ဆဒမ် ဟူစိန်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
အကြီးအကဲ (အတိုင်ပင်ခံပုဂ္ဂိုလ်)
ဆဒမ် ဟူစိန်
صدام حسين
Saddam Hussain 1980 (cropped).jpg
ဆဒမ် ဟူစိန် (၁၉၈၀)
အီရတ်နိုင်ငံ၏ ပဉ္စမမြောက် သမ္မတ
တာဝန်သက်တမ်း
16 July 1979 – 9 April 2003
ဝန်ကြီးချုပ်ဆဒမ် ဟူစိန် (1979–1991)
Sa'dun Hammadi (1991)
Mohammed Hamza Zubeidi (1991–1993)
Ahmad Husayn Khudayir as-Samarrai (1993–1994)
ဆဒမ် ဟူစိန် (1994–2003)
ယခင်လူအာမက် ဟတ်ဆန် အယ်ဘကာရ်
ဆက်ခံသူJay Garner (as Director of the Office for Reconstruction and Humanitarian Assistance of Iraq)
Chairman of the Revolutionary Command Council of Iraq
တာဝန်သက်တမ်း
16 July 1979 – 9 April 2003
ယခင်လူအာမက် ဟတ်ဆန် အယ်ဘကာရ်
ဆက်ခံသူOffice abolished
အီရတ်နိုင်ငံ ဝန်ကြီးချုပ်
တာဝန်သက်တမ်း
29 May 1994 – 9 April 2003
သမ္မတဆဒမ် ဟူစိန်
ယခင်လူAhmad Husayn Khudayir as-Samarrai
ဆက်ခံသူMohammad Bahr al-Ulloum as Acting President of the Governing Council of Iraq
တာဝန်သက်တမ်း
16 July 1979 – 23 March 1991
သမ္မတဆဒမ် ဟူစိန်
ယခင်လူအာမက် ဟတ်ဆန် အယ်ဘကာရ်
ဆက်ခံသူSa'dun Hammadi
အာရပ်ဆိုရှယ်လစ် ဘားသ်ပါတီ
တာဝန်သက်တမ်း
January 1992 – 30 December 2006
ယခင်လူMichel Aflaq
ဆက်ခံသူIzzat Ibrahim al-Douri
Regional Secretary of the Regional Command of the Iraqi Regional Branch
တာဝန်သက်တမ်း
16 July 1979 – 30 December 2006
National SecretaryMichel Aflaq (until 1989)
ဆဒမ် ဟူစိန် (from 1989)
ယခင်လူအာမက် ဟတ်ဆန် အယ်ဘကာရ်
ဆက်ခံသူIzzat Ibrahim ad-Douri
တာဝန်သက်တမ်း
February 1964 – October 1966
ယခင်လူAhmed Hassan al-Bakr
ဆက်ခံသူAhmed Hassan al-Bakr
Member of the Regional Command of the Arab Socialist Ba'ath Party – Iraqi Regional Branch
တာဝန်သက်တမ်း
February 1964 – 9 April 2003
အီရတ်နိုင်ငံ၏ ဒုတိယ သမ္မတ
တာဝန်သက်တမ်း
17 July 1968 – 16 July 1979
သမ္မတအာမက် ဟတ်ဆန် အယ်ဘကာရ်
ကိုယ်ရေး အချက်အလက်များ
မွေးဖွားSaddam Hussein Abd al-Majid al-Tikriti
(1937-04-28)၂၈ ဧပြီ၊ ၁၉၃၇
Al-Awja, Saladin Governorate, Kingdom of Iraq
ကွယ်လွန်၃၀ ဒီဇင်ဘာ၊ ၂၀၀၆(2006-12-30) (အသက် ၆၉)
အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့၊ ကာဒီမီးယားအရပ်၊ Camp Justice
ကွယ်လွန်ရသည့် အကြောင်းရင်းကြိုးပေးခံရခြင်း
နိုင်ငံရေးပါတီ
  • အာရပ်ဆိုရှယ်လစ် ဘားသ်ပါတီ (1957–1966)
  • ဘဂ္ဂဒက်အခြေသိုက် ဘားသ်ပါတီ (1966–2006)
  • အမျိုးသားတိုးတက်ပြောင်းလဲရေးတပ်ဦး
    (1974–2003)[၁][၂]
ကြင်ဖော်(များ)
  • Sajida Talfah
  • Samira Shahbandar
သားသမီး
  • Uday Hussein(deceased)
  • Qusay Hussein (deceased)
  • Raghad Hussein
  • Rana Hussein
  • Hala Hussein
လက်မှတ်
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံအီရတ်ဘားသ်ဝါဒ
တပ်/တပ်ဖွဲ့ခွဲအီရတ်တပ်မတော်
ရာထူးအကြီးအကဲ
တိုက်ပွဲ/စစ်ပွဲများအီရန်-အီရတ်စစ်ပွဲ
ပင်လယ်ကွေ့စစ်ပွဲ
အီရတ်-ကာ့ဒ် ပဋိပက္ခ
အီရတ်စစ်ပွဲ
ကူဝိတ်အားကျူးကျော်ခြင်း

ဆဒမ်း ဟူစိန်း အာ့ဘ် အယ်မဂျဒီး အက်လ် တက်ရ်တီး (အင်္ဂလိပ်: Saddam Hussein Abd al-Majid al-Tikriti)[၃][မှတ်စု ၁] 28 April 1937[မှတ်စု ၂] – 30 December 2006) သည် ၁၉၇၉ ဇူလိုင် ၁၆မှ မှ ၂၀၀၃ ဧပြီ ၉ အထိ တာဝန်ထမ်းဆောင်ခဲ့သော အီရတ်နိုင်ငံ၏ ပဉ္စမမြောက် သမ္မတတစ်ဦးဖြစ်သည်။[၈] တော်လှန်ရေး အာရပ် ဆိုရှယ်လစ်ဘားသ်ပါတီ(Arab Socialist Ba'ath Party)၏ ဦးဆောင် အဖွဲ့ဝင်ဖြစ်ခဲ့ပြီးနောက် (အီရတ်လူမျိုးရေးအဓိကဂိုဏ်း) ဘဂ္ဂဒက်အခြေစိုက် ဘားသ်ပါတီ နှင့် ၎င်း၏ဒေသတွင်းအဖွဲ့တစ်ခုဖြစ်သည့် (အာရပ်ရောနှောမှု နှင့် ဆိုရှယ်လစ်ဝါဒကိုလက်ခံအားပေးသော ဘားသ်ဝါဒ ) အီရတ်ဘားသ်ပါတီတို့၏ ထိပ်တန်းအဖွဲ့ဝင်လည်းဖြစ်သည်။ ၁၉၆၈အာဏာသိမ်းယူမှု၌ ဆဒမ်သည် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး အီရတ်တွင် ၎င်းပါတီအာဏာရလာခဲ့သည်။

ကျန်းမာရေးချူချာသော ဗိုလ်ချုပ်ကြီး အာမက် ဟတ်ဆန် အယ်ဘကာရ်(Ahmed Hassan al-Bakr) အောက်၌ ဒုတိယသမ္မတအဖြစ်ထမ်းဆောင်သည်။ အုပ်စုအဖွဲ့အများအပြားသည် အစိုးရကို တော်လှန်နိုင်ခြေရှိနိုင်သည်ဟုယူဆ၍ အစိုးရနှင့် လက်နက်ကိုင်တပ်ဖွဲ့မှားကြား ပဋိပက္ခများကို တင်းတင်းကျပ်ကျပ်ထိန်းချုပ်ရန် လုံခြုံရေးတပ်ဖွဲ့များကို ထူထောင်သည်။ ရေနံထုတ်လုပ်ခြင်းနှင့် နိုင်ငံခြားဘဏ်များ ကို ၁၉၇၀၌ ဆဒမ်က ပြည်သူပိုင်သိမ်းခဲ့ပြီး ကမ္ဘာ့ကုလသမဂ္ဂ၏ စီးပွားရေးပိတ်ဆို့မှု၊ ပင်လယ်ကွေ့စစ်ပွဲ၊ အီရန်-အီရတ် စစ်ပွဲများကြောင့် နိုင်ငံရေး၊ လူမှုရေးစနစ်ကြီးသည် နောက်ဆုံးတွင် ကြွေးထူခဲ့ရ၏ ။[၉] ရေနံမှရသောငွေကြေးသည် အီရတ်စီးပွားရေးကို လျှင်မြန်စွာဦးမော့လာစေရန် ကူညီနိုင်ခဲ့သဖြင့် ၁၉၇၀နှစ်များတစ်လျှောက်တွင် ဆဒမ်သည် အစိုးရစနစ်၌ ၎င်း၏ဩဇာကို ခိုင်မာစွာတည်ဆောက်နိုင်ခဲ့သည်။ နိုင်ငံ၏ အာဏာရနေရာအများစုကို ဆွတ်နီအာရပ်များဖြင့် ဖြည့်ဆည်းသည်။ ဆွတ်နီအာရပ်များမှာ လူနည်းစုဖြစ်၍ တိုင်းပြည်လူဦးရေ ငါးပုံတစ်ပုံအရေအတွက်ရှိလေသည်။[၁၀]

၁၉၇၉၌ ဆဒမ်မှာ တရားဝင်ရာထူးအာဏာရလာခဲ့သည်။ ထိုမတိုင်မီက ခုနှစ်နှစ်ကြာကြာ တရားဝင်မဟုတ်သော်လည်း အီရတ်၏ အဓိကခေါင်းဆောင်ပင်ဖြစ်၏ ။ လှုပ်ရှားမှုအချို့ကို နှိပ်ကွပ်သည်။ အထူးသဖြင့် ရှအာလှုပ်ရှားမှုနှင့် ကာ့ဒ်လှုပ်ရှားမှုတို့ဖြစ်သည်။ ထိုလှုပ်ရှားမှုနှစ်ခုမှာ အစိုးရပြုတ်ကျရေးနှင့် လွတ်လပ်မှုရရှိရေးကို အာရုံထား၍[၁၁] အီရန်-အီရတ်စစ်ပွဲနှင့် ပင်လယ်ကွေ့စစ်ပွဲအတွင်း အာဏာထိန်းရန်ကြိုးစားသော လှုပ်ရှားမှုဖြစ်သည်။ တစ်ဖက်တွင်လည်း အာရပ်တစ်ချို့က ဆဒမ်၏ အမေရိကန်ဆန့်ကျင်ရေးနှင့် အစ္စရေးအား တိုက်ခိုက်ခြင်းအတွက် ထောပနာပြုကြ၏ ။[၁၂][၁၃] ၎င်း၏ ရက်စက်ပြင်းထန်သည့် အာဏာရှင်ဆန်မှုကို ရှုတ်ချခြင်းခံရသည်။ နိုင်ငံရေးအရသုတ်သင်ခြင်းနှင့် လူမျိုးတုံးသတ်ဖြတ်မှုများစွာ၌ ဆဒမ်အစိုးအဖွဲ့ လုံခြုံရေးများက သတ်ဖြတ်သော အီရတ်ပြည်သူအရေအတွက်ကို နှစ်သိန်းခွဲ့ခန့်ရှိမည်ဟု ခန့်မှန်းကြသည်။[၁၄] အီရန်နှင့် ကူဝိတ်ကို ဆဒမ်၏ ကျူးကျော်မှုများ၏ စနက်ဖြင့် လူသိန်းချီ၍ သေစေခဲ့သည်။

