ဆယ်လီနာ ဂိုမက်

ဝီကီပီးဒီးယား မှ
ဆယ်လီနာ ဂိုမက်
ဇူလိုင်လ ၂၀၁၃ တွင် ဂိုမက်အားတွေ့ရစဉ်
မွေးဖွားဆယ်လီနာ မာရီ ဂိုမက်
(1992-07-22) ဇူလိုင် ၂၂၊ ၁၉၉၂ (အသက် ၃၁)
ဂရမ်း ပါပရီ၊ တက္ကဆက်ပြည်နယ်၊ အမေရိကန်ပြည်ထောင်စု
အလုပ်အကိုင်သရုပ်ဆောင်၊ အဆိုတော်၊ ရုပ်ရှင်ထုတ်လုပ်သူ၊ fashion designer[၁]၊ philanthropis[၂]
တက်ကြွလှုပ်ရှားနှစ်များ2002–present
တီဗီအစီအစဉ်Barney & Friends
Wizards of Waverly Place
ဂီတခရီးလမ်း
ဂီတဟန်
တူရိယာ
  • Vocals
  • piano
တေးသံသွင်း ကုမ္ပဏီ
ပူးတွဲ ပါဝင်မှုSelena Gomez & the Scene
ဝက်ဘ်ဆိုက်selenagomez.com

ဆယ်လီနာ မာရီလ် ဂိုမက် (/səˈlnə məˈr ˈɡmɛz/ sə-LEE-nə mə-REE GOH-mez;[၃] စပိန်အသံထွက်: [seˈlena ˈɣomes];[၄] (ဇူလိုင် ၂၂ ၁၉၉၂ ခုနှစ် မွေးဖွား) သည် အမေရိကန် သရုပ်ဆောင် ၊ တေးရေး တေးဆို တစ်ယောက်ဖြစ်သည်။ ငယ်စဉ် ကလေးဘဝကတွင် ကလေး  ဘာနေးလ် နှင့် သူငယ်ချင်း ရုပ်မြင်သံကြား စီးရီး တွင် ပါဝင်ခဲ့သည်။ သူမသည် အဓိက သရုပ်ဆောင် အဖြစ် Disney channel series Wizards of Waverly Place (2007–12) ပါဝင်ခဲ့ပြီးနောက် နာမည် ကြီးလာခဲ့သည်။ အောင်မြင်မူများကြောင့် သူမသည် ရုပ်ရှင်များ၊ ရုပ်မြင်သံကြား နှင့် တေးဂီတဆိုင်ရာ တွေ့ဆုံပွဲများတွင် ပါဝင်ခဲ့သည်။၂၀၀၈ ခုနှစ်တွင် သူမသည် Hollywood Records နှင့် စာချုပ်ချုပ်ဆိုခဲ့ပြီး မကြာမီ Selena Gomez & the Scene တီးဝိုင်းကို ထူထောင်ခဲ့သည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

ဆယ်လီနာ ဂိုမက် ကို ၁၉၉၂ ခုနှစ်၊ ဇူလိုင်လ (၂၂) ရက်တွင် အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်၊ ဂရန်း ပရိုင်ရီမြို့၌ ရီကာဒို ဂျိုဝယ် ဂိုမက် (Ricado Joel Gomez) နှင့် အမန်ဒါ ဒေါင်း ကွန်းနက် (Amanda Dawn Cornett) တို့မှ ဖွားမြင်သည်။ အမန်ဒါသည် မန်ဒီ (Mandy) အမည်ဖြင့် သရုပ်ဆောင်သည့် ပြဇာတ်မင်းသမီးဟောင်းတစ်ဦး ဖြစ်သည်။ ဆယ်လီနာဟူသည့်အမည်ကို ၁၉၉၅ ခုနှစ်တွင် ဆုံးပါးသွားသော ဆီဂျာနိုအဆိုတော် ဆယ်လီနာ ကွင်တာနယ်လာ ပီရက်ဇ်ကို အစွဲပြု မှည့်တွင်ခြင်း ဖြစ်သည်။ ရီကာဒိုမှာ မက္ကဆီကန်လူမျိုးဖြစ်ပြီး အမန်ဒါမှာ အီတာလျံသွေး နှောသည်။

ငါးနှစ်သမီးအရွယ်တွင် မိဘများကွာရှင်းခဲ့ရာ မိခင်နှင့်နေသည်။ မွေးချင်း ညီမငယ်နှစ်ဦးရှိပြီး ဂရေစီ (Gracie) နှင့် ဗစ်တိုးရီးယား ဂိုမက် (Victoria) တို့ ဖြစ်ကြသည်။ ဆယ်လီနာအား အိမ်တွင်ပင် ပညာသင်စေရာ ၂၀၁၀ ခုနှစ်၊ မေလတွင် အထက်တန်းအောင်ဒီပလိုမာ ရသည်။

ဆယ်လီနာမွေးစဉ်က အမန်ဒါမှာ (၁၆) နှစ်သာ ရှိသေးသည်။ ငယ်ဘဝ၌ ငွေကြေးပြဿနာများ ရှိခဲ့ပြီး အဘိုးအဘွားဖြစ်သူတွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိသူဖြစ်သည်။ ဘိုးဘွားများက အနီးကပ်ထိန်းကျောင်းလာရာ ဖျော်ဖြေရေးနယ်ပယ်တွင် အောင်မြင်လာသည်အထိပင် ဖြစ်သည်။

အနုပညာရှင် ဘဝ[ပြင်ဆင်ရန်]

ဆယ်လီနာ၏ အနုပညာအပေါ်စိတ်ဝင်စားမှုမှာ မိခင်ဖြစ်သူ ပြဇာတ်ကရန် ပြင်ဆင်နေသည်ကို တွေ့ရာမှ စသည်။ အသံဖြင့် သရုပ်ဆောင်မှုများ စလုပ်ရာမှ ဘာနေနှင့် သူငယ်ချင်းများ (Barney and Friends) ဇာတ်လမ်းတွင် ဒမ်မီ လိုဗာတို နှင့် ဆုံပြီး ဇာတ်လမ်းတွဲတွင်ပါဝင်ရန် ရွေးချယ်ခံရသည်။ ၂၀၀၂ မှ ၂၀၀၄ ခုနှစ်အတွင်း အပိုင်းတစ်ဆယ့်လေးခုတွင် ပါဝင်ပြီးနောက် တင်ဆက်ရန် အသက်ကြီးလွန်းသည်ဟု ယူဆကာ ထုတ်လုပ်သူများက ဖယ်ရှားလိုက်သည်။ ၂၀၀၄ ခုနှစ် နှောင်းပိုင်းတွင် ဇာတ်လမ်းတွဲတစ်ခုဖြစ်သော တက္ကဆက်ရိန်းဂျား ဝေါ်ကာ (Walker, Texas Ranger) ၏ မီးတန်း (Trail by Fire) အပိုင်းတွင် ပါဝင်ခဲ့သည်။

