စီအေအီး ကိုယ်ပိုင်အထက်တန်းကျောင်း

ဝီကီပီးဒီးယား မှ

စီအေအီး ကိုယ်ပိုင်အထက်တန်းကျောင်း (အင်္ဂလိပ်: The Conqueror Academy of Education; CAE Private High School) သည် မန္တလေးမြို့ နှင့် နေပြည်တော်တို့တွင် ဖွင့်လှစ်ထားသော ကိုယ်ပိုင်အထက်တန်းကျောင်းဖြစ်သည်။ မြန်မာလို အောင်နိုင်သူတို့၏ ကျောင်းတော်ဟု ခေါ်ကြပြီး မန္တလေးမြို့တွင် ဒေါ်နှင်းနှင်းမော်ကျောင်းဟု နာမည်ကြီးသည်။ ၁၉၉၈ ခုနှစ်မှ စတင်ကာ အထက်တန်း ကျူရှင်အဖြစ် စတင်ဖွင့်လှစ်ခဲ့ကာ အစိုးရသစ်လက်ထက် ကိုယ်ပိုင်အထက်တန်းကျောင်း များ ဖွင့်လှစ်ရန် ခွင့်ပြုသောအခါ ကိုယ်ပိုင်အထက်တန်းကျောင်း အဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့သည်။

အောင်မြင်မှုများ[ပြင်ဆင်ရန်]

၁၉၉၈ ခုနှစ်မှ ၂၀၁၄ ခုနှစ် အထိ မြန်မာနိုင်ငံ တစ်နိုင်လုံး အမှတ်အများဆုံး (၁၀) ဦးစာရင်းဝင် ၁၉ ဦး အပါအဝင် ဘာသာစုံ ဂုဏ်ထူးရှင် ၁၉၀ ဦး၊ ၅ ဘာသာ ဂုဏ်ထူးရှင် ၄၉၇ ဦး၊ ၄ ဘာသာ ဂုဏ်ထူးရှင် ၁၀၂၇ ဦး၊ ၃ ဘာသာ ဂုဏ်ထူးရှင် ၇၅၅ ဦး၊ ၂ ဘာသာ ဂုဏ်ထူးရှင် ၈၅၆ ဦး၊ ၁ ဘာသာ ဂုဏ်ထူးရှင် ၁၁၁၇ ဦးကို မွေးထုတ်ပေးခဲ့သည်။

၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် စီအေအီး (မန္တလေး) မှ ဘာသာစုံ ဂုဏ်ထူးရှင် ၅၇ ဦး၊ ၅ ဘာသာ ဂုဏ်ထူးရှင် ၁၁၅ ဦး၊ ၄ ဘာသာ ဂုဏ်ထူးရှင် - ၆၉ ဦး၊ ၃ ဘာသာ ဂုဏ်ထူးရှင် ၆၃ ဦး၊ ၂ ဘာသာ ဂုဏ်ထူးရှင် ၃၄ ဦးနှင့် ၁ ဘာသာ ဂုဏ်ထူးရှင် ၇၇ ဦးရှိခဲ့ကာ အောင်ချက်ရာခိုင်နှုန်း ၉၈.၀၄ ရှိခဲ့သည်။ စီအေအီး (နေပြည်တော်)မှ ဘာသာစုံ ဂုဏ်ထူးရှင် ၁၂ ဦး၊ ၅ ဘာသာ ဂုဏ်ထူးရှင် ၃၀ ဦး၊ ၄ ဘာသာ ဂုဏ်ထူးရှင် ၃၁ ဦး၊ ၃ ဘာသာ ဂုဏ်ထူးရှင် ၂၆ ဦး၊ ၂ ဘာသာ ဂုဏ်ထူးရှင် ၃၃ ဦးနှင့် ၁ ဘာသာ ဂုဏ်ထူးရှင် ၆၄ ဦးရှိခဲ့ပြီး အောင်ချက်ရာခိုင်နှုန်း ၉၂.၆၅ ရှိခဲ့သည်။