အမေရိကန်ဦးဆောင်သော မဟာမိတ်အဖွဲ့မှ အီရတ်တွင် ဆဒမ်အားဖယ်ရှားရန် အီရတ်ကို ၂၀၀၃၌ တိုက်ခိုက်ခဲ့သည်။ ယင်းတိုက်ခိုက်မှုတွင် အမေရိကန်သမ္မတ ဂျော့ဘုရှ်၊ ဗြိတိသျှဝန်ကြီးချုပ် တိုနီဘလဲတို့က ၎င်းအား အဖျက်အင်အားကြီးလက်နက်များပိုင်ဆိုင်သည်၊ အယ်လ်ကေးဒါးအဖွဲ့နှင့် ချိတ်ဆက်မှုရှိသည် ဟု မှားယွင်းစွာ စွပ်စွဲကြသည်။[၁၅] ၎င်း၏ ဘားသ်ပါတီကို ဖျက်သိမ်း၍ ဒီမိုကရေစီကျကျ တိုင်းပြည်၏ ရွေးကောက်ပွဲများကို ကျင်းပစေနိုင်ခဲ့သည်။ ၂၀၀၃ ဒီဇင်ဘာ ၁၃၌ ဆဒမ်ကို လက်ဝယ်ဖမ်းမိ၏ ။ အီရတ်ကြားဖြတ်အစိုးရ၏ ရုံးတင်စစ်ဆေးခြင်းခံရပြီး အီရတ်တရားရုံးက ၎င်းအား လူ့အခွင့်ရေးရာဇဝတ်မှုဖ့င့် စွဲချက်တင်ကာ ကြိုးပေးခဲ့သည်။ ၂၀၀၆ ဒီဇင်ဘာ ၃၀၌ ကွပ်မျက်ခဲ့သည်။[၁၆]

ငယ်စဉ်ဘဝ[ပြင်ဆင်ရန်]

ငယ်စဉ်ကပုံ

ဆဒမ်မမွေးခင်ကပင် ဖခင်နှင့် အကိုဖြစ်သူတို့ ကင်ဆာကြောင့် ဆုံးပါးခဲ့သည်။ ဤအဖြစ်ဆိုးက မိခင် ဖြစ်သူကို ၎င်း၏ကိုယ်ဝန်ကိုဖျက်ချ၊ မိမိကိုယ်ကိုသတ်သေရန်အထိ စိတ်ဓာတ်ကျဆင်းစေခဲ့လေသည်။ ၎င်းကိုမွေးသောအခါ မိခင်က မဆိုင်သလိုနေခဲ့သောကြောင့် ဦးလေးတစ်ယောက်က ခေါ်ယူမွေးစားသည်။[၁၇]

မိခင်မှာ အိမ်ထောင်ထပ်မံပြုသဖြင့် ထိုအိမ်ထောင်မှ မအေတူညီအကိုသုံးယောက် ထပ်မံရရှိခဲ့သည်။ ပထွေး အီဘရာဟင် အယ်ဟတ်ဆန်က ဆဒမ်အိမ်ပြန်လာပြီးနောက် ဆိုးဆိုးရွားရွားဆက်ဆံသည်။ အသက် (၁၀)နှစ်ခန့်၌ အိမ်ကထွက်ပြေး၍ ဘဂ္ဂဒက်သို့ ပြန်ရောက်၍ ဦးလေးဖြစ်သူနှင့်နေခဲ့သည်။ ဦးလေးသည် ၎င်းအဖို့ ဖခင်သဖွယ်ပင်ဖြစ်၍[၁၈] ယောက္ခမလောင်းလည်းဖြစ်သည်။ ထိုဦးလေးသည် ဘာသာရေးကိုင်းရှိုင်းသော ဆွတ်နီမွတ်ဆလင်တစ်ဦး၊ အင်္ဂလိပ်-အီရတ်စစ်ပွဲမှ စစ်ပြန်တစ်ဦးဖြစ်ပြီး[၁၉] ဆဒမ်အာဏာရသောအခါ ဘဂ္ဂဒက်မြို့တော်ဝန် ဖြစ်လာခဲ့သည်။ ဆိုးဝါးသည့် အကျင့်ပျက်မှုများဖြစ်လာသောအခါ ဆဒမ်က ၎င်းအားရာထူးမှ ထုတ်ပယ်ခဲ့သည်။[၁၈]

ဇာတိမြို့ Tikritမှ ဆွေမျိုးများသည် နောက်ပိုင်းတွင် ဆဒမ်၏ အနီးကပ်ထောက်ခံသူ၊ အကြံပေးသူများဖြစ်လာကြသည်။ ဦးလေးဖြစ်သူ၏ ထိန်းကျောင်းမှုအောက်တွင် ဆဒမ်သည် ဘဂ္ဂဒက်ရှိ အမျိုးသားအထက်တန်းကျောင်းသို့ တက်ရောက်ကာ အထက်တန်းပြီးလျှင် အီရတ်ဥပဒေကျောင်း၌ သုံးနှစ်ပညာဆီးပူး၍ အသက် (၂၀) ၁၉၅၇၌ ကျောင်းထွက်ခဲ့သည်။ တော်လှန်ရေး ပန်-အာရပ် ဘားသ်ပါတီသို့ဝင်ရာတွင် ဦးလေးကထောက်ခံခဲ့သည်။ ယင်းအချိန်များ၌ အထက်တန်းကျောင်းဆရာဝင်လုပ်ရင်း ဘဝကျောင်းခဲ့သည်။[၂၀] ဘားသ်ဝါဒမှာ ဆီးရီးယားတွင် စတင်ပေါက်ဖွား၍ ထိုစဉ်က ဘားသ်ပါတီသည် ဆီးရီးယား၌ နောက်လိုက်နောက်ပါအများအပြားရှိ၏ ။ သို့သော် ၁၉၅၅အရောက်၌ အီရတ်တွင် ပါတီဝင်ဦးရေ ၃၀၀ထက်နည်းလာခဲ့သည်။ အီရတ်တွင်ရှိသော အခြေခိုင်သည့် အမျိုးသားပါတီများကို ဆန့်ကျင်မှုအဖြစ် ဆဒမ်၏ ဘားသ်ပါတီသို့ ဝင်ရောက်မှု မူလရည်ရွယ်ချက်ကား ၎င်းဦးလေးမှတဆင့် အာမက် ဟတ်ဆန် အယ်ဘကာရ်(နောင် ဗိုလ်ချုပ်ကြီး) နှင့် အခြားဘားသ်ဝါဒီများနှင့်ဆက်စပ်မှုများကြောင့်ဟု ယုံကြည်ကြသည်။[၁၈]

ဆဒမ်နှင့် ဘားသ်ပါတီကျောင်းသားများနိုင်ငံရေးအစု၊ ကိုင်ရိုမြို့၊ ၁၉၅၉-၁၉၆၃

တော်လှန်ရေးခံယူချက်များသည် အီရတ်နှင့် အရှေ့အလယ်ပိုင်း ထိုစဉ်အချိန်ခေတ်ကာလ၏ ဗီဇစိတ်များဖြစ်လေရာ လူ့အသိုက်အဝန်းပြုပြင်ပြောင်းလဲရေးနှင့် ဆိုရှယ်လစ်ဝါဒီများက စဉ်ဆက်နိုင်ငံရေးမှ အထက်တန်းလွှာများ(သူဌေးသူကြွယ် ကုန်သည် မြေရှင်ပဒေသရာဇ်များ)ကို အဆက်မပြတ် ထိုးနှက်တိုက်ခိုက်ခဲ့ကြသည်။[၂၁] ထို့အပြင် အီဂျစ်သမ္မတ ဂျမက်လီ အာ့ဘ် အနားဆယ်(Gamal Abdel Nasser)၏ ပန်-အာရပ် အမျိုးသားရေးဝါဒသည် ဆဒမ်ကဲ့သို့သော ဘားသ်ဝါဒီလူငယ်တို့အပေါ် နက်နဲစွာလွှမ်းမိုးခဲ့ပြီး အနားဆယ်၏ တော်လှန်ရေးသဘောများသည် အရှေ့အလယ်ပိုင်း၌ ၁၉၅၀၊ ၁၉၆၀နှစ်များ၌ အရိပ်ကဲ့သို့လွှမ်းမိုးနိုင်ခဲ့ကာ အီရတ်၊ အီဂျစ်၊ လစ်ဗျားတို့၏ နန်းဆက်များပြိုလဲသွားခဲ့သည်။ ၁၉၅၆ ဆူးအက်တူးမြောင်း အရေးအခင်းအတွင်း ပြင်သစ်၊ ဗြိတိသျှတို့ကို တိုက်ခိုက်ခြင်း၊ အီဂျစ်နိုင်ငံကို ခေတ်သစ်ပြုပြင်ခြင်း၊ အာရပ်ကမ္ဘာကို နိုင်ငံရေးအရ ညီညွတ်စေခြင်းဖြင့် အနားဆယ်သည် အရှေ့အလယ်ပိုင်းအမျိုးသားရေးတက်ကြွလှုပ်ရှားသူများကို စေ့ဆော်နိုင်ခဲ့လေသည်။[၂၂]

၁၉၅၈၊ ဆဒမ် ဘားသ်ပါတီသို့ ဝင်အပြီး တစ်နှစ်အကြာတွင် ဗိုလ်ချုပ် အာ့ဒ် အယ်လ်ကရီးမီးမ် ကားဇင်(Abd al-Karim Qasim)ဦးဆောင်သည့် စစ်တပ်အရာရှိများက အီရတ်ဘုရင် ဖေးဆယ်လ် (၂)အား ဖယ်ရှားနန်းချခဲ့သည်။ ဇူလိုင် ၁၄ တော်လှန်ရေးဟု သိကြသည်။

အာဏာရခြင်း[ပြင်ဆင်ရန်]

ကားဇင်၏ အစိုးရအဖွဲ့ဝင် ၁၆ယောက်အနက် ၁၂ဦးမှာ ဘားသ်ပါတီဝင်များဖြစ်သော်လည်း ကားဇင်မှာ အနားဆယ်၏ အာရပ်သမ္မတပြည်ထောင်စု (United Arab Republic) သို့ဝင်ရန် ဝင်ရန်ငြင်းဆန်သဖြင့် ပါတီသည် ၎င်းအားဆန့်ကျင်ခဲ့သည်။[၂၃] အစိုးအဖွဲ့တွင်း အာဏာခိုင်မြဲစေရန် ကားဇင်သည် ပန်-အရပ်ဝါဒကို ဆန့်ကျင်သည့် ကွန်မြူနစ်ပါတီနှင့် မဟာမိတ်ပြုသည်။[၂၄] ထိုနှစ်နှောင်း၌ ကားဇင်ကို လုပ်ကြံရန် ဘားသ်ပါတီခေါင်းဆောင်ပိုင်းမှ စီစဉ်နေပြီး ဆဒမ်မှာ လှုပ်ရှားမှု၏ ဦးဆောင်အဖွဲ့ဝင်ဖြစ်လာခဲ့သည်။ ပါတီဝင်အများစုမှာ ပညာတတ်၊ ကျောင်းသားများဖြစ်ပြီး ဆဒမ်သည် ထိုရည်ရွယ်ချက်အတွက် ကိုက်ညီသင့်တော်သည်။[၂၅]

၁၉၅၉ အောက်တိုဘာ ၇၊ ကားဇင်ကို အယ်လ်ရာရှစ်လမ်းမတွင် ချောင်းမြောင်းလုပ်ကြံရန်စီစဉ်ရာ၌ တစ်ဦးက ကားနောက်ဘက် ထိုင်သူများကို ပစ်ခတ်ရန်၊ ကျန်သူများက ကားအရှေ့မှသူများကို သတ်ရန်ဖြစ်၏ ။ ယာဉ်မောင်းသေပြီး ကားဇင်ကို ထိမှန်သည်။ လုပ်ကြံသူများက ကားဇင်သေဆုံးပြီမှတ်သဖြင့် ရုံးချုပ်သို့ ပြန်လည်ဆုတ်ခွာခဲ့၏ ။ သို့သော် ကားဇင် အသက်မသေခဲ့ပါ။[၂၆] မအောင်မြင်ခဲ့သော ဤလုပ်ကြံမှုတွင် ဆဒမ်၏ ကဏ္ဍသည် ဆယ်စုနှစ်ချီကြာကြာ ၎င်းပုံရိပ်၏ အရေးပါသောအပိုင်း ဖြစ်လာခဲ့သည်။

