စိန်တူ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
စိန်တူ
မွေးဖွား၁၉၂၉ ခုနှစ်
မေမြို့ဗြိတိသျှ ဘားမား
ကွယ်လွန်ဩဂုတ် ၂၁၊ ၂၀၀၇(2007-08-21) (အသက် ၇၇–၇၈)Did not recognize date. Try slightly modifying the date in the first parameter. (အသက် ၇၇)
ရန်ကုန်မြို့မြန်မာနိုင်ငံ
နိုင်ငံလူမျိုးဗမာလူမျိုး
မိခင်ကျောင်းရန်ကုန်တက္ကသိုလ်
ပညာရေးကောလိပ်၊ ကိုလဘီယာတက္ကသိုလ်
ဟားဗတ် တက္ကသိုလ်
အလုပ်အကိုင်စိတ်ပညာရှင်
အိမ်ထောင်ဖက်(များ)ဒေါ်မြမြခင်
သားသမီး(၂) ယောက်
မိဘ(များ)ဦးဘတူ၊ ဒေါ်မြကြည်

ဒေါက်တာ စိန်တူသည် ဗမာလူမျိုး ပညာရှင်တစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံ အကယ်ဒမီမှ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။[၁]သူသည် စိတ်ပညာ ဝိဇ္ဇာဘွဲ့ကို ရန်ကုန်တက္ကသိုလ်မှ ၁၉၅၀ ခုနှစ်တွင် ရရှိခဲ့ပြီး အမေရိကန်ပြည်ထောင်စုသို့ မဟာဝိဇ္ဇာဘွဲ့ ဆက်လက်သင်ယူရန် စေလွှတ်ခြင်းခံခဲ့ရသည်။[၁] ၁၉၅၂ ခုနှစ်တွင် သူသည် စိတ်ပညာ မဟာဝိဇ္ဇာဘွဲ့ကို ပညာရေးကောလိပ်၊ ကိုလံဘီယာတက္ကသိုလ်မှ ရရှိခဲ့ပြီး ၁၉၅၇ ခုနှစ်တွင် လူမှုစိတ်ပညာ ပါရဂူဘွဲ့ကို ဟားဗတ် တက္ကသိုလ်မှ ရရှိခဲ့သည်။ [၁]

ထို့နောက် မြန်မာနိုင်ငံသို့ ပြန်လာပြီး ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့တွင် ၁၉၈၄ ခုနှစ် အနားယူချိန်မတိုင်မီအချိန်အထိ စိတ်ပညာဘာသာရပ်ကို သင်ကြားပို့ချခဲ့သည်။ [၁] မြန်မာနိုင်ငံ၏ မူလ တက္ကသိုလ်ကြီး ၂ ခု အနက် မန္တလေး တက္ကသိုလ်၌ ဆရာကြီး ဒေါက်တာ ဦးစိန်တူ၏ အမြော်အမြင် ကြီးစွာ ဝိရိယနှင့် ကြိုးပမ်းမှုကြောင့် စိတ်ပညာဌာန/ ဘာသာရပ် ဖွံ့ဖြိုးလာရခြင်း ဖြစ်ပါသည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

ဦးစိန်တူအား ၁၉၂၉ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ဖခင်မှာ ဦးဘတူနှင့် မိခင်မှာ ဒေါ်မြကြည်တို့ဖြစ်ကာ အငယ်ဆုံးသားလည်းဖြစ်သည်။ ညီအစ်ကိုမောင်နှမအားလုံးမှာ ပညာတက်များဖြစ်ကြပြီး ဆရာကြီးသည်လည်း ရန်ကုန်တက္ကသိုလ်မှာ ဘွဲ့ရရှိခဲ့သည်။ ရန်ကုန်တက္ကသိုလ်မှ စိတ်ပညာဘွဲ့ရရှိခဲ့ပြီးနောက် ၁၉၅၂ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စု၊ ကိုလံဘီယာ တက္ကသိုလ်မှ မဟာဝိဇ္ဇာဘွဲ (MA) ကို လည်းကောင်း၊ ၁၉၅၇ ခုနှစ်တွင် ကမ္ဘာကျော် ဟားဗတ် တက္ကသိုလ် (Harvard University) မှ ပါရဂူဘွဲ့ (PhD) ကို ရရှိခဲ့သူ ဖြစ်ပါသည်။

သင်ကြားပုံနည်းနိဿျှ[ပြင်ဆင်ရန်]

