တပည့်

ဝီကီပီးဒီးယား မှ

တပည့် ဆိုသည်မှာ သင်ယူလေ့လာသူ သို့မဟုတ် ပညာရပ်ဆိုင်ရာ အဖွဲ့အစည်းတစ်ခုခုတွင် တက်ရောက်သင်ကြားမှု ခံယူသူ ဖြစ်သည်။

တပည့်ဝတ် ငါးပါး[ပြင်ဆင်ရန်]

"ညီညာထကြွ၊ ဆုံးမနာယူ
လာမူကြိုဆီး၊ ထံနီးလုပ်ကျွေး
သင်တွေးအံရွတ်၊ တပည့်ဝတ်
မချွတ်ငါးခုသာ"
(သင်္ဂဇာဆရာတော်)

[၁]

၁။ ဆရာ၏ အမှုတို့ကို ထကြွနိုးကြားစွာ ဆောင်ရွက်ပေးခြင်း။

၂။ ဆိုဆုံးမသော ဆရာစကားကို ရိုသေစွာနာယူခြင်း။

၃။ ဆရာ ရောက်လာသောအခါ ကြိုဆိုပြုစုခြင်း။

၄။ ဆရာ့အနားဝယ် နေသောအခါလည်း ခြေဆုပ် လက်နယ်လုပ်ကျွေးခြင်း။

၅။ သင်ပြသော ပညာများကို သင်အံလေ့ကျက် ရွတ်ဖတ်ခြင်း။[၂]


ကိုးကား[ပြင်ဆင်ရန်]

  1. ဦးရဲဝေ(မြန်မာစာ)၏ စာစီစာကုံးအရေးအသား
  2. သရုပ်ပြ မာတိကာကျမ်း

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]