ဆဒမ်အပါအဝင် လုပ်ကြံသူတစ်ချို့ ဆီးရီးယားနိုင်ငံသို့ ထွက်ပြေးနိုင်ခဲ့သည်။[၂၇] တစ်ချို့မှာ အကျဉ်းချခံရသည်။ ထို့နောက် ဆီးရီးယားမှ အီဂျစ်သို့ ၁၉၆၀ ဖေဖော်ဝါရီတွင် ပြောင်းရွှေ့ခဲ့၍ ၁၉၆၃ထိ အီဂျစ်တွင်နေထိုင်ခဲ့သည်။[၂၈] ဘားသ်ပါတီနှင့်နွှယ်သော စစ်တပ်အရာရှိများက ၁၉၆၃ ဖေဖော်ဝါရီ ရမဒန်တော်လှန်ရေး၌ ဖယ်ရှားနိုင်ခဲ့၏ ။ ဘားသ်ခေါင်းဆောင်များကို အစိုးရအဖွဲ့တွင် နေရာပေးပြီး အဘ်ဒူလ် ဆာလန် အရစ်(Abdul Salam Arif)သမ္မတဖြစ်လာသည်။ ၁၉၆၃ နိုဝင်ဘာရောက်သောအခါ အရစ်က ဘားသ်ခေါင်းဆောင်များကို ဖြုတ်ချကာ အာဏာမောင်ပိုင်စီးသည်။ ဆဒမ်သည် ထိုအချိန်က အီဂျစ်၌သာ ရှိနေခဲ့သည်။ အရစ်၏ အာဏာသိမ်းအပြီး ဆဒမ်အီရတ်သို့ပြန်ရောက်ကာ အသစ်ဖွဲ့စည်းလိုက်သော ဘားသ်ပါတီ၏ အရေးမပါသောနေရာတွင်သာရပ်တည်နိုင်ပြီး လယ်သမားများဗဟိုအဖွဲ့၏ သေးကွေးသောရာထူးဖြင့်သာ ကျေနပ်ခဲ့ရလေသည်။[၂၉] အရစ်ကို လုပ်ကြံရန်အစီအစဉ်၌ ပါဝင်ပတ်သက်ခဲ့မိသဖြင့် ၁၉၆၄ အောက်တိုဘာတွင် အဖမ်းခံရပြီး ၁၉၆၆၌ ထွက်ပြေးလွတ်မြောက်ခဲ့သည်။[၃၀] ၁၉၆၆၊ အာမက် ဟတ်ဆန် အယ်လ်ဘကာရ်သည် ဆဒမ်ကို ဒေသတွင်းစစ်တိုင်းတစ်ခု၌ ဒုတိယအတွင်းရေးမှူးခန့်ခဲ့ကာ ကျွမ်းကျင်စီမံသူအဖြစ်သက်သေပြနိုင်ရင်း ပါတီကို ပြန်လည်အသက်ဝင်စေခဲ့၏ ။[၃၁] ၁၉၆၆၌ ဘားသ်ပါတီနှစ်ခြမ်ကွဲးသည်။ ဆီရီးယားဘက်ပိုင်း နှင့် ဘဂ္ဂဒက်ဘက်ပိုင်း ဖြစ်သည်။[၃၂] ဘားသ်ပါတီလုံခြုံရေးလုပ်ငန်းကို ဆဒမ်က တည်ထောင်၍ ၎င်းတစ်ဦးတည်းထိန်းချုပ်သည်။[၃၃]

၁၉၆၈ ဇူလိုင်၊ အယ်လ်ဘကာရ်ခေါင်းဆောင်သော သွေးမြေမကျ အာဏသိမ်းပွဲတွင် ဆဒမ်ပါဝင်ခဲ့ပြီး ဆာလန်အရစ်၏ ဆက်ခံသူညီ အဘ်ဒူလ်အရစ်ကို ဖယ်ရှားနိုင်ခဲ့လေသည်။ အရစ်ကို လန်ဒန်တွင် ခိုလှုံခဲ့ပြီး ယင်းနောက် အစ်စတန်ဘူးလ်တွင် ထပ်မံခိုလှုံသည်။ အယ်ဘကာရ်ကို သမ္မတအဖြစ်တင်မြှောက်ကြ၍ ဆဒမ်ကို ဒုတိယသမ္မတနှင့် ဘားသ်ပါတီ ဒုဥက္ကဋ္ဌနေရာ ပေးခဲ့သည်။ ဒုတိယရာထူးဖြစ်သော်လည်း ဇာတ်ခုံနောက်ကွယ်၌ ခိုင်မာသော နိုင်ငံရေးသမားတစ်ဦးဖြစ်သည်။

နိုင်ငံရေးအစီအစဉ်[ပြင်ဆင်ရန်]

၁၉၇၀နှစ်များ၌ အမျိုးသမီးစာတတ်မြောက်ရေး၊ ပညာရေးတို့ကို တိုးမြှင့်ခြင်း

၁၉၆၀-၁၉၇၀နှစ်များ၌ အယ်လဘကာရ်ပြီးလျှင် ဒုတိယဦးစီချုပ်၊ တော်လှန်ရေးထိပ်တန်းကောင်စီ၏ ဒုဥက္ကဋ္ဌအဖြစ် နိုင်ငံရေးပြုပြင်မှုများလုပ်ဆောင်ခဲ့သည်။[၃၄] ဘားသ်ပါတီကို ခိုင်မာညီညွတ်စေ၍ ပြည်တွင်းရေးပြဿနာများ၊ ပါတီနောက်လိုက်တိုးချဲ့ခြင်းများ ပြုလုပ်သည်။ ၁၉၆၈ ပါတီအာဏာရလျှင် လူမှုရေး၊ လူမျိုးစုရေး၊ ဘာသာရေး၊ စီးပွားရေးဆိုင်ရာများကို တည်ငြိမ်စေရန် အားထုတ်ခဲ့သည်။[၃၅] နိုင်ငံစီးပွားရေးခေတ်မီတိုးတက်စေရန်နှင့် အစိုးရယန္တယား၌ အာဏာသိမ်းမှုများမဖြစ်စေရန် ခိုင်မာသောလုံခြုံရေးရရန်ဖန်တီးသည်။


အဓိက၎င်း၏ မူဝါဒမှာ အီရတ်ရှိရေနံဖြစ်သည်။ ၁၉၇၂ နိုင်ငံတကာရေနံအကျိုးမြတ်များကို သိမ်းယူရာ၌ ကွပ်ကဲခဲ့၍ နောက်တစ်နှစ်အကြာ ၁၉၇၃-စွမ်းအင်အကျပ်အတည်းကြောင့် ရေနံဈေးများတဟုန်ထိုးတက်လာသဖြင့် ဆဒမ်သည် ၎င်း၏အစီအစဉ်ကို ထပ်မံချဲ့ထွင်နိုင်ခဲ့သည်။

နိုင်ငံတွင်း စာတတ်မြောက်ရေးများ၊ အခမဲ့ပညာရေးလှုပ်ရှားမှုများလုပ်ဆောင်ခဲ့သည်။ စစ်တပ်မိသားစုများကို ထောက်ပံ့သည်။ လူတိုင်းဆေးရုံတက်နိုင်ခွင့်၊ လယ်သမားများကို အမတော်ငွေချေးပေးခြင်းလည်းဆောင်ရွက်ခဲ့၏ ။ကုလသမဂ္ဂအဖွဲ့ UNESCOမှ ဆုရရှိခဲ့သည်။[၃၆][၃၇] ရေနံအခြေခံ လုပ်ငန်းများချဲ့၍ နိုင်ငံစီးပွားတက်စေပြီး လမ်းဖောက်၊ သတ္တုတွင်းတူးဖော်ခြင်းစသည်တို့ကိုလည်း လုပ်ဆောင်ခဲ့၏ ။ လျှပ်စစ်ဓာတ်များ မြို့တိုင်းနီးပါးရစေခြင်းလည်းလုပ်ဆောင်ခဲ့သည်။

ရေနံမှရသော အမြတ်များမှာ ဆဒမ်အားနိုင်ငံရေးအမြတ်ထွက်စေခဲ့သည်။[၃၈] ဂျူး၊ ပါရှန်းကျူးကျော်သူများအပေါ် အာရပ်ဝါဒီခုခံသူတစ်ဦးအဖြစ် ၎င်းကိုယ်ပိုင်ဝါဒများမှာ အလွန်ပိုလျှံနေပြီး ဗုံသံကဲ့သို့ တသမတ်တည်းဖြစ်နေ၏ ။ [၃၈]

Two men signing an agreement, with other men standing behind them
အယ်လီရှီး ကဆီဂျင် (ဝဲ) နှင့် အာမက် ဟတ်ဆန် အယ်လ်ဘကာရ် တို့ အီရတ်-ဆိုဗိယက် ပူးပေါင်းချစ်ကြည်ရေး လက်မှတ်ရေးထိုးစဉ်၊ ၁၉၇၂

၁၉၇၂တွင် ဆဒမ်သည် ဆိုဗီယက်ပြည်ထောင်စုနှင့် ပူးပေါင်းချစ်ကြည်ရေးစာချုပ်လက်မှတ်ထိုးသည်။ "အရှေ့အလယ်ပိုင်း စစ်အေးအစိတ်အပိုင်းအဖြစ် ထွက်ပေါ်လာခဲ့သော အမေရိကန်ပြည်ထောင်စု ထောက်ပံ့ထားသော လုံခြုံရေးစနစ်ကို ထိုစာချုပ်က ကသိကအောက်ဖြစ်စေခဲ့ကာ ဘဂ္ဂဒက်၏ ရန်သူမှန်သမျှသည် အမေရိကန်ပြည်ထောင်စု၏ အလားလာရှိသော မဟာမိတ်ဖြစ်ဖွယ်ရှိဟန်တူသည်" ဟုသမိုင်းပညာရှင် Charles R. H. Trippက ပြောကြားခဲ့သည်။[၃၉] တုံ့ပြန်သောအားဖြင့် ယူအက်စ်က ဒုတိယ အီရတ်-ကာ့ဒ်စစ်ပွဲ၌ မစတာဖာ ဘာဇာနီ၏ ကာ့ဒ်သူပုန်တပ်ဖွဲ့ကို ခိုးကြောင်ခိုးဝှက် ဘဏ္ဍာရေးထောက်ပံ့ပေးခဲ့သည်။ ၁၉၇၅တွင် ကာ့ဒ်များအရေးနိမ့်သဖြင့် ကာ့ဒ်ပြည်သူပေါင်းသိန်းချီ၍ အတင်းအဓမ္မနေရာရွှေ့ပြောင်းစေခဲ့သည်။[၃၉]

ရေနံလုပ်ငန်းပြည်သူပိုင်သိမ်းပြီးနောက် ကျေးလက်ခေတ်မီစေခြင်း၊ ကျယ်ပြန့်စွာဖြင့် စက်မှုလယ်ယာ ဖြစ်ပေါ်စေခြင်း နှင့် တောင်သူများကို မြေယာချထားပေးခြင်းတို့၌ကြီးကြပ်သည်။[၄၀] နိုင်ငံပိုင်ဘဏ်များသည် ၎င်း၏ကြိုးကိုင်မှုအောက်ရောက်၍ ချေးငွေကိစ္စများမှာ နီးကပ်သူအသိုင်းအဝိုင်းပေါ်အခြေခံဆောင်ရွက်သည်။[၉]

အာဏာပိုင်စိုးခြင်း[ပြင်ဆင်ရန်]

၁၉၇၆တွင် ဆဒမ်သည် ၎င်းတပ်မတော်၏ ဗိုလ်ချုပ်ကြီးရာထူးတိုးမြှင့်ရရှိခဲ့၍ လျှင်မြန်စွာပင် အာဏာရှင်ဖြစ်လာသည်။ အသက်အရွယ်၊ ကျန်းမာရေးကြောင့် အယ်လ်ကဘာရ်မှာ တာဝန်များကိုထမ်းဆောင်နိုင်ခြင်းမရှိချေ။ ဆဒမ်သာလျှင် ပြည်တွင်းပြည်ပ အစိုးရမျက်နှာစာတွင် အရေးပါသောနေရာယူခဲ့သည်။ နိုင်ငံခြားရေးမူဝါဒ၏ ဗိသုကာဖြစ်လာကာ သံတမန်ဆက်ဆံရေးကိစ္စများကို နိုင်ငံ့ကိုယ်စားပြုဆောင်ရွက်၏ ။ တရားဝင်ရာထူးအာဏာရသည့်အချိန် ၁၉၇၉မတိုင်မီကပင် တကယ့်အာဏာရှင်မှာ ဆဒမ်သာဖြစ်၏ ။

