စိုးညွန့်လွင်

ဝီကီပီးဒီးယား မှ

ဦးစိုးညွန့်လွင် ခေါ် ဦးစိုးကြီး သည် မြန်မာနိုင်ငံသား ကျူရှင်ဆရာ၊ နိုင်ငံရေးသမား၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီး အဖြစ်တာဝန်ယူခဲ့သူ နှင့် နိုင်ငံရေး အကျဉ်းသား တစ်ဦးဖြစ်သည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

ဦးစိုးညွန့်လွင် ကို မကွေးတိုင်း တောင်တွင်းကြီးမြို့နယ်တွင် မွေးဖွားသည်။

နိုင်ငံရေးဘဝ[ပြင်ဆင်ရန်]

၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဝင်ရောက်ယှဉ်ပြိုင်ကာ ကလောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အဖြစ် အနိုင်ရခဲ့ပြီး ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာကာ ၂၀၁၆ ခုနှစ် ဧပြီလတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဖြစ်လာသည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တောင်ကြီးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အဖြစ် ထပ်မံအနိုင်ရခဲ့သည်။ ၂၀၂၁ ဖေဖော်ဝါရီလ (၁) ရက်နေ့ စစ်အာဏာသိမ်းမှု အတွင်း တောင်ကြီးမြို့တွင် ခေတ္တ ဖမ်းဆီးခံခဲ့ရသည်။ ယင်းနောက် ရန်ကုန်မြို့တွင် ထပ်မံဖမ်းဆီးခံခဲ့ရပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် နိုင်ငံတော် ပုန်ကန်မှု ပုဒ်မ ၁၂၂(၁)ဖြင့် ထောင်ဒဏ် နှစ် (၂ဝ)၊ ပုဒ်မ ၁၂၄(က) ဖြင့် ထောင်ဒဏ် ၇ နှစ်နှင့် ငွေ ၁ သိန်း၊ ပုဒ်မ ၁၂၄(ဃ) ဖြင့် ထောင်ဒဏ် ၇ နှစ်နှင့် ငွေ ၁ သိန်း၊ ပုဒ်မ ၅ဝ၅ အမှု နှစ်မှုအတွက် ထောင်ဒဏ် ၄ နှစ် စုစုပေါင်းထောင်ဒဏ် ၃၈ နှစ် ချမှတ်ခံခဲ့ရသည်။[၁][၂][၃] ထို့အပြင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့်စွဲဆိုထားသော[၄] အခြားအမှုလေးမှုကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် အမိန့်ချမှတ်ခဲ့ရာ တစ်မှုလျှင် ထောင်ဒဏ်လေးနှစ်ဖြင့် စုစုပေါင်း ထောင်ဒဏ် ၁၆ နှစ်ထပ်မံချမှတ်ခံခဲ့ရသည်။[၅][၆]

ကိုးကား[ပြင်ဆင်ရန်]

  1. "ရှမ်းပြည်နယ် စီမံဘဏ္ဍာဝန်ကြီး ဦးစိုးညွန့်လွင် ထောင်ဒဏ် ၃၈ နှစ် ချမှတ်ခံရ" (in en)၊ Mizzima Myanmar News and Insight၊ ၃၁ ဒီဇင်ဘာ ၂၀၂၁။ 
  2. ရှမ်းပြည်နယ် စီမံ/ဘဏ္ဍာဝန်ကြီး ဦးစိုးညွန့်လွင်ကို ထောင်ဒဏ် (၃၈)နှစ်နှင့် ငွေဒဏ် ချမှတ် (in my)။ ၁၉ ဇွန် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  3. "ရှမ်းပြည်နယ် စီမံ/ဘဏ္ဍာဝန်ကြီး ဦးစိုးညွန့်လွင် ထောင်ဒဏ် ၃၈ နှစ် ချမှတ်ခံရ - Kanbawza Tai News"၊ www.kanbawzatainews.com။ 19 June 2023 တွင် ပြန်စစ်ပြီး။ Archived from the original on 19 June 2023။ 
  4. ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလင်းထွဋ်၊ လျှပ်စစ်၊ စွမ်းအင်နှင့်စက်မှုဝန်ကြီးဟောင်း ဦးစိုင်းရှဲန်တစ်လုံ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးစိုးညွန့်လွင်၊ အင်းတိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဟောင်း ဒေါက်တာထွန်းလှိုင်၊ ပုဂ္ဂလိကကုမ္ပဏီတစ်ခုမှ ဦးစိုးမင်းထွန်း၊ ဦးအောင်ကျော်နိုင်နှင့်ဇနီး ဒေါ်တင်တင်ထွေးတို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ်အရေးယူ။ ၁၉ ဇွန် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  5. "ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးစိုးညွန့်လွင်တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် ထောင်ဒဏ် ၁၆ နှစ်စီ ချမှတ်" (in my)၊ Eleven Media Group Co., Ltd 
  6. "ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ဝန်ကြီးဦးစိုးညွှန့်လွင်တို့အား ထောင်ဒဏ် ၁၆ နှစ်စီချ"၊ ဧရာဝတီ၊ ၂၈ ဇန်နဝါရီ ၂၀၂၂။