၂၀၀၇ ခုနှစ်တွင် ဒစ္စနေရုပ်သံလိုင်း၏ ကျော်ကြားသော ဟန်နာ မွန်တာနာ (Hanna Montana) ဇာတ်လမ်းတွဲတွင် ပေါ့စတား မစ်ခေလာ (Mikayla) နေရာမှ သရုပ်ဆောင်ရသည်။ ထိုကာလတွင်ပင် ဒစ္စနေ၏ အခြားဇာတ်လမ်းတွဲနှစ်ခုဖြစ်သည့် ခမ်းနားသည့်ဘဝ (Suite Life) နှင့် လစ်ဇီ မက်ဂွိုင်ယာ (Lizzie McGuire) တို့အတွက် ရှေ့ထွက်ဇာတ်လမ်းတိုများ ရိုက်ကူးခဲ့သည်။ ထို့နောက်တွင် ဝီဗလီမှ မှော်ပညာရှင်များ (Wizards of Waverly Place) ဟာသဇာတ်လမ်းတွဲတွင် အဓိကဇာတ်ကောင် အဲလက် ရက်ဆို (Alex Russo) နေရာ၌ ပါဝင်ခွင့်ရတော့သည်။ အဆိုပါဇာတ်လမ်းရိုက်ကူးရန် ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စအိန်ဂျလိစ်ရှိ ဟောလိဝုဒ်မြို့သို့ ပြောင်းရွေ့လာသည်။

ဒုတိယတွဲရိုက်ကူးပြီးနောက် ခေါင်းဆောင်အနေဖြင့်ပါဝင်သည့် စင်ဒရဲလားဇာတ်လမ်း (The Cinderella Story) ရုပ်ရှင် ထွက်ရှိလာပြီး အဆိုပါရုပ်ရှင်အတွက် ဇာတ်ဝင်တေးသုံးပုဒ်ကို အသံသွင်းနိုင်ခဲ့သည်။

၂၀၀၉ ခုနှစ်၊ ဇွန်လတွင် ထုတ်လွှင့်သော မင်းသမီးကာကွယ်ရေးအစီအစဉ် (Princess Protecting Program) ဇာတ်ကားတွင် ဒမ်မီ လိုဗာတို နှင့်အတူ ပါဝင်သရုပ်ဆောင်ခဲ့ရာ ပရိသတ် (၈.၃) သန်းကျော် ကြည့်ရှုကြသည်။ အဆိုပါရုပ်ရှင်အတွက် ဆယ်လီနာနှင့် ဒမ်မီတို့ တစ်သားတည်းအတူတူ (One and the Same) အမည်ရသီချင်းကို အသံသွင်းခဲ့သေးသည်။ အဆိုပါကာလတွင်ပင် အာသာနှင့် မဲလတာဇာ့၏ကလဲ့စား (Arthur and the Revenge of Maltazard) ကာတွန်းကားတွင် အသံဖြင့် သရုပ်ဆောင်သည်။

ဩဂုတ်လတွင် ဆယ်လီနာပါဝင်သည့် ဝီဗလီမှ မှော်ပညာရှင်များ (Wizards of Waverly Place: The Movie) ဇာတ်ကား ထွက်လာသည်။ ယခင်ဇာတ်လမ်းတွဲကို ကျောရိုးယူ ရိုက်ကူးထားရာ ပရိသတ် (၁၁.၄) သန်းကျော် စောင့်ကြည့်အားပေးခံရသည်။ အထက်တန်း တေးရုပ်ရှင် ၂ (High School Musical 2) နောက်ပိုင်း ဒစ္စနေ၏ ဒုတိယလူကြည့်အများဆုံးရုပ်ရှင် ဖြစ်သွားသည်။ ၎င်းဇာတ်ကားမှာ (၆၂) ကြိမ်မြောက် အမ်မီ ဆုပေးပွဲ (Emmy Awards) တွင်လည်း ကလေးကြိုက်ဇာတ်ကားဆု ရသည်။

၂၀၀၈ ခုနှစ်တွင် ဟောလိဝုဒ်တေးသံသွင်း (Hollywood Records) နှင့် စာချုပ်ချုပ်ရာ ၂၀၀၉ ခုနှစ်၊ ဩဂုတ်လတွင် ဆယ်လီနာ ဂိုမက်နှင့် မြင်ကွင်း (Selena Gomez & The Scene) အမည်ရှိ ဂီတဝိုင်းနှင့် ပွဲဦးထွက် သီချင်းခွေ နမ်းပြီးပြော (Kiss & Tell) ထွက်လာသည်။ အဆိုပါခွေမှာ ဘီလဘုတ် (Billboards) တွင် နံပါတ် (၉) ချိတ်ခဲ့ပြီး ပထမပတ်၌ပင် (၆) သောင်းကျော် ရောင်းချရသည်။ ပထမဆုံးထွက်ရှိသည့် ပြုတ်ကျခြင်း (Falling Down) သီချင်းမှာ အောင်မြင်မှုနည်းသော်လည်း ဒုတိယမြောက်ဖြစ်သော သဘာဝအတိုင်း (Naturally) မှာမူ ဒစ္စနေ၏ ရောင်းအားမြှင့်လုပ်ဆောင်ချက်များကြောင့် လူသိများသွားသည်။

၂၀၁၀ ခုနှစ်၌ ရမွန်နာနှင့် ဘီးဇပ် (Ramona and Beezus) အမည်ရှိ ဇာတ်ကားတွင် သရုပ်ဆောင်ရသည်။ စာရေးဆရာ ဘီဗာလီ ကလီယာရီ (Beverly Cleary) ၏ ဝတ္ထုအား အသက်သွင်းထားခြင်း ဖြစ်သည်။ အဆိုပါနှစ်တွင်ပင် အဖွဲ့ရဲ့ ဒုတိယမြောက်ခွေ မိုးမရွာတဲ့နှစ် (A Year Without Rain) ထွက်သည်။