ဘားသ်ဝါဒခေါင်းဆောင်မှုအောက်တွင် အယ်လ်ဘကာရ်သည် ဆီးရီးယားနှင့် စစ်ရေးစာချုပ်များချုပ်ဆို၍ နှစ်နိုင်ငံပေါင်းစည်းညီညွတ်ရေးကို ဖြစ်စေခဲ့သည်။ ဆီးရီးယားသမ္မတ ဟားဖက် အယ်လ် အာဆတ်က ထိုပေါင်းစည်းခြင်းတွင် ဒုခေါင်းဆောင်ဖြစ်လာ၍ဆဒမ်အားမထင်မရှားဖြစ်သွားစေခဲ့သည်။ အာဏာကိုဆုပ်ကိုင်ရန် သေချာအားထုတ်ပြီး ကျန်းမာရေးချူချာသော ဗိုလ်ချုပ်ကြီးကို ၁၉၇၉ ဇူလိုင် ၁၆တွင် အနားယူစေကာ သမ္မတအဖြစ်တက်လာသည်။

၁၉၇၉ ဘားသ်ပါတီရှင်းလင်းခြင်း[ပြင်ဆင်ရန်]

ဆဒမ်က ဘားသ်ပါတီခေါင်းဆောင်များကို ညီလာခံခေါ်ယူသည်။ အစည်းအဝေး၌ Muhyi Abdel-Hussein ကို လျှို့ဝှက်ကြံစည်သူ (၆၈)ယောက်အမည်များကိုကြေငြာရန်ညွှန်ကြားခဲ့သည်။ သစ္စာမရှိဟုခေါင်းစဉ်တပ်ကာ တစ်ဦးခြင်း အခန်းထဲကဖယ်ရှားခဲ့သည်။ ၂၂ဦးကို သေဒဏ်ပေးခဲ့လေသည်။ နောက်ပိုင်း ဘားသ်ပါတီထိပ်တန်း အခြားအဖွဲ့ဝင်များကိုလည်း သေဒဏ်ပေးခဲ့သေးသည်။[၄၁][၄၂]

ပါလီမန်နှင့် ရဲအဖွဲ့များ[ပြင်ဆင်ရန်]

အီရတ်လူမှုအဖွဲ့အစည်းတွင် ဘာသာစကား၊ ဘာသာရေး၊ မျိုးနွယ်စုပြဿနာအက်ကွဲကြောင်းများရှိ၏ ။ လောကီသဘောတရားအရ ပန်-အာရပ် သဘောတရားရေးရာကိုကျင့်သုံးသော်လည်း ဤဝါဒကိုယ်တိုင်ကပင် အရေးပါသောလူဦးရေအပိုင်းများအတွက် ပြဿနာဖြစ်နေ၏ ။ ၁၉၇၉ အီရန်တော်လှန်ရေးပြီးနောက် ရှအာ(ရှိးအယစ်)အဖွဲ့နှစ်ခုက နိုင်ငံအုပ်ချုပ်သူခေါင်းဆောင်ပိုင်းပြောင်းလဲရန်အလားအလာအားထုတ်မှုမျိုးကို အီရတ်နိုင်ငံရင်ဆိုင်ခဲ့ရသည်။ ထိုအဖွဲ့များက အီရန်၏ ရှအာဘာသာရေးအယူအဆများကို အီရတ်အားပုံသွင်းရန် ရည်ရွယ်ချက်ထား၏ ။ ကာ့ဒ်လူနည်းစုနေသောဒေသများက အီရတ်၏ အစိတ်အပိုင်းဖြစ်နေရခြင်းကိုဆန့်ကျင်ကာ လွတ်လပ်ရေးလိုချင်ကြသည်မှာ အီရတ်အဖို့ ခြိမ်းချောက်မှုပင်ဖြစ်သည်။ ထိုအန္တရာယ်ရှိနိုင်သော လူများအတွက် အကျိုးပြုမှုတစ်ချို့ကို လုပ်ဆောင်ပေးခဲ့ကာ တော်လှန်ရေးခြိမ်းချောက်မှုကို ပြေလျော့စေခဲ့သည်။[၄၃]

ဤထိန်းချုပ်မှုများအောင်မြင်ရန် အဓိကကိရိယာများမှာ ရဲအဖွဲ့များနှင့် ပါလီမန်ဖြစ်၏ ။ ၁၉၇၄မှအစပြု၍ ဆဒမ်နှင့်နီးစပ်သူ Taha Yassin Ramadanက ပြည်တွင်းလုံခြုံမှုကို တာဝန်ယူရသော ပြည်သူ့စစ်တပ်ကို ကွပ်ကဲသည်။ ဘားသ်ပါတီ၏ ထောက်ကူဖြစ်သော ပြည်သူ့စစ်တပ်သည် ပုံမှန်တပ်မတော်က အာဏာသိမ်းရန်မည်သည့်အားထုတ်မှုများအတွက်မဆို တန်ပြန်လုပ်ဆောင်ရန်အတွက်ဖြစ်သည်။ ဆဒမ်၏ညီ Barzan Ibrahim al-Tikritiက လျှို့ဝှက်ရဲတပ်ဖွဲ့ မူခရာဘာရတ်ကို ဦးဆောင်သည်။ ဆဒမ်အလိုကျ ပြည်တွင်းပြည်ပထုတ်နှုတ်ရှင်းအစီအစဉ်များလုပ်ဆောင်ပေးခဲ့သည်။[၄၃] သူ့လူများကိုပင် ခြိမ်းချောက်ထိတ်လန့်စေသည်အတွက် မှတ်သားဖွယ်ဖြစ်သည်။ The Economist သတင်းစာက ဆဒမ်ကို "၂၀ရာစု၏ ကြီးကျယ်သော နောက်ဆုံးအာဏာရှင်များထဲက တစ်ယောက်၊ အထူးအားဖြင့် အတ္တ၊ ရက်စက်မှု၊ အာဏာတပ်မက်မှုတွင် ဖြစ်၏ ။"ဟု ဖော်ပြသည်။[၃၈] အီရတ်ပြည်သူပေါင်း နှစ်သိန်းခွဲကို သေစေခြင်း၊[၁၄] အီရန်၊ ကူဝိတ်၊ ဆော်ဒီတွင် စစ်ရာဇဝတ်မှုများကို ကျူးလွန်ခြင်းများကိုဖြစ်စေသည့် ဆဒမ်၏ စိုးမိုးအုပ်ချုပ်မှုပင်ဖြစ်သည်။


ပုံရိပ်လွှာ[ပြင်ဆင်ရန်]

ဆဒမ်ကို အမွှမ်းတင်သည့် ဝါဒဖြန့်ပုံ

အာဏာခိုင်မြဲစေရန်အထိမ်းအမှတ်အဖြစ် ဆဒမ်၏ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုသည် အီရတ်တွင် ပျံ့နှံ့ခဲ့ကာ ၎င်း၏ရုပ်လုံးပုံ၊ ရုပ်တု၊ ပိုစတာ၊ နံရံဆေးရေးစသည်တို့ကို အီရတ်တစ်ခွင်တွင် တည်ရှိချိတ်ဆွဲစေ၏ ။ ၎င်း၏ မျက်နှာပုံများကို ရုံး၊ ကျောင်း၊ လေဆိပ်၊ ဈေးဆိုင်များ၊ ငွေစက္ကူများတွင် မြင်နိုင်ခဲ့သည်။

ရုပ်ပြရွေးကောက်ပွဲနှစ်ခုကို လုပ်ဆောင်သည်။ ၁၉၉၅ တွင် မဲဆန္ဒရှင် (၈.၄)သန်းမှ မဲလာပေးသူ (၉၉.၄၇%)မှ ကန့်ကွက်မဲ သုံးထောင်ကျော်သာရရှိသဖြင့် (၉၉.၉၆%)ဖြင့် နိုင်သည်။[၄၄][၄၅] ၂၀၀၂၌ မဲပေးသူ (၁၀၀%)တွင် ထောက်ခံမဲ(၁၀၀%)ရရှိ၍ နောက်တစ်ရက်၌ ထုတ်ပြန်သည်မှာ လူဦးရေ (၁၁,၄၄၅,၆၃၈)တွင် အားလုံးထောက်ခံသည်ဟူ၍ ဖြစ်သည်။[၄၆]

နိုင်ငံခြားရေးရာ[ပြင်ဆင်ရန်]

အီရတ်နိုင်ငံ၏ အာရပ်ကမ္ဘာနှင့် ဆက်ဆံရေးမှာ လွန်စွာအပြောင်းလဲများသည်။ အီဂျစ်နှင့် ဆက်ဆံရေး ၁၉၇၇တွင် ပျက်ယွင်းသည်။ ၁၉၇၈ ဘဂ္ဂဒက်က အာရပ်အဖွဲ့ချုပ်ထိပ်သီးအစည်းအဝေးကို လက်ခံကျင်းပရာ၌ အီဂျစ်၏ ကမ့်ဒေးဗစ် သဘောတူညီမှုကိုလက်ခံသည့်အတွက် ရှုံချဖယ်ကျဉ်သည်။ သို့သော် အီရန်-အီရတ်စစ်ပွဲ၌ အီဂျစ်တို့၏ အီရတ်အား ကုန်ကြမ်းပစ္စည်းနှင့် သံတမန်ရေးရာထောက်ပံ့မှုများက နှစ်နိုင်ငံအရာရှိကြီးများကြား နွေးထွေးသောဆက်ဆံရေးနှင့် အဆက်မပြတ်သောထိတွေ့မှုများဖြစ်လာခဲ့သည်။ တရားဝင်သံကိုယ်စားပြုမှုကား မလုပ်ဆောင်ခဲ့ကြ။ ၁၉၈၃မှစ၍ အီဂျစ်၏ အာရပ်ကမ္ဘာ၌ သဘာဝကျမှန်ကန်သည့်ကဏ္ဍပြန်လည်တည်ဆောက်ရန် အီရတ်က တောင်းဆိုမှုများ ဆက်တိုက်ဆိုသလိုရှိခဲ့သည်။

အာရပ်ထိပ်သီးအစည်းအဝေး၊ ဘဂ္ဂဒက်မြို့၊ ၁၉၇၈၌ ဆဒမ် ဟူစိန်နှင့် ဟာဖက် အယ်အာဆတ်(ဆီးရီးယား)

​ဆဒမ်သည် အနောက်နိုင်ငံနှစ်နိုင်ငံသို့သာ လည်ပတ်ဖူး၏ ။ပထမခရီးစဉ်မှာ စပိန်အာဏာရှင် ဖရန်စစ် ဖရန်ကို၏ ဖိတ်ကြားမှုဖြင့် ၁၉၇၄ ဒီဇင်ဘာတွင် စပိန်နိုင်ငံသို့လည်းကောင်း[၄၇] ဒုတိယအနေဖြင့် ၁၉၇၅၌ ပြင်သစ် သမ္မတ ရှ(ခ်) ရှီးဟိုက်ခ် (Jacques Chirac)တွေ့ဆုံရန် ပြင်သစ်နိုင်ငံသို့လည်းကောင်း သွားရောက်ခဲ့သည်။[၄၈] ရှီးဟိုက်ခ်၏ ပါတီကို ငွေကြေးထောက်ပံ့ခဲ့သည်ဟု တစ်ချို့ကဆိုကြသည်။ ပြင်သစ်က ဆဒမ်ကို လက်နက်ထောက်ပံ့သောကြောင့် ဆဒမ်အုပ်စိုးစဉ်ကာလတစ်လျှောက် အီရတ်၏ အကြီးမားဆုံးသော ကုန်သွယ်ရေးမိတ်ဖက်ဖြစ်ခဲ့သည်။ သိမ်းယူရရှိသော စာရွက်စာတမ်းများက ယခင်ပြည်ထဲရေးဝန်ကြီး အပါအဝင် ရှီးဟိုက်ခ်နှင့် နီးစပ်သော ပြင်သစ်အရာရှိများ၊ စီးပွားရေးသမားများလည်း ဆဒမ်နှင့် ဆက်ဆံရောင်းဝယ်မှုများမှ အကျိုးအမြတ်ရရှိခဲ့ကြသည်ဟု ဆိုသည်။[၄၈]

