ဂူဂယ် ခရုမ်း

ဝီကီပီးဒီးယား မှ
Google Chrome
ဆော့ဖ်ဝဲလ်ရေးသားသူGoogle Inc.
ကနဦး ဖြန့်ချီခြင်းစက်တင်ဘာ ၂၊ ၂၀၀၈; ၁၅ နှစ် အကြာက (၂၀၀၈-၀၉-02)
တည်ငြိမ်ဗားရှင်း45.0.2454.93 စက်တင်ဘာ ၁၅၊ ၂၀၁၅; ၈ နှစ် အကြာက (၂၀၁၅-၀၉-15)
ရေးသားမှုအခြေအနေသက်ဝင်ဆဲ
ရေးသားထားသည့်
ဘာသာစကား
C++[၁]
စက်မောင်းနှင်မှုစနစ်အန်းဒရွိုက် (၄.၀ နှင့်အထက်)
အိုင်အိုအက်စ် (၇.၀ နှင့်အထက်)[၂]
လင်းနပ်စ် (+GCC v4.6 & +GTK v2.24)
OS X (၁၀.၆ နှင့်အထက်)
ဝင်းဒိုး (XP SP2 နှင့်အထက်)
အင်ဂျင်များBlink (WebKit on iOS), V8
ပလက်ဖောင်းx86, x64, 32-bit ARM (ARMv7)
ရရှိနိုင်မှုဘာသာစကား ၅၃ မျိုး
အမျိုးအစားWeb browser, mobile web browser
လိုင်စင်Freeware under Google Chrome Terms of Service[၃][note ၁]
ဝက်ဘ်ဆိုဒ်google.com/chrome

ဂူဂယ် ခရုမ်း (အင်္ဂလိပ်: Google Chrome) သည် အင်တာနက် စာမျက်နှာများကို ကြည့်ရှုနိုင်သော Web Browser ဖြစ်ပြီး ဂူဂယ် မှ ဖန်တီး ခဲ့ခြင်း ဖြစ်သည်။ Beta Version ကို ၂၀၀၈ ခုနှစ် စက်တင်ဘာလ (၂) ရက်နေ့တွင် ဘာသာ (၄၃) မျိုးဖြင့် ထုတ်ဝေခဲ့သည်။ လတ်တလောတွင် Microsoft Windows OS အတွက်သာ ဖြစ်သော်လည်း Google က အသစ်များ ထပ်မံ၍ ထွက်ရှိဦးမည် ဖြစ်ကြောင်း ကြေညာထားသည်။

ဝင်းဒိုးအတွက် ပထမဆုံးထုတ်ဝေမှုကို ၂၀၀၈ ခုနှစ်၊ စက်တင်ဘာလတွင် ပြုလုပ်ခဲ့သည်။ လင်းနပ်၊ macOS၊ iOS နှင့် အန်းဒရွိုက်အတွက်ကို နောက်ပိုင်းကျမှ ထုတ်ခဲ့သည်။ ခရုမ်းသည် ခရုန်းစက်လည်ပတ်မှုစနစ် (Chrome OS) အတွက် အဓိကပါဝင်သည့် အစိတ်အပိုင်းလည်း ဖြစ်၏။ ခရုမ်းစက်လည်ပတ်မှုစနစ်တွင် ဝဘ်အသုံးချဆော့ဖ်ဝဲများကို အသုံးပြုနိုင်သည်။

ဂူဂဲသည် ခရုမ်း၏ ကုဒ်များကို ခရိုမီယမ်ပရောဂျက်အဖြစ် ထုတ်ဝေခဲ့သည်။ ခရုမ်းတွင်ပါဝင်သည့် အစိတ်အပိုင်းတစ်ခုဖြစ်သည့် Adobe Flash Player သည် open-source မဟုတ်ပေ။ ခရုမ်းတွင် ဗားရှင် ၂၇ မတိုင်ခင်အထိ WebKit layout engine ကို အသုံးပြုသည်။ ဗားရှင်း ၂၈ တွင် iOS port မှလွဲ၍ ကျနသည့် ခရုမ်း port များတွင် ဘလင့်(Blink) ကို အသုံးပြုခဲ့သည်။ ဘလင့်သည် WebKitengine ၏ အခွဲတစ်ခုလည်း ဖြစ်သည်။

Q2 2017 တွင် StatCounter၏ ခန့်မှန်းချက်အရ စားပွဲတင်ကွန်ပျူတာတွင် အသုံးပြုသည့်ခရုမ်းသည် ကမ္ဘာတစ်ဝန်းအသုံးပြုမှု ၆၃ % ရှိခဲ့သည်။ ပလက်ဖောင်း (platform) အားလုံးအတွက် ဈေးကွက်ဝေစု ၅၄ % ရှိခဲ့သည်။ စမတ်ဖုန်းများအတွက် ဝေစုသည် ၅၀ % ရှိသည်။ ၎င်းသည် ဂူဂဲအတွက် ခရုမ်းအမှတ်တံဆိပ်များဖြစ်သည့် Chromecast, Chromebook, Chromebit, Chromebox နှင့် Chromebase တို့ကို တိုးချဲ့ထုတ်လုပ်ခြင်းအတွက် အောင်မြင်မှု ဖြစ်ခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Lextrait၊ Vincent (January 2010)။ The Programming Languages Beacon, v10.0။ March 14, 2010 တွင် ပြန်စစ်ပြီး။
  2. Chrome for iOS Update
  3. Google Chrome Terms of Service
  1. Chrome's WebKit & Blink layout engines and its V8 JavaScript engine are each free and open-source software, while its other components are each either open-source or proprietary. However, section 9 of Google Chrome's Terms of Service designates the whole package - Chrome itself - as Proprietary freeware.