အရင်က အဝတ်အထည်တွေကို ထုတ်လုပ်ဖို့ အစီအစဉ်တွေရှိတယ်လို့ ကြေညာခဲ့တဲ့အတိုင်းပဲ Sel က Dream Out Loud အမည်ရှိ Fashion Line ကို ၂၀၁၀ ခုနှစ်မှာ တည်ထောင်ပါတယ်။ သူမရဲ့ အဝတ်အစားလိုင်းမှာတော့ ဂျင်းတွေ စကပ်တွေ ဂျက်ကတ်တွေ ဦးထုတ်တွေ လည်စည်းပဝါတွေ အလှဝတ်အကျီတွေ အပြင် Bohemian ဝတ်စုံတွေကိုပါ ထည့်သွင်းပါတယ်။ ဒီအရာတွေအားလုံးကိုတော့ တစ်ဖန်ပြန်လည်သုံးစွဲထားတဲ့ ပစ္စည်းတွေ ဒါမှမဟုတ် ပတ်ဝန်းကျင်ကို မထိခိုက်စေတဲ့ အန္တရာယ်မရှိတဲ့ ကုန်ကြမ်းတွေနဲ့သာ ထုတ်လုပ်ပါတယ်။

Sel က ဒီအကြောင်းကို " ကျွန်မ အဝတ်အစား ကုမ္ပဏီနဲ့ ဝယ်ယူသူတွေကို သူတို့ရဲ့ ကိုယ်ပိုင်စတိုင်လေးတွေ ဘယ်လို ဖန်တီးရယူလို့ရပါတယ်ဆိုတဲ့ အကြောင်း အကြံဉာဏ်လေးတွေပေးချင်တာပါ။ အဝတ်အစားတွေကိုလဲ အလွယ်တကူ ဖြုတ်ယူ / တပ်ဆင်လို့ရအောင် လုပ်ပေးထားပါတယ်။ အထည်တွေက ဘေးပတ်ဝန်းကျင်ကို အန္တရာယ်မပြုမဲ့ ကုန်ကြမ်းတွေနဲ့ချည်း ဖန်တီးထားတာပါ။ Organicဆိုတာ က တကယ်ကိုအရေးကြီးတယ် မဟုတ်လား ။ အထည်တိုင်းမှာလဲ ကျွန်မလေးစားလိုက်နာရတဲ့ စာသားကလေးတွေကို ရေးသားထားတဲ့ ကတ်ပြားတွေ ပါမှာဖြစ်ပြီး ကျွန်မ ဖောက်သည်တွေကို ကောင်းသော သတင်းစကားတွေ ပေးဆပ်ချင်လို့ပါ " တဲ့

2011 ခုနှစ်မှာတော့ Selena က Monte Carlo ရုပ်ရှင်မှာ အဓိကဇာတ်ကောင်အဖြစ် ပါဝင်ခဲ့ပါတယ်။ သူမရဲ့ ကာရိုက်တာ 'Grace' က ဆယ်ကျော်သက်တစ်ဦးဖြစ်ပြီး ' ပဲရစ်မြို့ကို ခရီးထွက်အလာမှာ လူမှားခံရတဲ့အကြောင်း' ကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ရုပ်အတွက် Selena က ပိုလို ကစားတတ်အောင် သင်ယူခဲ့ပြီး မတူညီတဲ့ ဗြိတိန်လေယူလေသိမ်း နှစ်ခုအတွက် အသံလေ့ကျင့်မှုကို ရက်သတ္တပတ် နှစ်ပတ်ခန့် ကျင့်ယူခဲ့ပါတယ်။ အဲ့ဒီနှစ်ထဲမှာတင် Selena Gomez & the Scene ဟာ သူတို့အဖွဲ့ရဲ့ တတိယမြောက် နောက်ဆုံး အယ်လဘမ်ကို ထုတ်ဝေခဲ့ပါတယ်။

၂၀၁၁ ခုနှစ် ဇူလိုင်လ ၁၄ ရက်မှာတော့ Selena နဲ့ Adrenalina brand တို့ သဘောတူညီချက် စာချုပ်တစ်ခုကို လက်မှတ်ထိုးလိုက်ကြကြောင်း ကြေညာချက်တစ်ခု ထွက်လာပါတယ်။ Adrenalina ဆိုတာက Adventure-themed lifestyle အမှတ်တံဆိပ်(brand) တစ်ခုဖြစ်ပြီး Selena ရဲ့ ကိုယ်ပိုင် ရနံ့ရေမွှေးကို ထုတ်လုပ် ဖြန့်ချိဖို့ အတွက် ပူးပေါင်းလိုက်ကြတာပါ။ Adrenalina ရဲ့ ဥက္ကဋ္ဌ လဲ ဖြစ်သလို C.E.O လဲဖြစ်တဲ့ Ilia Lekach က ' Ms. Gomez နဲ့ အတူ အလုပ်တွဲလုပ်ရတဲ့ အပေါ် ကျွန်တော်တို့ အလွန် စိတ်ဝင်စားမှုရှိပါတယ် ။ ရေမွှေးရနံ့နဲ့ ပက်သတ်တဲ့ အချက်အလက်တွေကိုလဲ ဖြန့်ချိမဲ့ရက်နဲ့ နီးကပ်လာတာနဲ့ အမျှ ထုတ်ပြောတော့မှာ ဖြစ်ပါတယ် ' လို့ ပြောခဲ့ပါတယ်။


၂၀၁၂–၂၀၁၄[ပြင်ဆင်ရန်]

၂၀၁၂ ခုနှစ်က နှစ်ဆန်းပိုင်းမှာတော့ Sel က သူမဟာ ရုပ်ရှင်ဘက်ကို ပိုမို အာရုံစိုက်လိုတာကြောင့် ဂီတအလုပ်တွေကိုခေတ္တ ရပ်စဲထားမှာ ဖြစ်ကြောင်း ကြေညာပါတယ်။ အဲ့ဒီနှစ်မှာပဲ Wizards of Waverly Place စီးရီးကလဲ အောင်မြင်တဲ့ ဇာတ်လမ်းတွဲ လေးခု ထုတ်အပြီးမှာ တရားဝင် အဆုံးသတ်သွားခဲ့ပါပြီ။ Sel က ဒစ္စနေး အပြင်ဘက်က ရုပ်ရှင်လောကကို ထိတွေ့ချင်ခဲ့တာမို့ Hotel Transylvania (2012) ရုပ်ရုင်မှာ ဝင်ရောက် အသံသရုပ်ဆောင်ပါတယ်။ ဒီရုပ်ရှင်က ၃၇ ကြိမ်မြောက် တိုရွန်တို နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ စတင်ထုတ်လွှင့်ပြသခဲ့ပြီး ၂၀၁၂ ခုနှစ် စက်တင်ဘာလမှာ ထွက်ရှိလာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ မင်းသား James Franco ပါဝင်တဲ့ Spring Breakers ( 2013)ရုပ်ရှင်မှာ သူမအတွက် ဇာတ်ကောင် တစ်နေရာ ရပါတယ်။ ဒီရုပ်ရှင်မှာတော့ သူမကို အရင့်အရင်က မြင်တွေ့ခဲ့ရပြီးသားပုံစံတွေနဲ့ မတူပဲ ပိုမို ရင့်ကျက်လာတဲ့ ပုံစံမျိုးနဲ့ မြင်တွေ့ရမှာပါ။ ဒီ ၂၀၁၃ ခုနှစ်မှာပဲ သူမပါဝင်သရုပ်ဆောင်ထားတဲ့ Getaway ရုပ်ရှင်လည်း ဆက်တိုက်ဆိုသလို ထွက်လာခဲ့ပါတယ်။ ဒီရုပ်ရှင်ကတော့ စီးပွားရေးအရ အရှုံးပေါ်မှုတွေ ရှိခဲ့ကာ Selena ကိုလဲ ၃၄ ကြိမ်မြောက် Golden Raspberry ဆုပေးပွဲမှာ ' Worst Actress' ဆိုတဲ့ ဆုအတွက် လျာထားခြင်း ခံခဲ့ရတဲ့အထိတွန်းပို့ ခဲ့ပါတယ်။