နိုင်ငံခြားသို့ ပညာတော်သွားရောက်ပြီး မြန်မာနိုင်ငံသို့ ပြန်ရောက်လာသောအခါ ဆရာသည် ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့တွင် အမှုထမ်းခဲ့သည်။ ရန်ကုန်တက္ကသိုလ်မှ မန္တလေးတက္ကသိုလ်သို့ ပြောင်းရွေ့တာဝန်ထမ်းဆောင်သောအခါ ဒေါက်တာ ဦးစိန်တူသည် အသက် (၂၉) နှစ် အရွယ်သာ ရှိသေးကာ လူပျိုအနေဖြင့် ဒသနဗေဒဌာန ပါမောက္ခ၊ ဌာနမှူးအဖြစ် ခန့်အပ်ထားခြင်း ခံခဲ့ရသည်။ မန္တလေး တက္ကသိုလ် စိတ်ပညာ ဌာန အစပြုစဉ်က သေးငယ်၍ ဆရာ အင်အား နည်းပါးလှပါ၏။ ဆရာကြီးက မြန်မာပြည်တွင် ခေတ်မီ အဆင့်မြင့်သော ပညာသင်ကြား ပို့ချခြင်းနှင့် သင်ယူခြင်း နည်းနိဿျှတို့ကို တပည့်များအတွက် အစ ပျိုးခဲ့ပါသည်။ လူကြီးသင်ယူမှု ဆန်သော (adult learning) ဖြစ်သည့် မိမိကိုယ်ကို မိမိ အားကိုး၍ မိမိဘာသာ ပညာကို စူးစမ်း လေ့လာ ရှာဖွေသည့်နည်းဖြင့် တပည့်အားလုံးကို သင်ပြ ပို့ချပေးခဲ့၏။ ယေဘူယျအားဖြင့် တက္ကသိုလ်တွင် သင်ကြားမှု အဓိကနည်းမှာ ဆရာက အတန်းတွင်း၌ စာသင်ဟောခြင်း (lecture) နည်းကို အထူးသဖြင့် ဘွဲ့ကြို အတန်းများနှင့် ဘွဲ့လွန် အပါအဝင်၌ပင် အသုံးပြုလေ့ ရှိသည်။ ဆရာကြီးကမူ တပည့်များအား ဘာသာရပ်နှင့် သက်ဆိုင်သော စာအုပ်များ၊ ပညာရပ်ဆိုင်ရာ သုတေသန ဂျာနယ်များ၊ စာစောင် အစရှိသည်တို့ကို ခေါင်းစဉ်များ၊ အခန်းများ စသည်တို့ကို ဖတ်ရှူ့ လေ့လာရန် တာဝန်ချမှတ် (assignment) ပေး၏။ ထို့နောက် အတန်းရှိသည့် နေ့ရက် အချိန်ရောက်လျှင် ဖတ်ရှူ့ လေ့လာခဲ့သည့် အကြောင်းရပ်များ (topics) ကို မေးမြန်း စစ်ဆေးကာ တပည့်များနှင့် အကျေအလည် ဆွေးနွေး တင်ပြခိုင်းပြီး သူ၏ ဝေဖန်မှုကိုလည်း မှတ်သားခွင့် ရခဲ့၏။

ဆရာကြီး ဦးစိန်တူ ပြုစု ပျိုးထောင် ပေးလိုက်သော ပထမဦးဆုံး တပည့် အသီးသီးတို့သည်လည်း ကမ္ဘာနိုင်ငံရပ်ခြား ကျော်ကြားသော တက္ကသိုလ်တို့မှ ဘွဲ့များ အောင်မြင်စွာ ဆွတ်ခူးနိုင်ကြောင်း ပေါ်လွင်နေပေ၏။

ပညာရပ်ဆိုင်ရာနှင့် သုတေသန လုပ်ဆောင်ချက်များ[ပြင်ဆင်ရန်]

ဆရာကြီးသည် ဖွံ့ဖြိုးပြီး နိုင်ငံတကာတို့မှ သိပ္ပံနည်းကျ စိတ်ပညာကို မြန်မာနိုင်ငံ လူမျိုးနှင့် ယဉ်ကျေးမှု နယ်ပယ်တို့၌ အသုံးချနိုင်သော အကြောင်းအရာ အသီးသီးတို့ကို ဖော်ညွှန်း၍ သုတေသန ပြုလုပ်ခဲ့၏။ တပည့်ဖြစ်သူ အားလုံးကိုလည်း မြန်မာမှု နယ်ပယ်မှ စိတ်ပိုင်းဆိုင်ရာ အကြောင်းအရာ အမျိုးမျိုးတို့ကို ဝိဇ္ဇာဂုဏ်ထူးတန်းနှင့် မဟာဝိဇ္ဇာတန်း ကျမ်းများအတွက် သုတေသန ပြုစေခဲ့၏။ ပညာသင်ယူမှု ပြီးဆုံးသော အခါ၌လည်း မြန်မာမှု နယ်ပယ်မှ မကုန်ဆုံးနိုင်၍ မည်သည့်အခါကမျှ သိပ္ပံနည်းကျ မလေ့လာရသေးသော အကြောင်းအရာများကို သုတေသန ပြုလုပ်နိုင်အောင် တွန်းအားပေးခဲ့၏။


