စွန် (ငှက်)

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
စွန်
Milvus migrans -Kathmandu, Nepal-444.jpg
Black Kite,
Milvus migrans
သဘာဝထိန်းသိမ်းခြင်း အခြေအနေ
သိပ္ပံနည်းကျ အမျိုးအစားခွဲခြင်း
လောက: တိရစ္ဆာန်
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: ငှက်
မျိုးစဉ်: Falconiformes
(or Accipitriformes, q.v.)
မျိုးရင်း: Accipitridae
မျိုးစု: Milvus
မျိုးစိတ်: M. migrans
ဒွိနာမ
Milvus migrans
(Boddaert, 1783)
Subspecies

5, see text

Milvus migrans distr.png
Black and Yellow-billed Kite ranges.
Orange: summer only
Green: all year
Blue: winter only
Synonyms
  • Falco migrans Boddaert, 1783
  • Milvus affinis
  • Milvus ater
  • Milvus melanotis
Milvus migrans

စွန်[ပြင်​ဆင်​ရန်​]

စွန်သည် ငှက်ရဲဖြစ်သည်။ လင်းယုန်နှင့် မျိုးတူ၍ သိမ်း ငှက်မျိုးစုတွင် ပါဝင်သည်။ အရွယ် အားဖြင့် ငှက်ကြီးဖြစ်၍ ညိုသော အဆင်းရှိသည်။ အမြီးမှာရှည်၍ ခက်ရင်းကဲ့သို့ အခွေ များဖြစ်နေသည်ကို အထင်အရှားမြင်ရသည်။

စွန်၏ သတ္တိထူးတစ်ခုမှာ ကြာမြင့်စွာ ကောင်းကင်၌ ပျံသန်းနေနိုင်ခြင်းဖြစ်သည်။ စွန်အား ရုတ်တစ်ရက် လိုက်၍ မှီရန် ခဲယဉ်းလေသည်။ ပျံသန်းရာ၌ မည်သည့်ငှက်နှင့်မဆို ယှဉ်ပြိုင်နိုင်သော ငှက်မျိုးဖြစ်သည်။

အသိုက်ကို သစ်ပင်ထက်၌ တုတ်ချောင်းများဖြင့် ပြုလုပ် လေ့ရှိသည်။ တစ်ကြိမ်လျှင် ၃ ဥ၊ ၄ ဥ အုသည်။ ဥများမှာ ဖြူဖွေး၍ အညိုပြောက်များဖြင့် ပြည့်နေသည်။ ကမ္ဘာ့တိုက်ကြီး ခြောက်တိုက်စလုံး၌ စွန်များကို တွေ့ရသည်။ သို့ရာတွင် အမျိုး အစားမှာ တစ်နေရာနှင့်တစ်နေရာ မတူချေ။ ဥရောပတိုက်တွင် အာဖရိကတိုက်မှ နွေရာသီ၌သာလျှင် ခေတ္တလာရောက်ကျက်စား သော စွန်များကို တွေ့ရပေသည်။ ဗြိတိန်ကျွန်းတွင်ကား၊ ယခင် အခါက စွန်များ အမြောက်အများနေကြသော်လည်း ယခုအခါ ၌မူ အလွန်တွေ့ရခဲသည်။ မြောက်အမေရိကတိုက်တွင် စွန်မျိုး သုံးစားရှိသည်။ ကမ္ဘာ့အပူပိုင်း ဒေသများတွင်လည်း စွန်များ ကျက်စားကြသည်။ မည်သည့်အရပ်ဒေသ၌မဆို စွန်များသည် လူတို့စွန့်ပစ်ထားသော သား၊ ငါးများကို ရှင်းလင်းပေးသဖြင့် လူတို့အတွက် များစွာအသုံးကျသည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)