ဂီတလုပ်ငန်းတွေကို ရပ်စဲထားမယ်လို့ အစောပိုင်းကာလတွေမှာ သူမကြေညာထားတာ ရှိပေမဲ့လည်း ၂၀၁၂ ခုနှစ်ရဲ့ အောက်တိုဘာလမှာတော့ သူမမှာ ဂီတနဲ့ ပတ်သက်တဲ့ စိတ်ကူး အသစ်အဆန်းတွေက ရှိနေပြန်ပါတယ်။ ဒီအတိုင်းပဲ နောက်ပိုင်းမှာတော့ သူမမှာ ပထမဆုံး ပွဲဦးထွက် တကိုယ်တော် အယ်လ်ဘမ် ထုတ်ဖို့ အစီအစဉ်ရှိကြောင်း ထုတ်ပြောလာပါတယ်။ နောက်ပိုင်းမှာတော့ သူမပြောခဲ့တဲ့ အတိုင်း တကိုယ်တော် အယ်လ်ဘမ်က Lead Single 'Come and Get it' ထွက်ရှိလာပါတယ်။ ဒီသီချင်းက Billboard Hot 100 က Top Ten List ကို ဝင်ရောက်နိုင်ခဲ့တဲ့ Selena ရဲ့ ပထမဆုံး သီချင်းလည်း ဖြစ်ပါတယ်။


အဲ့ဒီ အယ်လ်ဘမ်ကပဲ ထွက်လာတဲ့ နောက်ထပ် Single ဖြစ်တဲ့ 'Slow Down' ကတော့ Billboard Chart ရဲ့ နံပါတ် ၂၇ နေရာကို ရောက်ရှိခဲ့ပါတယ်။ Selena ရဲ့ Stars Dance Album ကတော့ ဇူလိုင်လ ၂၃ ရက် ၂၀၁၃ ခုနှစ်မှာ ထွက်လာခဲ့ပါတယ်။ ဒီ Album က Selena အဖို့ US Billboard 200 Chart မှာ ပထမဆုံး နံပါတ် ၁ နေရာအထိ ရောက်ရှိလာခဲ့တဲ့ တကိုယ်တော် Album ဖြစ်ပြီး ထွက်ရှိတဲ့ ပထမအပတ်မှာတငိ ကော်ပီပေါင်း ၉ သောင်းကျော် ရောင်းချခဲ့ရပါတယ်။


၂၀၁၃ ခုနှစ်ရဲ့ ဩဂုတ်လမှာ Selena က သူမရဲ့ Stars Dane Tour ကို စတင်လိုက်ပါတယ်။ မြောက်အမေရိကနဲ့ ဥရောပတခွင်မှာ လိုက်လံဖျော်ဖြေအပြီးမှာတော့ Tourကို ၂၀၁၄ ခုနှစ်အထိ ဆက်လက်ကျင်းပဖို့ စီစဉ်ထားခဲ့ကြတာပါ။ ဒါပေမဲ့ Sel က'၂၀၁၃ ဒီဇင်ဘာအရောက်မှာ မိသားစုကို အချိန်ပေးချင်တဲ့အတွက် ဩစတေးလျနဲ့ အာရှဘက်ကို ဖျော်ဖြေမယ့် အစီအစဉ်တွေ အားလုံးကို ရပ်စဲခဲ့ပါတယ်။

၂၀၁၄ ခုနှစ် ဇန်နဝါရီမှာတော့ Selena ဟာ Wickenburg , Arizona က ကုသရေးစင်တာမှာ နှစ်ပတ်လောက် ရှိနေခဲ့တဲ့ အကြောင်း သတင်းတွေ အရသိရပါတယ်။ ဒီစင်တာက လူငယ်တွေမှာဖြစ်တတ်တဲ့ ပြင်းထန်တဲ့ စိတ်ခံစားမှုဆိုင်ရာ တုန်လှုပ်မှု အစရှိတဲ့ ဝေဒနာတွေကို အထူးကုသပေးတဲ့ နေရာပါ။ ၂၀၁၄ ခုနှစ်က ရုပ်ရှင် Behaving Badly ထဲမှာတော့ မင်းသား Dylan McDermott နဲ့ အတူ Selena ပါ ပါဝင်ခဲ့ပါတယ်။ ဒီရုပ်ရှင်က Selena ကုသရေးစင်တာကို ရောက်နေကတည်းက ရိုက်ကူးဖို့ လျာထားခဲ့တဲ့ အလုပ်ပါ။ ဩဂုတ်လမှာ ဒီရုပ်ရှင်ထွက်ခဲ့ပြီး ဆိုးဆိုးဝါးဝါးဝေဖန်မှုတွေနဲ့ ကြုံခဲ့ရသလို မူလပထမ ဝတ္ထုက စာရေးဆရာကတောင် ရုပ်ရှင်ကို လက်ခံနိုင်ခြင်း မရှိခဲ့ပါဘူး ။

အဲ့ဒီနောက် ဆက်တိုက်ဆိုသလိုပဲ Rudderless ရုပ်ရှင် ထွက်လာပါတယ်။ ဒီရုပ်ရှင်ကို ဒါရိုက်တာ William H.Macy က ရိုက်ကူးခဲ့တာ ဖြစ်ပြီး မင်းသား Billy Crudup လည်းပါဝင်ပါတယ်။ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်တဲ့ သားတစ်ယောက်ရဲ့ အဖေအကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပြီး Sel ကတော့ သားဖြစ်သူရဲ့ ကောင်မလေး နေရာကနေ သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