၁၉၇၂တွင် ဆိုဗီယက်ပြည်ထောင်စုနှင့် ကူညီမှုဆိုင်ရာ ကတိကဝတ်စာချုပ် ချုပ်ဆိုခဲ့သည်။ သို့သော်လည်း ၁၉၇၈၌ အီရတ်ကွန်မြူနစ်ဖြိုခွဲခံရပြီး အနောက်ဘက်ဆီသို့ ကုန်သွယ်မှု ရွေ့ရှားသွားသောကြောင့် ဆိုဗိယက်နှင့်ဆက်ဆံရေးတင်းမာခဲ့သည်။ ၁၉၉၁ ပင်လယ်ကွေ့စစ်ပွဲမတိုင်ခင်ထိ အနောက်ဘက်အခင်းအကျင်းကို ပို၍လုပ်ဆောင်ခဲ့သည်။[၄၉]

၁၉၇၅တွင် ဆဒမ်သည် အီရန်နှင့် နယ်စပ်အငြင်းပွားမှုအပေါ် အီရတ်က လိုက်လျောသည့် သဘောတူညီမှုရရှိကာ အီရန်က အပြန်အလှန်အားဖြင့် အီရတ်၌ရှိသော ကာ့ဒ်များကို ထောက်ပံ့ခြင်းရပ်ဆိုင်ရန် သဘောတူခဲ့သည်။ ပြင်သစ်အကူအညီရ၍ နျူကလီယားလုပ်ငန်း စတင်သည်။ ၁၉၈၁ ဇွန် ၇တွင် အစ္စရေးလေတပ်ဗုံးကြဲတိုက်ခိုက်မှုဖြင့် ထိုဓာတ်ပေါင်းဖို ပျက်စီးခဲ့ရ၏ ။[၅၀] ၁၉၇၀ ကာ့ဒ်ခွဲထွက်ရေးခေါင်းဆောင်များနှင့် စေ့စပ်ဆွေးနွေးပြီး ကိုယ်ပိုင်အုပ်ချုပ်ရေးပေးခဲ့သော်လည်း ထိုသဘောတူညီချက် ပျက်ခဲ့သည်။ ကာ့ဒ်တို့နှင့် ပြင်းထန်သော စစ်ဆင်နွှဲခဲ့ရာတွင် အီရန်၌ရှိသော ကာ့ဒ်ရွာများကိုပါ ဗုံကြဲတိုက်ခိုက်သဖြင့် အီရန်နှင့် ဆက်ဆံရေး ပျက်သည်။ ၁၉၇၅၌ ပြန်လည်ညှိနှိုင်းခဲ့ကြသည်။

အီရန်-အီရတ်စစ်ပွဲ[ပြင်ဆင်ရန်]

၁၉၈၀ နှစ်များဆီက အီရတ်အား လက်နက်ထောက်ပံ့သူ ချီလီစီးပွားရေးသမား Carlos Cardoen အတူ

၁၉၇၉အစောပိုင်း အီရန်၏ ရှားဘုရင် Mohammad Reza Pahlaviကို အစ္စလာမ္မစ်တော်လှန်ရေးက နန်းဆင်းစေခဲ့ရာ အာယတိုလ ခိုမေးနီဦးဆောင်၍ အစ္စလာမ္မစ်သမ္မတနိုင်ငံထူထောင်ရန် လမ်းပွင့်ခဲ့သည်။ ရှအာအစ္စလာမ်တော်လှန်ရေးလွှမ်းမိုးမှုသည် ရှအာဘာသာဝင်များသော တိုင်ပြည်များ အထူးသဖြင့် အီရတ်၌ ကြီးထွားလာသဖြင့် ဆဒမ်၏ အုပ်စိုးမှုကို အန္တရာယ်ရှိလာမည်ကို ၎င်းကစိုးရွံ့ခဲ့သည်။

၁၉၇၀မှစတင်ကာ ဆဒမ်နှင့် ခါမေးနီတို့သည် ခါးသီးသောရန်သူများဖြစ်ခဲ့ကြ၏ ။ ၁၉၆၄ ခါမေးနီ ပြည်နှင်ဒဏ်ခံရပြီး အီရတ်တွင် ခိုလှုံခဲ့ရာ အီရန်အစိုးရကိုဆန့်ကျင်ရန် အီရတ်ရှိ ရှအာဘာသာဝင်များနှင့်ပတ်သက်ခဲ့သည်။ ဆဒမ်ကိုလည်း ဖြုတ်ချရန် နှိုးဆော်ခဲ့သည်။ ၁၉၇၅ အီရန်နှင့် ဆက်ဆံရေးပြေလည်ပြီး ၁၉၇၈၌ ခါမေးနီကို နှင်ထုတ်သဖြင့် ပြင်သစ်သို့ ခါမေးနီခိုလှုံပြန်သည်။ အီရတ်၏ ကုလအမြဲတမ်းသံအမတ် Salah Omar al-Aliနှင့် သီးသန့်လျှို့ဝှက်တွေ့ဆုံရာ၌ အီရန်ကို လများအတွင်းကျူးကျော်ထိပါးရန် ရည်ရွယ်ချက်ရှိသည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။ နောက်ပိုင်း (ဖြစ်နိုင်ခြေရှိသည်မှာ အမေရိကန်နှင့် အနောက်အုပ်စုထံမှ ထောက်ခံအားပေးမှု တောင်းဆိုမှုရှိသည်) ၎င်း၏ ရည်ရွယ်ချက်အဖြစ် ထိုအီရန်၏ အစ္စလာမ္မစ်အစိုးရကို ဖယ်ရှားရန်ပြုသည်။[၅၁]

အရှေ့အလယ်ပိုင်း အထူးသံတမန် ဒေါ်နယ်လ် ရမ်းစဖက်လ်နှင့် တွေ့ဆုံစဉ်၊ ၁၉၈၃။ ရမ်းစဖက်လ်သည် ဂျော့ဘုရှ်လက်ထက်၌ အမေရိကန်ကာကွယ်ရေးဝန်ကြီး ဖြစ်၍ အီရတ်စစ်ပွဲတွင် မဟာမိတ်တပ်ကို ဦးဆောင်သူလည်းဖြစ်သည်။

အီရတ်က အီရန်ကို ကျူးကျော်သည်။ တီဟီရန်မြို့လေဆိပ်၊ ရေနံကြွယ်ဝသော Khuzestanဒေသတို့ကို ၁၉၈၀ စက်တင်ဘာ ၂၂တွင် တိုက်ခိုက်ရင်း ထိုနေရာသည် အီရတ်၏ နယ်မြေသစ်ဖြစ်သည်ဟုလည်း ကြေငြာခဲ့သည်။ အာရပ်နိုင်ငံများ၊ အမေရိကန်၊ ဥရောပတို့က ထောက်ခံကြပြီး ပါရှန်းပင်လယ်ကွေ့အာရပ်နိုင်ငံများက ငွေကြေးအမြောက်အမြားထောက်ပံ့ခဲ့သည်။ ဆိုဗိယက်က ကြားနေသဘောဖြင့် ထောက်ပံ့မှုမပေးချေ။ နိုင်ငံတကာဥပဒေနှင့် နိုင်ငံတကာနယ်စည်းမျဉ်းကို ပေါ်ပေါ်ထင်ထင် ချိုးဖောက်မှုတို့ကို လျစ်လျူရှုခဲ့ကြ၏ ။ ယင်းအစား အီရတ်သည် စီးပွားရေး၊ စစ်ရေးထောက်ပံ့မှုများကို မဟာမိတ်များထံမှရခဲ့၏ ။[၅၁] ပထမနေ့ရက်များတွင် ဗျူဟာကျသော ဆိပ်ကမ်းများတဝိုက် မြေပြင်တိုက်ခိုက်မှု အကြီးအကျယ်ရှိခဲ့သည်။ ပထမပိုင်း အကျိုးအမြတ်ရှိစေကာမူ ကြာသောအခါ အီရတ်တပ်များဆုံးရှုံးလာပြီး ၁၉၈၂၌ ခံစစ်အသွင်ဖြစ်လာရာ စစ်ကို အဆုံးသတ်ရန် နည်းလမ်းကို အီရတ်တို့ရှာဖွေခဲ့သည်။

အီရတ်နိုင်ငံသည် ၂၀ရာစု၏ အရှည်ကြာဆုံးနှင့် ပျက်စီးစေဆုံးဖြစ်သည့် ယုတ်လျော့လာသော စစ်ရေးကိစ္စ၌ ညပ်မိနေခဲ့သည်။ အီရတ်က တောင်ပိုင်းစစ်မျက်နှာပြင်တွင် ဓါတုလက်နက်များသုံးခဲ့သည်။ ကာ့ဒ်ခွဲထွက်ရေးသမားများက အီရန်ကူညီမှုဖြင့် မြောက်ဘက်စစ်မျက်နှာပြင်ဖွင့်သည်။ အမေရိကန်က အီရတ်ကို အီရန်တပ်ဖွဲ့များချထားရာနေရာပြသော ဂြိုဟ်တုမြေပုံများပေးသည်။[၅၂]

ပါရှန်းပင်လယ်ကွေ့မှ အီရန်ရေတပ်လက်ဝယ်၌ အီရတ်ရေနံတွင်းများအလူးအလဲခံရသောအခါ အခြားအာရပ်နိုင်ငံများဆီသို့ ငွေကြေးနှင့် နိုင်ငံရေးကူညီရန် လက်ဖြန့်တောင်းခံခဲ့သည်။ ဆိုဗိယက်၊ တရုတ်၊ ပြင်သစ်၊ အမေရိကန်တို့ဆီမှ စစ်ရေး၊ ဘဏ္ဍာရေး၊ သံတမန်ရေးစသည်တို့ကို အောင်မြင်စွာရရှိခဲ့လေသည်။ အကြောင်းမှာ ထိုဒေသတွင်း အီရန်တော်လှန်ရေးကျယ်ပြန့်လာမည်ကို အားလုံးကစိုးရိမ်ကြ၏ ။ ကုသမဂ္ဂက စစ်ပြေငြိမ်းရန်တောင်းဆိုသော်လည်း ၁၉၈၈ ဩဂုတ်လထိ ရန်လိုမှုများဆက်လက်ဖြစ်ခဲ့ကြသည်။ ကာ့ဒ်မြို့ Halabjaကို ဓါတုဓာတ်ငွေ့ နှစ်မျိုးဖြင့် တိုက်ခိုက်ရာ ပြည်သူ (၅,၀၀၀)သေဆုံပြီး လူတစ်သောင်းကျော်ကို ကိုယ်လက်အင်္ဂါချို့ယွင်းစေခြင်း၊ ပုံပျက်သွားစေခြင်း၊ ကြံ့ခိုင်မှုအားနည်းစေခြင်းများဖြစ်ပေါ်စေခဲ့သည်။[၅၃]

သွေးစွန်းခဲ့ရသည့် ရှစ်နှစ်ကြာစစ်ပွဲသည် သရေရလဒ်ဖြင့်သာပြီးဆုံးခဲ့သည်။ လူတစ်သန်းခန့်ထိသေဆုံးနိုင်ကြောင်းခန့်မှန်းကြသည်။


အယ်အန်ဖယ် စစ်ဆင်ရေး[ပြင်ဆင်ရန်]

