတွင်း ရိုက်ခတ်သော အကြိမ်ရေဖြင့်ပြသည်။ ရှေးဂန္ထဝင် သီချင်းများတွင်မူ အီတာလျံစကားလုံး များဖြင့်ပြသည်။

ဝေါဟာရ[ပြင်ဆင်ရန်]

  • Larghissimo – အလွန့်အလွန်နှေးကွေး (24 bpm နှင့်အောက်)
  • Adagissimo – အလွန်နှေး
  • Grave – အလွန်နှေး (25–45 bpm)
  • Largo – ကျယ်ပြန့်စွာ (40–60 bpm)
  • Lento – နှေးနှေး (45–60 bpm)
  • Larghetto – ကျယ်ပြန့်စွာ (60–66 bpm)
  • Adagio – နှေးနှေး နှင့် ခံစားချက်များဖြင့်[၁] (66–76 bpm)
  • Adagiettoandante ထက်နှေး (72–76 bpm) သို့မဟုတ် adagio ထက်မြန် (70–80 bpm)
  • Andante – လမ်းလျှောက်သကဲ့သို့ (76–100 bpm)
  • Andantinoandante ထက်မြန် သို့မဟုတ် နှေး (80–108 bpm)
  • Marcia moderato – ချီတက်သည့်ပုံစံ[၂][၃] (83–85 bpm)
  • Andante moderatoandante နှင့် moderato ကြား (92–112 bpm)
  • Moderato – သင့်လျော်သောအရှိန် (108–120 bpm)
  • Allegretto – သင့်တင်စွာမြန် (112–120 bpm)
  • Allegro moderatoallegro ၏အရှိန်နှင့် နီးသည် (116–120 bpm)
  • Allegro – လျင်မြန်စွာ (120–156 bpm) (molto allegro သည် allegro ထက်မြန်သော်လည်း ထိုတင်န်ပိုအတွင်းတွင်ရှိသည်)
  • Vivace – အသက်ဝင်စွာမြန် (156–176 bpm)
  • Vivacissimo – အလွန်အသက်ဝင်စွာမြန် (172–176 bpm)
  • Allegrissimo or Allegro vivace – အလွန်မြန် (172–176 bpm)
  • Presto – အလွန့်အလွန်မြန် (168–200 bpm)
  • Prestissimopresto ထက်ပင်မြန် (200 bpm နှင့် အထက်)

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. Elson၊ Louis Charles (1909)။ Elson's Pocket Music Dictionary: The Important Terms Used in Music with Pronunciation and Concise Definition, Together with the Elements of Notation and a Biographical List of Over Five Hundred Noted Names in Music (အင်္ဂလိပ်ဘာသာစကားဖြင့်)။ Oliver Ditson။
  2. American Symphony Orchestra League (1998)။ Journal of the Conductors' Guild, Vols. 18–19။ Viena: The League။ p. 27။ ISSN 0734-1032
  3. William E. Caplin; James Hepokoski; James Webster (2010)။ Musical Form, Forms & Formenlehre: Three Methodological Reflections။ Leuven University Press။ p. 80။ ISBN 905-867-822-9