၂၀၁၄ ရဲ့ ဧပြီလ အရောက်မှာတော့ Selena က သူမ မိခင် Mandy နဲ့ Mandy ရဲ့ နောက်အိမ်ထောင်ဖြစ်သူ ( Selena ရဲ့ Stepdad )ကို သူမ မန်နေဂျာအဖြစ်ကနေ အလုပ်ဖြုတ်လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။ Mandy တို့ နှစ်ဦးက သူမရဲ့ အနုပညာလုပ်ငန်း စတင်ကတည်းက စီမံခန့်ခွဲလာခဲ့ကြတာပါ။ နောက်ပိုင်းမှာတော့ ကုမ္ပဏီ နှစ်ခုဖြစ်တဲ့ WME နဲ့ Brillstein ဟာ Selena ရဲ့ အနုပညာလုပ်ငန်းကို ခန့်ခွဲဖို့အတွက် Sel နဲ့ စာချုပ်ချုပ်လိုက်ကြပါတယ်

Selena ဟာ မန်နေဂျာ အသစ်တွေ ရလိုက်ပေမဲ့ သူမရဲ့ တေးသံသွင်းကုမ္ပဏီ Hollywood Records နဲ့ စာချုပ်ဟာ အဆုံးသတ်သွားခဲ့တာကြောင့် Sel ဟာ Label အသစ်ကို လိုက်ရှာဖွေနေခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့မှာ Selena က 'The Heart Wants What It Wants' သီချင်းကို ထုတ်ပြီး သူမပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။ ဒီ သီချင်းက Billboard Hot 100 Chart ရဲ့ Top Ten List ကို ဝင်ရောက်နိုင်ခဲ့တဲ့ Selena ရဲ့ ဒုတိယမြောက်သီချင်းဖြစ်လာခဲ့ပြီး US မှာတင် ကော်ပီပေါင်း တစ်သန်းကျော် ရောင်းချခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ Selက သူမ Label ဖြစ်တဲ့ Hollywood Records နဲ့ စာချုပ်အဆုံးသတ်ခြင်း အထိမ်းအမှတ်အဖြစ်နဲ့ ပထမဆုံး တကိုယ်တော် Compilation Album 'For You' ကို ထုတ်ခဲ့ပါတယ်။ ဒါပေမဲ့လဲ အယ်လ်ဘမ်ကို Promotion လုပ်တာ အလွန်နည်းပါးလွန်းတာကြောင့် ဝင်ငွေအများအပြား ရရမဲ့အစား ရှုံးနိမ့်ခဲ့ပါတယ်။ ဒီ Album လေးက Billboard 200 Chart မှာ နံပါတ် ၂၄ နေရာအထိသာ ရောက်ရှိနိုင်ခဲ့တာပါ။

၂၀၁၄ ခုနှစ်ရဲ့ နှစ်ကုန်ပိုင်းမှာတော့ Sel နဲ့ Interscope Records က တရားဝင် စာချုပ်ချုပ်လိုက်ပါတော့တယ်။

၂၀၁၅–၂၀၁၆[ပြင်ဆင်ရန်]

Interscope Label နဲ့ Sel အလုပ်တွဲလုပ်မဲ့ ပထမဆုံး တကိုယ်တော် Album အတွက် ပြင်ဆင်နေချိန်မှာ Sel က Zedd ရဲ့ ဒုတိယ Album ထဲမှာ ပါဝင်မဲ့ Single 'I want you to know' ကို အသံသွင်းပေးခဲ့ပါတယ်။ ဒီ သီချင်းက နောက်ပိုင်းမှာ Billboard Hot 100 Chart ရဲ့ Top Twenty ထဲကို ဝင်ရောက်နိုင်ခဲ့တဲ့ Selena ရဲ့ လေးပုဒ်မြောက် သီချင်းလေးလဲ ဖြစ်လာခဲ့သလို RIAA က Platinum Certification ကို ရထားခဲ့တဲ့ သီချင်းလဲ ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်မှာ Selena က Pantene ရဲ့ Brand Ambassador ဖြစ်လာခဲ့ပါတယ်။ ဒီအတွက် Pantene ကနေ Selena ရတဲ့ လစာကတော့ $ 3 Million ဖြစ်ပါတယ်။


၂၀၁၅ ရဲ့ ဇွန်လ ၂၂ ရက်မှာတော့ Selena ရဲ့ Revival Album က Lead Single ' Good For You' ထွက်လာပါတယ်။ ဒီသီချင်း ထွက်ထွက်ပြီးချင်း ပထမတပတ်မှာတင် ကော်ပီပေါင်း တသိန်း ၇ သောင်း ကျော် ရောင်းချခဲ့ရတယ်။ Billboard Hot 100 မှာလဲ နံပါတ် ငါး နေရာအထိရောက်ရှိခဲ့သလို 'Mainstream Top 40' Chart ရဲ့ ထိပ်ဆုံး နံပါတ် ၁ နေရာကို ရောက်ခဲ့တဲ့ Selena ရဲ့ ပထမဆုံး သီချင်း ဖြစ်လာပါတယ်။

၂၀၁၅ မှာပဲ Selena က Hotel Transylvania 2 ရုပ်ရှင်အတွက် အသံသွင်းမှုများ ထပ်မံပြုလုပ်ခဲ့ပါတယ်။ ဒီ ရုပ်ရှင်လေးက စက်တင်ဘာလမှာ ထွက်ရှိခဲ့ပြီး အကောင်း ဘက်က ရှုမြင်သုံးသပ်ခြင်းတွေနဲ့လည်း တွေ့ခဲ့ရပါတယ်။


Revival Album ကတော့ ၂၀၁၅ ရဲ့ အောက်တိုဘာလ ကိုးရက် နေ့မှာ ထွက်လာပါတယ်။ Album က Critics တွေကနေ Positive Reaction တွေ များစွာ ရခဲ့သလို Album ရဲ့ ထုတ်လုပ်မှုအပိုင်းနဲ့ ခံစားချက်အပြည့်ပါတဲ့ အချက်ကိုလည်း ကျေနပ်ခဲ့ကြကာ ချီးမွမ်းမှုတွေ ရှိခဲ့ပါတယ်။ Billboard 200 Chart မှာလဲ တစ်စွဲခဲ့ပါသေးတယ်။