အယ်အန်ဖယ် စစ်ဆင်ရေးသည် ဆဒမ်အစိုးရဦးဆောင်သော အီရတ်ရှိ ကာ့ဒေသမှ ကာ့ဒ်မျိုးနွယ်အပေါ် လူမျိုးတုံးသတ်ဖြတ်မှုကြီးဖြစ်၏ ။[၅၄] ဤစစ်ဆင်ရေးသည် Shabaks၊ Yazidis၊ Assyrians၊ Turkomanနှင့် Mandeans စသည့်လူမျိုးများအပေါ် ပစ်မှတ်ထားတိုက်ခိုက်သည်။ ရွာများကိုဖျက်ဆီးသည်။ လူ့အခွင့်အရေးစောင့်ကြည့်သူများအရ လူပေါင်း ငါးသောင်းနှင့် တစ်သိန်းကြား သေဆုံးသည်ဟု ခန့်မှန်းဖော်ပြကြသည်။[၅၅] ကာ့ဒ်ဘက်သတင်းရင်းမြစ်များက လူပေါင်း (၁၈၂,၀၀၀)ဟု ဆိုကြသည်။[၅၆]

ကူဝိတ်နိုင်ငံနှင့် တင်းမာခြင်း[ပြင်ဆင်ရန်]

အီရန်နှင့် စစ်ပွဲပြီးဆုံးခြင်းသည် ချမ်းသာသောအိမ်နီးချင်း ကူဝိတ်နိုင်ငံနှင့် အုံ့ပုံးတင်းမာမှုများဖြစ်စေရန်အကြောင်းဖန်လာခဲ့သည်။ အီရတ်က ကူဝိတ်တို့အား စစ်အတွင်းက ကြွေးမြီများ ($ ၃၀ဘီလီယံ)ကို လျှော့ပေါ့ရန် တောင်းဆိုခဲ့ရာ ကူဝိတ်တို့က ငြင်းဆန်ခဲ့သည်။[၅၇]

ရေနံတင်ပို့သောနိုင်ငံများကို ဆီဈေးတက်ရန်နှင့် ထုတ်လုပ်မှု လျှော့ချရန် တွန်းအားပေခဲ့သည်။ အိုပက်အဖွဲ့တွင် ကူဝိတ်က ခေါင်းဆောင်လုပ်ကန့်ကွက်ခဲ့သည်။

ဆဒမ်က ကူဝိတ်သည် သမိုင်းကြောင်းအရ အီရတ်၏ အစိတ်အပိုင်းဖြစ်ကြောင်းနှင့် ဗြိတိသျှနယ်ချဲ့တို့၏ ကစားကွက်ကြောင့်သာ ယခုလို ကူဝိတ်ဖြစ်တည်ခဲ့သည်ဟု အမြဲတမ်းအငြင်းပွားခဲ့သည်။[၅၇] ကူဝိတ်ရေနံမြေတည်ရှိမှုပမာဏကလည်း ဒေသတွင်းပိုမိုတင်းမာစေခဲ့သည်။ ပထဝီအနေအထားအရ ကမ္ဘာ့ရေနံမြေ၏ ၂၀%ခန့်မှာ ထိုနှစ်နိုင်ငံပိုင်ဆိုင်သည်။ နှိုင်းယှဉ်ပြောရလျှင် ဆော်ဒီနိုင်ငံက ၂၅% ပိုင်သည်။[၅၇]

အမေရိကန်သံအမတ် အေပရယ်လ် ဂလက်စ်ပိုင်း အရေးပေါ်အစည်းအဝေး၌ ဆဒမ်နှင့် တွေ့ဆုံစဉ်

အီရတ်-ကူဝိတ်ဆက်ဆံရေးများ လျှင်မြန်စွာပင် ပျက်စီးလာသည့်အတွက် အမေရိကန်ပြည်ထောင်စုထံမှ ကူဝိတ်အပေါ်ကျူးကျော်ရန်အလားအလာရှိမှုနှင့် ပတ်သက်ပြီး ဝိရောဓိဖြစ်ဖွယ် သတင်းအချက်အလက်များကို ဆဒမ် ရရှိခဲ့သည်။ ရော်နယ်လ် ရီဂန် အစိုးရက အီရတ်အား အီရန်ကိုဆန့်ကျင်သည့်အနေဖြင့် စိုက်ပျိုးရေးချေးငွေ ယူအက်စ်ဒေါ်လာ ၄ ဘီလီယံခန့် ထုတ်ပေးထား၍[၅၈] ဆဒမ်၏ အီရတ်အတွက် အမေရိကန်အကူညီအများဆုံးရသော တတိယမြောက်နိုင်ငံဖြစ်ခဲ့သည်။[၅၉]

၁၉၉၀ ဧပြီလ၌ အနောက်အုပ်စု၏ ဝေဖန်မှုကို တုံ့ပြန်သောအားဖြင့် အစ္စရေးက အီရတ်အပေါ်လှုပ်ရှားမှုရှိက ဓါတုလက်နက်ဖြင့် အစ္စရေးနိုင်ငံတစ်ဝက်ခန့်ကို ဖျက်ဆီးမည်ဟုခြိမ်းခြောက်ပြောဆိုသည်။[၆၀] မေလရောက်သောအခါ ယူအက်စ်၏ အစ္စရေးကို ထောက်ပံ့အားပေးမှုအားဝေဖန်ခဲ့၏ ။[၆၁] ဇူလိုင်တွင် ကူဝိတ်နှင့် ယူအေအီးကို တပ်အင်အားဖြင့်ခြိမ်းခြောက်ခဲ့သည်။[၆၂] ဤခြိမ်းခြာက်မှုကို တုံပြန်ရန် အမေရိကန်က လေယာဉ်များနှင့် စစ်သင်္ဘောများအား ပါရှန်းပင်လယ်ကွေ့သို့ စေလွှတ်၏ ။[၆၃]

ဇူလိုင် ၂၅၊ အမေရိကန်သံအမတ် အေပရယ်လ် ဂလက်စ်ပိုင်းက ဆဒမ်နှင့် အရေးပေါ်အစည်းအဝေး၌တွေ့ဆုံရာ ကူဝိတ်၊ ယူအေအီးအပေါ် အမေရိကန်၏ မူဝါဒကို တိုက်ခိုက်ဝေဖန်ခဲ့သည်။

နောက်ပိုင်းတွင် အီရတ်နှင့် ကူဝိတ်တို့ နောက်ဆုံးအကြိမ်တွေ့ဆုံညှိနှိုင်းခဲ့ရာ မအောင်မြင်ခဲ့ပေ။ ဆဒမ်က ကူဝိတ်သို့ တပ်များလွှတ်ခဲ့သည်။ ဝါရှင်တန်နှင့် အီရတ်ဆက်ဆံရေးအခြေအနေတင်းမာလာခဲ့သဖြင့် မစ်ဟေး ဂေါ်ဗာချော့ဗ်လက်ထက် ဆိုဗိယက်က အီရတ်နှင့် စစ်ရေးဆက်ဆံမှု ခိုင်မြဲအောင်လုပ်ခဲ့ပြီး စစ်ရေးစစ်ရာအကြံဉာဏ်၊ လက်နက်၊ အကူအညီများ ထောက်ပံ့ခဲ့၏ ။[၆၄]

ပင်လယ်ကွေ့ စစ်ပွဲ[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ပင်လယ်ကွေ့ စစ်ပွဲ

၁၉၉၀ ဩဂုတ်လ ၂၊ ဆဒမ်သည် ကူဝိတ်တော်လှန်ရေးများကိုကူညီသည်ဟု အခိုင်အမာဆိုရင်း ကူဝိတ်ကိုကျူးကျော်သဖြင့် နိုင်ငံတကာအရေးကိစ္စကြီးတစ်ခုကို အစပျိုးခဲ့သည်။ ၁၉၉၀ ဩဂုတ်တွင် ကူဝိတ်အားသိမ်းယူပြီးနောက် အမေရိကန်ဦးဆောင်သော ကုသမဂ္ဂမဟာမိတ်တပ်တို့သည် ၁၉၉၁ ဖေဖော်ဝါရီ၌ အီရတ်တပ်များအား ကူဝိတ်မှ မောင်းထုတ်နိုင်ခဲ့သည်။ စစ်ပြေငြိမ်းရေးစာချုပ် တစ်စိတ်တစ်ပိုင်းအနေဖြင့် အီရတ်သည် အဆိပ်ငွေ့လက်နက်များ၊ ဇီဝလက်နက်များကိုဖျက်ဆီးရန် သဘောတူခဲ့ပြီး ကုလသမဂ္ဂလေ့လာစစ်ဆေးသူများကိုလည်း စစ်ဆေးခွင့်ပေးခဲ့သည်။ ကုလ၏ ကုန်သွယ်ရေး ပိတ်ဆို့မှုများသည် အီရတ်နိုင်ငံ စာချုပ်ပါအချက်များကို လိုက်နာသည်အထိအကျုံးဝင်ခဲ့သည်။

ပင်လယ်ကွေ့စစ်အပြီးနှင့် နောက်ပိုင်းအခြေအနေ[ပြင်ဆင်ရန်]

နိုင်ငံပိုင်ရုပ်မြင်သံကြား၌ မိန်ခွန်းပြောကြားစဉ်၊ ၂၀၀၁ ဇန်နဝါရီလ။

တိုက်ခိုက်မှုများပြီးစီးသွားသည့်နောက် ရှအာမူစလင်များ၊ ကာ့ဒ်များနှင့် အစိုးရနှင့် သဘောထားကွဲလွဲကြသည့် လက်နက်ကိုင်တပ်ဖွဲ့များအကြား လူမှုရေး၊ လူမျိုးရေးမတည်ငြိမ်မှုများပေါ်ပေါက်ကာ ဆဒမ်အစိုးရ၏ တည်ငြိမ်မှုကို ခြိမ်းခြောက်လာခဲ့သည်။ မြောက်ပိုင်းကာ့ဒ်နယ်မြေနှင့် တောင်ပိုင်း နှင့် အလယ်ပိုင်း ရှအာမူစလင်နယ်မြေများတွင် အုံကြွမှုများပေါ်ပေါက်ခဲ့ရာ ရက်စက်စွာနှိပ်ကွပ်ခဲ့သည်။ ၁၉၉၁ အုံကြွပုန်ကန်မှုများသည် အများစုသောပြည်သူလူထုအပါအဝင် လူပေါင်း ၁၀၀,၀၀၀ - ၁၈၀,၀၀၀ ခန့်သေဆုံးစေခဲ့သော ဖြစ်ရပ်တစ်ခုဖြစ်၏ ။[၆၅]

ကမ္ဘာ့ကုလသမဂ္ဂ၏ အီရတ်အပေါ် ပိတ်ဆို့အရေးယူမှုများကို ဖယ်ရှားမပေးခဲ့ချေ။ ရေနံတင်ပို့မှုများကို ပိတ်ပင်ခဲ့သည်။ ၁၉၉၆ ဒီဇင်ဘာ ၉တွင် ဆဒမ်အစိုးရသည် ကုလသမဂ္ဂ၏ ရေနံနှင့် အစားအစာလဲလှယ်ရေး အစီအစဉ်ကို လက်ခံခဲ့သည်။

၁၉၉၆၌ တွေ့ရစဉ်။

အီရတ်-အမေရိကန်တို့၏ ဆက်ဆံရေးများ ပင်လယ်ကွေ့စစ်ပွဲပြီးနောက် ဆက်လက်တင်းမာလျှက်ပင်ရှိခဲ့သည်။ အမေရိကန်က ၁၉၉၃ ဇွန် ၂၆၌ ဘဂ္ဂဒက်ရှိ အီရတ်စစ်ရေးဆိုင်ရာသတင်းအချက်အလက်များကို စုဆောင်းရယူအသုံးချ ရုံးချုပ်(intelligence headquarters) များကို အလိုလျောက်ထိန်းချုပ်ပျံသန်းသည့် ဒုံးလက်နက်များဖြင့် တိုက်ခိုက်ခဲ့သည်။ အီရတ်က ပင်လယ်ကွေ့စစ်ပွဲပြီးနောက် ချမှတ်ထားသော မပျံသန်းရနယ်မြေ ကို အကြိမ်ကြိမ်ချိုးဖောက်သောကြောင့်ဟု အမေရိကန်ကဆိုသည်။ အီရတ်ကို အဖျက်စွမ်းအားကြီးသောလက်နက်များပိုင်ဆိုင်သည်၊ အမေရိကန်၏ စီးပွားရေးပိတ်ဆို့မှုများကို ချိုးဖောက်သည်ဟု အမေရိကန်အရာရှိများက စွပ်စွဲကြသည်။ သမ္မတ ကလင်တန်လက်ထက်၌ ဆက်လက်ပိတ်ဆို့အရေးယူကာ ၁၉၉၈ ဒီဇင်ဘာတွင် အီရတ်နိုင်ငံအတွင်းမပျံသန်းရနယ်မြေများတွင် ကန္တာရမြေခွေးစစ်ဆင်ရေးအမည်ဖြင့် ယူအက်စ်၊ ယူကေတို့က ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ၂၀၀၁ ဖေဖော်ဝါရီ၌ ဘဂ္ဂဒက်မြို့အနီးရှိနေရာများကို ယင်းနှစ်နိုင်ငံကပင် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ပြန်သည်။

