စွန်းဒါး ပစ်ချိုင်း

ဝီကီပီးဒီးယား မှ
စွန်းဒါး ပစ်ချိုင်း
စွန်းဒါး ပစ်ချိုင်း (၂၀၂၃)
မွေးဖွားပစ်ချိုင်း စွန်းဒါးရာရာဂျန်
(1972-06-10) ဇွန် ၁၀၊ ၁၉၇၂ (အသက် ၅၁)
မွန်ဒူရေမြို့ တမီးလ်နာဒူပြည်နယ်၊ အိန္ဒိယနိုင်ငံ
နိုင်ငံလူမျိုးအိန္ဒိယ
နိုင်ငံသားအမေရိကန်ပြည်ထောင်စု
ပညာရေးIIT Kharagpur (BTech)
စတန်းဖို့ဒ် တက္ကသိုလ် (မဟာသိပ္ပံဘွဲ့)
ပင်ဆယ်ဗေးနီးယား တက္ကသိုဘ် (MBA)
အလုပ်အကိုင်Businessman
ဘွဲ့Alphabet နှင့် ဂူဂယ်အမှုဆောင် အရာရှိချုပ်
ဘုတ်အဖွဲ့ဝင်
အိမ်ထောင်ဖက်(များ)Anjali Pichai
သားသမီး
ရရှိသည့်ဆုများ Padma Bhushan (၂၀၂၂)
လက်မှတ်


ပစ်ချိုင်း စွန်းဒါးရာရာဂျန် (၁၉၇၂ ဇွန် ၁၀ ဖွား [၃]), စွန်းဒါး ပစ်ချိုင်း ဟု လူသိများသူ သည် အိန္ဒိယ-အမေရိကန် စီးပွားရေးအမှုဆောင် ဖြစ်သည်။ [၄] အယ်လဖာဘတ်နှင့် ၎င်း၏လုပ်ငန်းခွဲ ဂူဂယ်၏ အမှုဆောင်အရာရှိချုပ်အဖြစ် ဆောင်ရွက်လျက်ရှိသည်။

အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူပြည်နယ်၊ မွန်ဒူရေမြို့၌ မွေးဖွားခဲ့ပြီး ခါရာခုပုအိန္ဒိယနည်းပညာသိပ္ပံမှ သတ္တုဗေဒနှင့် ဘွဲ့ရခဲ့သည်။ အမေရိကန်သို့ ပြောင်းရွေ့ပြီးနောက် ဆီဘဲပညာသင်ဆုဖြင့် စတန်းဖို့ဒ် တက္ကသိုလ်မှ ဝတ္တုသိပ္ပံ မဟာဘွဲ့ကိုလည်းကောင်း၊ ပါလမာပညာသင်ဆုဖြင့် စီးပွားစီမံ မဟာဘွဲ့ကို ပင်ဆယ်ဗေးနီးယားတက္ကသိုလ်ရှိ ဝါတန်ကျောင်းမှလည်းကောင်း ရရှိခဲ့သည်။ [၅]

၂၀၀၄ ခုတွင် ဂူဂယ်၌ အလုပ်ဝင်ပြီးနောက် ထုတ်ကုန်စီမံရေးနှင့် ဂူဂယ် ခရုမ်း၊ ခရုမ်းအိုအက်စ်၊ ဂူဂယ်ဒရိုက်ကဲ့သို့သော ဂူဂယ်၏ ဆော့ဖ်ဝဲများ ဆန်းသစ်လာအောင် ဦးဆောင်ခဲ့သည်။ ဂျီမေးနှင့် ဂူဂယ်မြေပုံတို့ကိုလည်း ကြပ်မတ်သည်။ ၂၀၁၀ ခုတွင် ဂူဂယ်လုပ် ဗီဒီယိုပုံစံအသစ် WebM မိတ်ဆက်ကာ အသုံးပြုသည့် VP8 ကိုလည်း ပွင့်လင်းရင်းမြစ်အဖြစ် ကြေညာသည်။ ခရုံးဘွတ်ကို ၂၀၁၂ ခုတွင် ဖြန့်နိုင်ခဲ့သည်။ ၂၀၁၃ ခုတွင် ကြပ်မတ်လျက်ရှိသော အန်းဒရွိုက်ကို ဂူဂယ်ထုတ်ကုန်စာရင်းတွင် ထည့်သွင်းခဲ့သည်။

အမှုဆောင်အရာရှိချုပ် လယ်ရီပေ့က ထုတ်ကုန်ချုပ်အဖြစ် ခန့်ပြီးနောက် ၂၀၁၅ ခု၊ ဩဂုတ်လ ၁၀ ရက်တွင် ဂူဂယ်၏ အမှုဆောင်အရာရှိချုပ်သစ်အဖြစ် အရွေးခံရသည်။ ၂၀၁၅ ခု၊ အောက်တိုဘာလ ၂၄ ရက်တွင် ဂူးဂဲအား အယ်လဖာဘတ်လုပ်ငန်းအုပ်စုအဖြစ် ဖွဲ့စည်းကာ ရာထူးသစ်ကို ယူသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Company Overview of Alphabet Inc။ December 1, 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ November 26, 2017 တွင် ပြန်စစ်ပြီး။
  2. Magic Leap tried to create an alternate reality. Its founder was already in one။ July 13, 2021 တွင် ပြန်စစ်ပြီး။
  3. Sundar Pichai။ July 11, 2019 တွင် ပြန်စစ်ပြီး။
  4. Sundar Pichai emerges unscathed in test case for foreign-born CEOs။ December 20, 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ December 13, 2018 တွင် ပြန်စစ်ပြီး။
  5. Sundar Pichai။ Encylopaedia Britannica။ 31 July 2020 တွင် ပြန်စစ်ပြီး။