Album ရဲ့ ဒုတိယ Single အဖြစ် ထွက်လာတာကတော့ Same Old Love ပါ။ ဒီသီချင်းဟာလည်း Good For You လိုပဲ Billboard Hot 100 Chart မှာ နံပါတ် ငါး နေရာရောက်ခဲ့သလို 'Mainstream Top 40' Chart မှာ နံပါတ် ၁ နေရာကို ထပ်ရောက်ခဲ့တဲ့ Sel ရဲ့ ဒုတိယ မြောက် သီချင်းပါ။

Hands To Myself ကတော့ Album ရဲ့ တတိယမြောက် Single ပါ။ ဒီသီချင်းက ' Mainstream Top 40 ' Chart မှာ နံပါတ် ၁ နေရာ ရောက်ခဲ့တဲ့ Selena ရဲ့ တတိယမြောက် သီချင်းပါ။ ဒါကြောင့် Selena ဟာ Album တစ်ခုထဲကနေ ဒီ Chart မှာ နံပါတ် ၁ နေရာကို ၃ ခါရခဲ့တဲ့ အမျိုးသမီးအဆိုတော် ၆ ဦးထဲက တစ်ဦး ဖြစ်ခဲ့ရပါတယ်။

၂၀၁၆ ခုနှစ်ရဲ့ ဇန်နဝါရီ ၂၃ ရက်နေ့မှာတော့ Selena က 'Saturday NightLive' ရှိုးပွဲမှာ အစီအစဉ် တင်ဆက်သူ Ronda Rousey နဲ့အတူ Musical Guest အဖြစ် ပါဝင်ခဲ့ပါတယ်။

Revival Tour ကို Selena က ၂၀၁၆ ခုနှစ်ရဲ့ မေလ ၆ ရက်နေ့မှာ စတင်လိုက်ပါတယ်။ ဒါပေမဲ့ မြောက်အမေရိက Asia တခွင်နဲ့ Oceania တို့မှာ ဖျော်ဖြေအပြီးမှာတော့ သူမရဲ့ ကျန်ရှိနေသေးတဲ့ တောင်အမေရိကနဲ့ ဥရောပက Tour တွေကို ဖျက်သိမ်းလိုက်ပါတော့တယ်။ ဒီလို လုပ်ရခြင်းအကြောင်းကတော့ သူမရဲ့ Lupus ရောဂါကြောင့် ပြင်းထန်စပြုလာတဲ့ စိတ်ကျရောဂါနဲ့ စိတ်ဖိစီးမှုတွေကြောင့်ပါပဲ

Sel က ဟာသရုပ်ရှင် ' Neighbors 2: Sorority Rasing ' မှာလဲ ဇာတ်ပို့ နေရာက ပါဝင်ခဲ့ပါတယ်။ ဒီဇာတ်ကားမှာတော့ Sel က Phi Lambda က တက္ကသိုလ်ကျောင်းသူများရဲ့ လူမှုရေး အဖွဲ့ ဥက္ကဋ္ဌ အဖြစ် သရုပ်ဆောင်ထားတာပါ။

ဒီအတောအတွင်းမှာ သူမနဲ့ Charlie Puth ရဲ့ သီချင်း ' we don't talk anymore' ကလဲ Chart အချို့ရဲ့ Top Ten List ကို ဝင်ရောက်စ ပြုနေပြီ ဖြစ်နေပါတယ်။

The Fundamentals of Caring အမည်ရှိ ဒရာမာ ရုပ်ရှင်မှာလဲ Selena ပါဝင်ခဲ့ပါတယ်။ အဲ့ဒီနောက် ဆက်တိုက်ဆိုသလို မင်းသား James Franco နဲ့ သူမရဲ့ In Dubious Battle ရုပ်ရှင်လဲ ထွက်လာပါတယ်။

Revival Tour လုပ်နေစဉ်အတောအတွင်းမှာတော့ Selena က Interscope Label နဲ့ ထုတ်မဲ့ သူမရဲ့ ဒုတိယမြောက် Album အတွက် စီစဉ်နေခဲ့တာပါ။

ဒီ့အတွက် Tour လုပ်နေစဉ်မှာ Feel Me လို့ခေါ်တဲ့ သီချင်းအသစ် တစ်ပုဒ်ကိုပါ ဖျော်ဖြေပေးခဲ့ပါတယ်။ ဒီသီချင်းကို ပထမဆုံး ဖျော်ဖြေမှုအပြီး ကိုးလ အကြာမှာတော့ Online မှာ Leak လာခဲ့ပါတယ်။ 

Selena ကတော့ ဒီသီချင်းကို အခုချိန်မှာ Single အဖြစ်ထုတ်ဖို့ စိတ်ကူးမရှိတော့ပါဘူး ။

Tour ကို ဖျက်သိမ်းမှုတွေ အပြီးမှာတော့ Selက သူမရဲ့စိတ်ကျန်းမာရေး အတွက် ကျန်းမာရေးစင်တာကို နောက်တခါ ဝင်သွားခဲ့ပြီး Social Media ကနေပါ ပျောက်ကွယ်သွားခဲ့ပါတယ်။

သုံးလ ကျော်ကြာ ပျောက်ကွယ်နေမှုအပြီး ၂၀၁၆ ခုနှစ်ရဲ့ American Music Award ဆုပေးပွဲမှာတော့ Selena ကို ပထမဆုံး လူမြင်ကွင်းမှာ ပြန်တွေ့ခဲ့ကြရပါတယ်။ ဒီဆုပေးပွဲအတွက် Selena က Artist of the year နဲ့ Favourite Pop/Rock ဆု အမျိုးအစား နှစ်ခုအတွက်လျာထားခြင်း ခံခဲ့ရပြီး ဒုတိယမြောက်ဆုကိုတော့ သူမရသွားခဲ့ပါတယ်။

၂၀၁၆ ရဲ့ ဒီဇင်ဘာလမှာတော့ သူမဟာ Luxury brand တစ်ခုဖြစ်တဲ့ Coach ရဲ့ မျက်နှာစာ ဖြစ်လာပါတော့တယ်။ Coach နဲ့ သူမ စာချုပ်ချုပ်လိုက်ပြီးတဲ့နောက် သူမရတဲ့ လစာကတော့ $ 10 Million ပဲ ဖြစ်ပါတယ်။


၂၀၁၇–လက်ရှိ[ပြင်ဆင်ရန်]