၂၀၀၂၊ အီးယူတင်သွင်းသော ဖြေရှင်းရန်နည်းလမ်းကို လူ့အခွင့်အရေးကော်မရှင်က လက်ခံကျင့်သုံး၍ အီရတ်တွင် လူ့အခွင့်အရေးအခြေအနေတိုးတက်မှုမရှိဟု ထုတ်ပြန်သည်။ ထိုထုတ်ပြန်ချက်၌ ဆဒမ် ဟူစိန်အစိုးရသည် "နိုင်ငံတကာ လူသားခြင်းစာနာထောက်ထားခြင်းဆိုင်ရာ ဥပဒေနှင့် လူ့အခွင့်အရေးများကို စနစ်တကျ၊ ကျယ်ကျယ်ပြန့်ပြန့်၊ အလွန်ဆိုးရွားစွာ ချိုးဖောက်သည်" ဟု ပြစ်တင်ရှုတ်ချထားသည်။ ဖြေရှင်းရန်နည်းလမ်းများက တောင်းဆိုသည်မှာ အီရတ်သည် ဥပဒေနှင့်မညီသော၊ ထင်တိုင်းကြဲသောသတ်ဖြတ်ခြင်းများ... နိုင်ငံရေးလက်နက်တစ်ခုအဖြစ် မုဒိန်းအမှုကျူးလွန်ခြင်းများ စသည်တို့ကို ချက်ချင်းဆိုသလိုရပ်တန့်ရန်ဖြစ်သည်။[၆၆]

၂၀၀၃-အီရတ်အားတိုက်ခိုက်ခြင်း[ပြင်ဆင်ရန်]

အီရတ်ကို ကျူးကျော်အပြီး၌ ဖာဒို့စ်ရင်ပြင်ရှိ ဆဒမ်ရုပ်တုအား ဖြိုလှဲခြင်း

နိုင်ငံတကာအသိုင်းအဝိုင်း အထူးသဖြင့် အမေရိကန်ပြည်ထောင်စုသည် ဆဒမ် ဟူစိန်အား ဒေသတွင်းတည်ငြိမ်မှုကို ခြိမ်းခြောက်သည့် ရန်လိုသော အာဏာရှင်အဖြစ်ဆက်လက်ရှုမြင်ခဲ့ကြ၏ ။ သမ္မတ ဂျော့ဘုရှ်၏ ၂၀၀၂ လွှတ်တော်မိန့်ခွန်းတွင် "ဝင်ရိုးစွန်းတန်းနိုင်ငံများအဖြစ် အီရန်၊ အီရတ်၊ မြောက်ကိုရီးယားတို့ဖြစ်ကြောင်း၊ အီရတ်အစိုးရကိုဖြုတ်ချရန် ဆောင်ရွက်ကောင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အီရတ်အစိုးရသည် အဖျက်အင်အားကြီးသော ဓါတုလက်နက်၊ နျူကလီးယားလက်နက်များ တည်ဆောက်ထုတ်လုပ်နေသည်.....၎င်းတို့၏ အမေရိကန်အပေါ်ရန်လိုမှုကို ကြွားလုံးထုတ်ကာ အကြမ်းဖက်အားပေးနေသည်"ဟု ပြောဆိုခဲ့သည်။[၆၇][၆၈]

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် ၁၄၄၁ထုတ်ပြန်ခဲ့သည်။ ထိုထုတ်ပြန်ချက်၌ ကုလသမဂ္ဂနှင့် နျူကလီယားစုံစမ်းစစ်ဆေးရေးအဖွဲ့ IAEAနှင့် ချွင်းချက်မရှိ တက်ကြွစွာပူးပေါင်းဆောင်ရွက်ရမည်ဟုပါရှိသည်။[၆၉] ဆဒမ်က Hans Blixခေါင်းဆောင်သော ကုလလက်နက်စစ်ဆေးရေးမှူးများကို ၂၀၀၂ နိုဝင်ဘာ၌ ဝင်ခွင့်ပြုသည်။ Blixက အဖျက်လက်နက်များမတွေ့၊ လုပ်ဆောင်ရန်အလားအလာရှိဟု မှတ်ချက်ပြုခဲ့သည်။[၇၀]

၂၀၀၃ ဖေဖော်ဝါရီ ၂၄၊ စစ်ပွဲဖြစ်ရန် အလားအလာရှိချိန်၌ CBSသတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းလုပ်ခဲ့ပြီး သူထံတွင် မည်သည့် စွမ်းအားကြီးအဖျက်လက်နက်များမရှိဟု ငြင်းချက်ထုတ်ခဲ့သည်။[၇၁]

မတ်လ ၂၀တွင် အမေရိကန်နိုင်ငံဦးဆောင်သော ၂၀၀၃-အီရတ်အားကျူးကျော်တိုက်ခိုက်ခြင်းအစပြုသည့်နေ့မှစ၍ သုံးပတ်အတွင်း အီရတ်အစိုးရနှင့် စစ်တပ်ပြိုလဲခဲ့သည်။ ဧပြီအစောပိုင်း၌ အီရတ်နေရာအများအပြားကို ထိန်းချုပ်နိုင်ခဲ့သည်။ ဧပြီ ၉ရက်နေ့ ဘဂ္ဂဒက်ကျရှုံးခဲ့သည်။ ဖာဒို့စ်ရင်ပြင်ရှိ ဆဒမ်ရုပ်တုကြီးအားဖြိုလှဲဖျက်ဆီးခဲ့ကြသည်။ [၇၂]

အကျဉ်းချခြင်းနှင့် ရုံးတင်စစ်ဆေးခြင်း[ပြင်ဆင်ရန်]

၂၀၀၃ ဒီဇင်ဘာတွင် အမေရိကန်စစ်သားများက ဆဒမ်အားရှာဖွေတွေ့ရှိနေစဉ်
ဖမ်းမိပြီးမကြာမီတွင် တွေ့ရပုံ
ဖမ်းမိပြီးနောက် ၎င်း၏ ရုပ်အသွင်ကို အတည်ပြုရန် မုတ်ဆိတ်ရိတ်ထားသောပုံ

မြို့တော်ကျဆုံးပြီး ဆဒမ်တည်ရှိသော နေရာသည် မေးခွန်းထုတ်ဖွယ်ဖြစ်နေခဲ့သည်။ ၂၀၀၃ ဒီဇင်ဘာ ၁၃၊ အနီရောင်အာရုံဦးစစ်ဆင်ရေးဖြင့် ဆဒမ်ကို Tikrit မြို့အနီး ယာခင်းအိမ်အနီးဝန်းကျင်မြေကျင်းတစ်ခု၌ ဖမ်းမိခဲ့ကြသည်။ Tikritမြို့အနီးရှိ အမေရိကန်အခြေစိုက်စခန်း၊ ထို့နောက် ဘဂ္ဂဒက်မြို့အနီးရှိ အခြေစိုက်စခန်းသို့ပို့ဆောင်ခဲ့ကြသည်။ အမျိုးသားလုံခြုံရေးမော်ကွန်းတိုက်က ထုတ်ပြန်သော စာရွက်စာတမ်းများက FBIနှင့် ဆဒမ် မေးမြန်းမှုများကို အသေးစိတ်ဖော်ပြထားသည်။[၇၃]

၂၀၀၄ ဇွန် ၃၀တွင် အမေရိကန်တို့အခြေစိုက်စခန်း၌ ဘားသ်ဝါဒီခေါင်းဆောင် ၁၁ဦးနှင့်အတူ ဆဒမ် ဟူစိန်ကို အီရတ်ကြားဖြတ်အစိုးရသို့ ရုံးတင်စစ်ဆေးရန်လွှဲပေးခဲ့သည်။ ၂၀၀၆ နိုဝင်ဘာ ၅၊ ဆဒမ် ဟူစိန်အား လူသားခြင်းစာနာမှုဆိုင်ရာ ရာဇဝတ်ပြစ်မှုတွေ့ရှိ၍ ကြိုးပေး(သေဒဏ်)ပေးခဲ့သည်။[၇၄]

ကြိုးပေးခြင်း[ပြင်ဆင်ရန်]

၂၀၀၆ ဒီဇင်ဘာ ၃၀၌ ကြိုးပေးခဲ့ကြသည်။ သေနတ်ဖြင့်ပစ်ရန်တောင်းဆိုသော်လည်း ကြိုးဒဏ်သာပေးခံရ၏ ။[၇၅] ထိုကြိုးပေးမှုကို ဘဂ္ဂဒက်မြို့အရှေ့မြောက်ဘက်အနီးဝန်းကျင်ရှိသော Kadhimiyaက အီရတ်စစ်တပ်၏ Camp Justiceတွင် ပြုလုပ်ခဲ့ကြသည်။ ဆဒမ်ကို အီရတ်နိုင်ငံ၊ Tikritမြို့၊ Al-Awjaရှိ မွေးရပ်မြေ၌ ၂၀၀၆ ဒီဇင်ဘာ၃၁တွင် မြုပ်နှံခဲ့ကြသည်။

အစိုးရနှင့် ပါတီရာထူးစာရင်း[ပြင်ဆင်ရန်]

အီရတ်နိုင်ငံ ဝန်ကြီးချုပ် (၁၉၇၉-၁၉၉၁ နှင့် ၁၉၉၄-၂၀၀၃)

  • အီရတ် လျှို့ဝှက်သတင်းရယူရေးဌာန (၁၉၆၃)
  • အီရတ်နိုင်ငံ ဒုတိယသမ္မတ (၁၉၆၈-၁၉၇၉)
  • အီရတ်နိုင်ငံ ဒုတိယသမ္မတ (၁၉၇၉–၂၀၀၃)
  • အီရတ်နိုင်ငံ ဝန်ကြီးချုပ် (၁၉၇၉-၁၉၉၁ နှင့် ၁၉၉၄-၂၀၀၃)
  • အီရတ် တော်လှန်ရေးကွပ်ကဲရေးကောင်စီ ဥက္ကဋ္ဌ (၁၉၇၉-၂၀၀၃)
  • အာရပ်ဆိုရှယ်လစ်ဘားသ်ပါတီ ဒေသကွပ်ကဲရေးအတွင်းရေးမှူး(၁၉၇၈–၂၀၀၆)
  • ဘားသ်ပါတီ အမျိုးသားကွပ်ကဲရေးအထွေထွေအတွင်းရေးမှူး(၁၉၈၉–၂၀၀၆)
  • အာရပ်ဆိုရှယ်လစ်ဘားသ်ပါတီ ဒေသကွပ်ကဲရေးလက်ထောက်အတွင်းရေးမှူး(၁၉၆၆–၁၉၇၉)
  • ဘားသ်ပါတီ အမျိုးသားကွပ်ကဲရေးလလက်ထောက်အထွေထွေအတွင်းရေးမှူး(၁၉၇၉–၁၉၈၉)

မှတ်စု[ပြင်ဆင်ရန်]