ဆရာကြီး ဒေါက်တာ ဦးစိန်တူသည် မြန်မာ့ လူ့အဖွဲ့အစည်း၊ ယဉ်ကျေးမှုနှင့် စိတ်ပိုင်းဆိုင်ရာ လက္ခဏာများနှင့် စပ်လျဉ်း၍ သုတေသနနှင့် တီထွင် ဖော်ထုတ်မှု များစွာတို့ကို ဆောင်ရွက်ခဲ့သူ ဖြစ်၏။ စိတ်ပိုင်းဆိုင်ရာ စစ်ဆေးမှုမျိုးစုံ (psychological tests)၊ ဥပမာ၊ ဉာဏ်ရည် (Intelligence)၊ ကိုယ်ရည်ကိုယ်သွေး (personality)၊ အထုံများ (aptitudes) တို့ ဖြစ်ပါသည်။ ထို့ပြင် မြန်မာတို့၌သာ ထင်ရှားသော စိတ်ပိုင်းဆိုင်ရာ လက္ခဏာ ဖြစ်သည့် အားနာမှုကို စိတ်ပညာ သဘောအရ မည်သို့သော အင်္ဂါရပ်များ ပါဝင်နေကြောင်းကို စိစစ် သုတေသန ပြုလုပ်ခဲ့၏။ ဤမျှမက ဆရာသည် မြန်မာတို့၏ စိတ်ပိုင်း၊ အပြုအမူ နှင့် နီးကပ်စွာ ဆက်စပ်နေသော အတွေးအခေါ်၊ အယူအဆ၊ လူမှုရေး တန်ဖိုးများ (social values) တို့ကိုလည်း စာပေမှ ကိုးကား ထုတ်ဖော်ခဲ့ပါသည်။ ထို့ကြောင့် လောကနီတိကျမ်းကို မြန်မာစာ မူရင်းမှ အင်္ဂလိပ်စာနှင့် ပါဠိဘာသာ နှစ်ရပ်စလုံးဖြင့် ပြန်ဆိုပြီး စာအုပ် ထုတ်ဝေခဲ့ပါသည်။

ဝါသနာနှင့် စိတ်နေသဘောထား[ပြင်ဆင်ရန်]

ဆရာကြီးသည် စာပေအပြင် အမဲလိုက်ခြင်း (hunting) ကိုလည်း တင်းပြည့်ကျပ်ပြည့် လိုက်စားခဲ့ပါသည်။ အထူးသဖြင့် အန္တရာယ်ကြီးသော စိုင် သို့မဟုတ် တောနွား (banteng) နှင့် ပြောင် (Asian bison) တို့ကို အမဲလိုက်၍ မိမိအိမ်၌ ထိုသတ္တဝါတို့၏ ဦးချိုများကို ချိတ်ဆွဲထား၏။ နောက်ဆုံး ဆရာကြီးသည် မြန်မာပြည်မှ ကြီးမားသော နို့တိုက် သတ္တဝါကြီးများ (Large Mammals of Myanmar) စာအုပ်ကိုပင် ၁၉၉၈ ခုနှစ်တွင် ပြုစုခဲ့ပါသည်။

ဆရာကြီးသည် အပေါင်းအသင်း တပည့်တပန်းများနှင့်အတူ အလွန် ပျော်ရွှင်စွာ စကားဝိုင်းဖွဲ့၍ စားသောက်တတ်သူ တဦးလည်း ဖြစ်ပါ၏။ ဆရာကြီးသည် အလွန်ခင်မင် ဖော်ရွေတတ်သူဖြစ်ပြီး လူပျိုဘဝတွင် တဦးတည်း တက္ကသိုလ်အိမ်တွင် နေစဉ်၊ မိမိနှင့် ရင်းနှီးသော တပည့် တစုဖြစ်သည့် သူ့အိမ်တွင် ခေါ်၍ နေစေ၏။ ထို့အခါ ထိုလူတစုနှင့် ဆရာသည် ဘုန်းကြီးကျောင်းနေ ကျောင်းထိုင်ဘုန်းကြီးနှင့် ကိုယ်ရင်များကဲ့သို့ ဖြစ်နေ၏။ ဆရာတပည့် ခင်မင် ရင်းနှီးကြသော်လည်း တပည့်တို့သည် ဆရာကြီးကို အစဉ်သဖြင့် လေးစား လိုက်နာကြ၏။ ဒေါက်တာစိန်တူသည် အလုပ်ခွင်တွင်လည်း ခင်မင်လေးစားသူ ပေါများ၏။

[၂]


ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ Nyunt Win။ "Myanmar Times contributing editor passes away"၊ Myanmar Times၊ 3 September 2007။ 8 April 2012 တွင် ပြန်စစ်ပြီး 
  2. အတွေးအမြင်၊ အမှတ် ၂၀၄၊ မတ် ၂၀၀၉ မှ ဒေါက်တာ ညီဝင်းမှန် (ကုခန်းစိတ်ပညာရှင်) (ဝိဇ္ဇာဂုဏ်ထူး၊ မဟာဝိဇ္ဇာ မန္တလေး) မဟာသိပ္ပံ၊ ပါရဂူဘွဲ့ (လန်ဒန်တက္ကသိုလ်) ရေးသားသော "မန္တလေး တက္ကသိုလ် စိတ်ပညာ ဖခင်ကြီး ဒေါက်တာ ဦးစိန်တူ"