၂၀၁၇ ခုနှစ်ရဲ့ ဖေဖော်ဝါရီလမှာတော့ Sel က သူမရဲ့ သီချင်းသစ်အကြောင်းကို Instagram ကနေ အရိပ်အမြွက်ပြောပြခဲ့ပါတယ်။ နောက်ငါးရက်အကြာမှာတော့ DJ Kygo က သူနဲ့ Selena တို့ရဲ့ Collaboration အကြောင်းကို ထုတ်ပြောခဲ့ပါတယ်။ တပတ်အကြာမှာ Sel နဲ့ Kygo တို့က သူတို့သီချင်းအသစ်ရဲ့ နာမည် 'It ain't me' ကို အတည်ပြုခဲ့ကြပြီး ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ ထွက်ရှိလာခဲ့ပါတယ်။ It ain't me ဟာ Billboard Hot 100 ရဲ့ Top Ten နေရာကို ရောက်ခဲ့ပါတယ်။

ဒီအတောအတွင်း Selena ဟာ သူမအကြိုက်ဆုံး စာအုပ်ဖြစ်တဲ့ 13 Reasons Why ကို စီးရီးတစ်ခုအဖြစ် ပြောင်းလဲရာမှာ Executive Producer အဖြစ်လည်းလုပ်ကိုင်ခဲ့ပါတယ်။ Sel က ဒီစီးရီးလေးရဲ့ ပထမဆုံး Trailer ကို ဇန်နဝါရီလ ၂၅ ရက် ၂၀၁၇ ခုနှစ်မှာ စတင် ပြသခဲ့တာပါ။ စီးရီးကို မတ်လ ၃၁ ရက် မှာ Netflix ကနေ စတင်ထုတ်လွှင့်ခဲ့ပါတယ်။


ဒီပရောဂျက်အပြင် Sel လုပ်ကိုင်နေခဲ့တာကတော့ သီချင်းအသစ်အတွက်ပဲ ဖြစ်ပါတယ်။ မေလ ၁၁ ရက်အရောက်မှာတော့ သူမ သီချင်း Bad Liar ထွက်လာပါတယ်။ သူမဂုဏ်ယူရတဲ့ ဒီသီချင်းက အကောင်းဘက်က ရှုမြင်သုံးသပ်မှုများစွာနဲ့ ချီးကျူးခံခဲ့ရတဲ့သီချင်းဖြစ်ပြီး bad liar ရဲ့ Music Video ကိုတော့ LGBT လူစုအတွက် နောက်တစ်လအကြာမှာ pride month မှာထုတ်ပေးခဲ့တာဖြစ်ပြီး သူမရဲ့ နောက်ထွက်မယ့် သီချင်း Fetish အတွက်ပါ အသိပေးခဲ့ပါတယ်။

Fetish ကတော့ ဇူလိုင်လ ၁၃ ရက်နေ့ ၂၀၁၇ ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်။ တစ်နေ့ထဲမှာပဲ Selena သီဆိုထားတဲ့ Stained ဆိုတဲ့ အဆွေးသီချင်းလေးက Leak လာခဲ့ပါတယ်။


၂၀၁၇ ရဲ့ ဩဂုတ်လမှာ Selena က ဒါရိုက်တာ Woody Allen ရိုက်ကူးတဲ့ A Rainy Day in Newyork ရုပ်ရှင်မှာ သရုပ်ဆောင်ဖို့ အရွေးခံရပါတယ်။ ရုပ်ရှင်ကို နယူးယောက်မြို့မှာ ရိုက်ကူးအပြီးမှာတော့ Selena က ဒီရုပ်ရှင်က ရသမျှ အကျိုးအမြတ်အားလုံးကို Time's Up ပရဟိတ အသင်းခွဲတွေကို ခွဲဝေလှူဒါန်းသွားမှာ ဖြစ်ကြောင်းကြေညာပါတယ်။

စက်တင်ဘာလ အရောက်မှာတော့ Selena က PUMA ရဲ့ Family ဖြစ်လာပါတော့တယ်။ PUMA နဲ့ သူမ စာချုပ်ချုပ်တာဟာ $30 Million ကျော် ကုန်ကျပြီး PUMA Campaign ကိုလဲ သူမပဲ ဦးဆောင်ခဲ့ကာ ဒီ Brand အတွက် ဖိဖိစီးစီး ကြော်ငြာများ ဆက်တိုက်ဆိုသလို ရိုက်ကူးပေးနေခဲ့တာပါ။

အဲ့ဒါအပြင် Selena နဲ့ Coach ရဲ့ ဒီဇိုင်နာတို့ ပူပေါင်းဖန်တီးထားတဲ့ 'Selena Grace' အမည်ရ Coach လက်ကိုင်အိတ်တွေကိုလဲ စက်တင်ဘာလမှာတင် နယူးယောက်မြို့မှာ စတင်ရောင်းချခဲ့ကြပါတယ် ။

အောက်တိုဘာလ ၁၉ ရက်နေ့မှာတော့ သူမနဲ့ EDM producer 'Marshmello' တို့ဟာ သူတို့ရဲ့ သီချင်းအသစ်အတွက် Collaboration အကြောင်းကို အသိပေးလာပါတယ်။ သူတို့ရဲ့ သီချင်းဖြစ်တဲ့ Wolves ကတော့ အောက်တိုဘာလ ၂၅ ရက်နေ့မှာ ထွက်လာပါတယ်။

၂၀၁၇ ခုနှစ် စက်တင်ဘာလကတည်းက PUMA ရဲ့ Family ဖြစ်နေခဲ့တဲ့ Sel ဟာ ၂၀၁၈ ခုနှစ်ရဲ့ မတ်လအရောက်မှာတော့ သူကိုယ်တိုင် ဒီဇိုင်းရေးဆွဲထားတဲ့ Sneakers တွေနဲ့ ခြေအိတ်တွေကို PUMA နဲ့ ပူးပေါင်းပြီး ထုတ်ဖို့ စတင်စီစဉ်ပါတော့တယ်။ သူမ ပထမဆုံး ဒီဇိုင်းဆွဲခဲ့တဲ့ PUMA ဖိနပ်တွေဟာ Phenom Lux လို့ ခေါ်ပြီး အလွယ်တကူ ဖြုတ်ယူ/ တပ်ဆင် လို့ရတဲ့ ခြေကျင်းလေးတွေနဲ့ပါ။ ဒီဖိနပ်လေးတွေနဲ့ ခြေအိတ်လေးတွေက ဧပြီလ ၆ ရက်နေ့ကစလို့ ဈေးကွက်ထဲ စတင်ရောက်ရှိခဲ့ပြီး အချို့နိုင်ငံတွေမှာတော့ စရောင်းပြီး နာရီ အနည်းငယ်အကြာမှာတင် ပစ္စည်းအားလုံး ပြတ်လပ်သွားခဲ့တဲ့အထိ အောင်မြင်ခဲ့ပါတယ်။ Sel ရဲ့ ကိုယ်ပိုင်ဒီဇိုင်း ဖိနပ်တွေနဲ့ ခြေအိတ်တွေကို ရောင်းချလို့ရတဲ့ အမြတ်ငွေထဲက $ 100,000 ကိုတော့ Lupus ရောဂါကို သုတေသနလုပ်ဖို့ လှူဒါန်းခဲ့ပါတယ်။