  1. Saddam, pronounced [sˤɑdˈdæːm], is his personal name, and means the stubborn one or he who confronts in Arabic. Hussein (Sometimes also transliterated as Hussayn or Hussain) is not a surname in the Western sense, but a patronymic, his father's given personal name; Abid al-Majid his grandfather's; al-Tikriti means he was born and raised in (or near) Tikrit. He was commonly referred to as Saddam Hussein, or Saddam for short. The observation that referring to the deposed Iraqi president as only Saddam is derogatory or inappropriate may be based on the assumption that Hussein is a family name: thus, The New York Times refers to him as "Mr. Hussein",[၄] while Encyclopædia Britannica uses just Saddam.[၅] A full discussion can be found here.[၆]
  2. Under his government, this date was his official date of birth. His real date of birth was never recorded, but it is believed to be between 1935 and 1939.[၇]

ကိုးကား[ပြင်ဆင်ရန်]

  1. National Progressive FrontEncyclopædia Britannica
  2. Eur (2002). The Middle East and North Africa 2003. Psychology Press, 494. ISBN 978-1-85743-132-2 
  3. "Hussein". Random House Webster's Unabridged Dictionary.
  4. Burns၊ John F.။ "Defiant Hussein Rebukes Iraqi Court for Trying Him"၊ 2 July 2004။ 2 July 2004 တွင် ပြန်စစ်ပြီး 
  5. Saddam HusseinEncyclopædia Britannica
  6. Shewchuk၊ Blair။ "Saddam or Mr. Hussein?"၊ CBC News Online၊ February 2003။ 
  7. Con Coughlin, Saddam: The Secret Life Pan Books, 2003 (ISBN 0-330-39310-3).
  8. Online NewsHour Update: Coalition Says Iraqi Regime Has Lost Control of Baghdad — 9 April 2003။ Pbs.org (9 April 2003)။ 1 December 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 March 2011 တွင် ပြန်စစ်ပြီး။
  9. ၉.၀ ၉.၁ "Banking in Iraq – A tricky operation"၊ The Economist၊ 24 June 2004။ 
  10. (2002) Saddam Hussein: A Political Biography. Grove Press. ISBN 978-0-8021-3978-8 
  11. "U.S. Relations With Anti-Saddam Groups" . Congressional Research Service. Retrieved on 15 April 2012. 
  12. Finkelstein, Norman G., "Reflections on Palestinian Attitudes During the Gulf War," Journal of Palestine Studies, Spring 1992
  13. "Analysis: Instability benefits Saddam Hussein"၊ BBC News၊ 16 October 2000။ 20 September 2013 တွင် ပြန်စစ်ပြီး 
  14. ၁၄.၀ ၁၄.၁ War in Iraq: Not a Humanitarian InterventionHuman Rights Watch (25 January 2004)။ 31 May 2017 တွင် ပြန်စစ်ပြီး။ “Having devoted extensive time and effort to documenting [Saddam's] atrocities, we estimate that in the last twenty-five years of Ba'ath Party rule the Iraqi government murdered or 'disappeared' some quarter of a million Iraqis, if not more.”
  15. "Iraq War | 2003–2011" (in en)၊ Encyclopedia Britannica 
  16. "Saddam Hussein executed in Iraq"၊ BBC News၊ 30 December 2006။ 
  17. "Was a Tyrant Prefigured by Baby Saddam?"၊ The New York Times၊ Arthur Ochs Sulzberger Jr.၊ 2004-05-15။ 
  18. ၁၈.၀ ၁၈.၁ ၁၈.၂ (2002) Saddam Hussein: A Political Biography. Grove Press. ISBN 978-0-8021-3978-8 
  19. Eric Davis, Memories of State: Politics, History, and Collective Identity in Modern Iraq, University of California Press, 2005.
  20. Batatu, Hanna (1979). The Old Social Classes & The Revolutionary Movement in Iraq. Princeton University Press. ISBN 0-691-05241-7 
  21. R. Stephen Humphreys, Between Memory and Desire: The Middle East in a Troubled Age, University of California Press, 1999, p. 68.
  22. Humphreys, 68
  23. Coughlin, Con (2005). Saddam: His Rise and Fall. [းHarper Perennial, 24–25. ISBN 0-06-050543-5 
  24. Coughlin, Con (2005). Saddam: His Rise and Fall. Harper Perennial, 25–26. ISBN 0-06-050543-5 
  25. Coughlin, Con (2005). Saddam: His Rise and Fall. Harper Perennial, 26. ISBN 0-06-050543-5 
  26. Coughlin, Con (2005). Saddam: His Rise and Fall. Harper Perennial, 30. ISBN 0-06-050543-5 
  27. Coughlin, Con (2005). Saddam: His Rise and Fall. Harper Perennial, 33. ISBN 0-06-050543-5 
  28. (2002) Saddam Hussein: A Political Biography. Grove Press. ISBN 978-0-8021-3978-8 
  29. (2002) Saddam Hussein: A Political Biography. Grove Press. ISBN 978-0-8021-3978-8 
  30. (2002) Saddam Hussein: A Political Biography. Grove Press. ISBN 978-0-8021-3978-8 
  31. Tripp, Charles (2010). A History of Iraq. Cambridge University Press, 183. ISBN 978-0-521-87823-4 
  32. (2002) Saddam Hussein: A Political Biography. Grove Press. ISBN 978-0-8021-3978-8 
  33. (2002) Saddam Hussein: A Political Biography. Grove Press. ISBN 978-0-8021-3978-8 
  34. CNN, "Hussein was symbol of autocracy, cruelty in Iraq," 30 December 2003. [၁]
  35. Humphreys, 78
  36. Saddam Hussein, CBC News, 29 December 2006
  37. Jessica Moore, The Iraq War player profile: Saddam Hussein's Rise to Power, PBS Online Newshour Archived 15 November 2013 at the Wayback Machine.
  38. ၃၈.၀ ၃၈.၁ ၃၈.၂ "Saddam Hussein – The blundering dictator"၊ The Economist၊ 4 January 2007။ 
  39. ၃၉.၀ ၃၉.၁ Tripp, Charles (2002). A History of Iraq. Cambridge University Press. ISBN 978-0-521-87823-4 
  40. Khadduri, Majid. Socialist Iraq. The Middle East Institute, Washington, D.C., 1978.
  41. Bay Fang. "When Saddam ruled the day." U.S. News & World Report. 11 July 2004. Archived 16 January 2014 at the Wayback Machine.
  42. Edward Mortimer. "The Thief of Baghdad." New York Review of Books. 27 September 1990, citing Fuad Matar. Saddam Hussein: A Biography. Highlight. 1990. Archived 23 July 2008 at the Wayback Machine.
  43. ၄၃.၀ ၄၃.၁ Helen Chapin Metz (ed) Iraq: A Country Study: "Internal Security in the 1980s", Library of Congress Country Studies, 1988
  44. "No surprise in Iraqi vote"၊ The New York Times၊ 17 October 1995။ 29 January 2012 တွင် ပြန်စစ်ပြီး 
  45. "Iraq – July 22 – Saddam Plans Referendum"၊ FindArticles။ 29 January 2012 တွင် ပြန်စစ်ပြီး။ Archived from the original on 15 July 2012။ 
  46. "Saddam 'wins 100% of vote'"၊ BBC၊ 16 October 2002။ 29 January 2012 တွင် ပြန်စစ်ပြီး 
  47. [https://elpais.com/diario/2003/03/02/domingo/1046580756_850215.html El obsequio de Sadam a Franco
  48. ၄၈.၀ ၄၈.၁ "The Chirac Doctrine" (Fall 2005). The Middle East Quarterly. 
  49. Helen Chapin Metz (ed) Iraq: A Country Study: "The West", Library of Congress Country Studies, 1988
  50. BBC, 1981: Israel bombs Baghdad nuclear reactor, BBC On This Day 7 June 1981 referenced 6 January 2007
  51. ၅၁.၀ ၅၁.၁ Esposito, John, "Political Islam Revolution, Radicalism, or Reform", Political Islam and Gulf Security, Lynne Rienner Publishers, ISBN 1-55587-262-X, pp. 56–58
  52. Dickey, Christopher၊ Thomas, Evan။ "How Saddam Happened"၊ 22 September 2002။ 20 August 2011 တွင် ပြန်စစ်ပြီး။ Archived from the original on 13 December 2011။ 
  53. Saddam's Chemical Weapons Campaign: Halabja, 16 March 1988 – Bureau of Public Affairs
  54. [၂] The Anfal Campaign Against the Kurds. A Middle East Watch Report: Human Rights Watch 1993.
  55. Iraqi Anfal, Human Rights Watch, 1993။ Hrw.org။ 20 September 2013 တွင် ပြန်စစ်ပြီး။
  56. Ethnic Cleansing and the Kurds။ Jafi.org.il (15 May 2005)။ 2 December 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 September 2013 တွင် ပြန်စစ်ပြီး။
  57. ၅၇.၀ ၅၇.၁ ၅၇.၂ Humphreys, 105
  58. A free-access on-line archive relating to U.S.–Iraq relations in the 1980s is offered by The National Security Archive of the George Washington University. It can be read on line at [၃]. The Mount Holyoke International Relations Program also provides a free-access document briefing on U.S.–Iraq relations (1904–present); this can be accessed on line at [၄].
  59. Peter W. Galbraith။ "The true Iraq appeasers"၊ The Boston Globe၊ 31 August 2006။ 16 July 2008 တွင် ပြန်စစ်ပြီး 
  60. Alan Cowell, "Iraq Chief, Boasting of Poison Gas, Warns of Disaster if Israelis Strike", New York Times, 3 April 1990
  61. Alan Cowell။ "Iraqi Takes Harsh Line at Meeting"၊ The New York Times၊ 29 May 1990။ 20 September 2013 တွင် ပြန်စစ်ပြီး 
  62. Youssef M. Ibrahim, "Iraq Threatens Emirates And Kuwait on Oil Glut", New York Times, 18 July 1990
  63. Michael R. Gordon, "U.S. Deploys Air and Sea Forces After Iraq Threatens 2 Neighbors", The New York Times, 25 July 1990
  64. "Bush to Gorbachev: Choose Between Saddam and the West," by Jay P. Kosminsky and Michael Johns, Heritage Foundation Executive Memorandum #280, 30 August 1990. Archived 23 September 2013 at the Wayback Machine.
  65. "2 Mass Graves in Iraq Unearthed"၊ Los Angeles Times၊ 5 June 2006။ 23 September 2018 တွင် ပြန်စစ်ပြီး 
  66. "UN condemns Iraq on human rights"၊ BBC News၊ 19 April 2002။ 
  67. Bush, George W. (29 January 2002). State of the Union (Speech). Washington, D.C. Retrieved 31 December 2006. 
  68. George W. Bush။ "Full text: State of the Union address"၊ BBC News၊ 30 January 2002။ 31 December 2006 တွင် ပြန်စစ်ပြီး 
  69. "CNN Transcript of Blix's remarks"၊ Cnn.com၊ 27 January 2003။ 5 August 2010 တွင် ပြန်စစ်ပြီး 
  70. UN news briefing။ Un.org (7 March 2003)။ 5 August 2010 တွင် ပြန်စစ်ပြီး။
  71. "Behind The Scenes With Saddam"၊ CBS News၊ 24 February 2003။ 31 December 2006 တွင် ပြန်စစ်ပြီး 
  72. "Smashing statues through the ages"။ 13 January 2011 တွင် ပြန်စစ်ပြီး။ Archived from the original on 26 March 2010။ 
  73. Joyce Battle:Saddam Hussein Talks to the FBI: Twenty Interviews and Five Conversations with "High Value Detainee # 1" in 2004National Security Archive (1 July 2009)။ 15 August 2018 တွင် ပြန်စစ်ပြီး။
  74. Mariam Karouny and Ibon Villelabeitia။ "Iraq court upholds Saddam death sentence"၊ The Washington Post၊ 26 December 2006။ 12 November 2008 တွင် ပြန်စစ်ပြီး 
  75. ""I Want a Firing Squad", Web"၊ Sky News၊ 5 November 2006။ 7 March 2007 တွင် ပြန်စစ်ပြီး။ Archived from the original on 11 October 2007။