Sel က ၂၀၁၈ ခုနှစ်ရဲ့ ဧပြီလမှာ LA က We Day California အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။ ဒီ အခမ်းအနားမှာပဲ ရှားပါးတဲ့ ကျောက်ကပ်ရောဂါကို ခံစားနေရတဲ့ သူမပရိသတ်လေး Nellie Mainor ကို ပရိသတ်နဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။


၂၀၁၈ ခုနှစ်ရဲ့ မေလမှာ Selena က သူမထုတ်လုပ်တဲ့ 13 Reasons Why စီးရီး ဒုတိယ ဇာတ်လမ်းတွဲအတွက် ဇာတ်ဝင်တေးဖြစ်တဲ့ Back To You ကို ထုတ်ပေးပါတယ်

ဇွန်လဆန်းပိုင်းမှာတော့ Selက သူမရဲ့ လေးခုမြောက် Emmy Award ကို " 13 Reasons Why " Serie နဲ့ ထပ်မံရရှိသွားခဲ့ပါတယ်။ သူမ ထုတ်လုပ်တဲ့ ဒီ Series တွေက Society မှာ အကောင်းဘက်က ရှုမြင်ခြင်းတွေနဲ့ လွှမ်းခြုံပေးနိုင်တဲ့ အတွက်ပါတဲ့ ။

အဲ့ဒါအပြင် IGTV အတွက် Sel ရဲ့Project အသစ်လေးဟာလဲ ဇွန်လကုန်ခါနီးမှာ ထပ်ထွက်လာပါတယ်။

 IGTV ဆိုတာဟာ Instagram ရဲ့ Tool အသစ်ဖြစ်ပြီး 15 စက္ကန့်ကနေ 60 မိနစ်လောက်အထိ ရှည်တဲ့ Video Clip တွေကို တင်လို့ရတဲ့ လုပ်ဆောင်ချက်တစ်ခု ဖြစ်ပါတယ်။ Selena ကတော့ ဒီ Instagram ရဲ့  Platform အသစ်မှာ ပထမဦးဆုံး Video ကို တင်တဲ့သူ ဖြစ်ပါတယ်။ 

သူ့ရဲ့ Video လေးကတော့ A love story လို့ခေါ်ပြီး Fetish mv ရဲ့ Directorလည်းဖြစ်သလို Selena ရဲ့ သူငယ်ချင်းလည်း ဖြစ်တဲ့ Petra Collins ကပဲ ရိုက်ကူးပေးထားတာပါ။


Sel က Hotel Transylvania 3 ရုပ်ရှင်ရဲ့ Mavis ကာရိုက်အတွက် အသံသွင်းမှုတွေလဲ ထပ်မံပြုလုပ်ခဲ့ပါတယ်။ ဒီရုပ်ရှင်ကတော့ ၂၀၁၈ ခုနှစ်ရဲ့ ဇူလိုင်လမှာ ထွက်ရှိခဲ့တာပါ။

ဇူလိုင်လ ၁၃ ရက်နေ့ ၂၀၁၈ မှာတော့ လော့စ်အိန်ဂျလိစ် က အစိုးရရှေ့နေများက နယူးဂျာစီ အမျိုးသမီးတစ်ဦးကို ထိန်းသိမ်း အရေးယူလိုက်ကြောင်း ကြေညာပါတယ်။ ဒီအမျိုးသမီးက Selena ပိုင်ဆိုင်တဲ့ Email acc တွေကို Hack ပြီး Sel ရဲ့ Instagram acc မှာလဲ ပုံတွေ ဝင်တင်ခဲ့တာကြောင့်ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်ထဲမှာတင် ကြေညာခဲ့တာကတော့ Sel ဟာ ဒါရိုက်တာ Stephan Gaghan ရိုက်ကူးတဲ့ The Voyage of Dr Dolittle ရုပ်ရှင်မှာ ဝင်ရောက် အသံသရုပ်ဆောင်မယ်ဆိုတာပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ ဧပြီလ ၁၉ ရက် ၂၀၁၉ ခုနှစ်မှာ ထွက်လာမှာ ဖြစ်ပါတယ်။ Selena က Jim Jarmusch ရဲ့ ရုပ်ရှင် The Dead Don't Die မှာလဲ ပါဝင်လာဦးမှာပါ။

ထွက်ရှိပြီးတေးစီးရီးအယ်လ်ဘမ်များ[ပြင်ဆင်ရန်]

ဆယ်လီနာ သည် "Selena Gomez & the Scene" ဂီတအဖွဲ့တွင် ပင်တိုင်အဆိုတော်ဖြစ်ပြီး အခွေသုံးခွေထွက်ခဲ့သည်။ ထို့နောက်သူမတစ်ဦးတည်းအနေဖြင့် 2015 အထိ နှစ်ခွေထွက်ရှိထားသည်။ လက်ရှိ 2020 January 10 ရက်နေ့ တွင် Rare အမည်ရ Album တစ်ခု ထပ်မံထွက်ရှိထားသည်။

Selena Gomez & the Scene albums[ပြင်ဆင်ရန်]

  • Kiss & Tell (2009)
  • A Year Without Rain (2010)
  • When the Sun Goes Down (2011)

Solo albums[ပြင်ဆင်ရန်]

  • Stars Dance (2013)
  • Revival (2015)
  • Rare (2020)

နယ်လှည့်ဖျော်ဖြေပွဲများ[ပြင်ဆင်ရန်]

  • Stars Dance Tour (2013)
  • Revival Tour (2016)

ကိုးကား[ပြင်ဆင်ရန်]

  1. adidas NEO Label Signs Selena Gomez as New Style Icon and Designer – New Video Available။ news.adidas.com (November 20, 2012)။ July 10, 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ September 5, 201၆ တွင် ပြန်စစ်ပြီး။
  2. Selena GomezUNICEF USA။ August 5, 2016 တွင် ပြန်စစ်ပြီး။
  3. How to pronounce Selena Gomez
  4. In isolation, Gomez is pronounced [ˈɡomes]