စိန်စိန် (စာရေးဆရာမ)

ဝီကီပီးဒီးယား မှ
(စိန်စိန် မှ ပြန်ညွှန်းထားသည်)
စိန်စိန်
စိန်စိန်


မွေးသက္ကရာဇ် ၁၉၂၈ခု ဇန်နဝါရီလ ၁၂
ငယ်အမည် အပု
ကွယ်လွန်သက္ကရာဇ် ၁၉၇၂ခု ဇွန်လ ၆
နိုင်ငံ မြန်မာ
အလုပ်အကိုင် စာရေးဆရာ
ကိုးကွယ်သည့် ဘာသာ ဗုဒ္ဓဘာသာ

စိန်စိန် (၁၉၂၈-၁၉၇၂) သည် စစ်ပြီးခေတ်တွင် ထင်ရှားသော စာရေးဆရာမတစ်ဦးဖြစ်သည်။

အတ္ထုပ္ပတ္တိ အကျဉ်း[ပြင်ဆင်ရန်]

သာယာဝတီမြို့ ၌ အဖ လယ်သမားကြီး ဦးမိုးသီး၊ အမိ ဒေါ်ကျီးညိုတို့မှ ၁၉၂၈ ခု ဇန်နဝါရီလ ၁၂ (ကြာသပတေးနေ့) ရက်နေ့တွင် မွေးဖွားခဲ့သည်။ မွေးချင်းရှစ်ယောက်အနက် အငယ်ဆုံးသမီးဖြစ်သည်။ ငယ်မည် “အပု”၊ အမည်ရင်း “စိန်စိန်” ဖြစ်သည် ။

ပညာရေး[ပြင်ဆင်ရန်]

ဦးကျောက်လုံး မြန်မာ မူလတန်းကျောင်း (သာယာဝတီမြို့)၊ ဦးသာဇံ မြန်မာအလယ်တန်းကျောင်း (ဇီးကုန်းမြို့)၊ အေဘီအမ် အထက်တန်းကျောင်း (သာယာဝတီမြို့) များတွင် ဆယ်တန်းအထိပညာသင်ယူ ခဲ့သည် ။ ကျန်းမာရေးအခြေအနေကြောင့် ကျောင်းမှထွက်ခဲ့ရသည်။

အတန်းပညာလေ့လာသင်အံယူသော ကျောင်းမှစောစီးစွာထွက်ခွါခဲ့ရသော်လည်း စာပေဖတ်ရှုခြင်းဖြင့်ပညာဆည်းပူးလေ့လာမှုမပြတ်စေခဲ့သောကြောင့် မိမိကျမ်းမာရေးအပေါ်ငဲ့ကွက်စိတ်အားငယ်ခြင်းမဖြစ်ပဲ စိတ်ဓာတ်ခွန်အားမြင့်မားစွာဖြင့် စာကောင်းပေမွန်များကို လေးစားချီးမွမ်းဖွယ် ရေးသားပြုစုနိုင်ခဲ့သည်။

နိုင်ငံရေး နှင့် စာပေဘဝ[ပြင်ဆင်ရန်]

အသက် ၁၁ နှစ်အရွယ်တွင် ၁၃၀ဝ ပြည့် အရေးတော်ပုံနှင့် ကြုံကြိုက်ကာ နိုင်ငံရေး စိတ်ဓာတ်မျိုးစေ့ ရခဲ့သည်။ ဂျပန်ခေတ် အေဘီအမ်ကျောင်းတွင် ကျောင်းနေရင်း တို့ဗမာ အစည်းအရုံး သို့ဝင်ကာ နိုင်ငံရေး စတင်ဆောင်ရွက်ခဲ့သည် ။ မြို့နယ်အမျိူးသမီး ဌာနအတွင်းရေးမှူးအဖြစ် စွန့်လွှတ်စွန့်စား ဆောင်ရွက်ခဲ့ရာ “ရဲရဲတောက် စိန်စိန်” ဟု အမည်တွင်ခဲ့သည်။ စာလုံးများကို ပေါင်းဖတ်တတ်သည့်အရွယ်မှစကာ စာနယ်ဇင်းများဖတ်ခဲ့သည်။ ၁၂ နှစ်သမီး အရွယ်တွင် ဝတ္ထုတို၊ ကဗျာများ စတင်ရေးစမ်းခဲ့သည် ။ ၁၉၄၇ တွင် အာဇာနည်ကြီးများ ကျဆုံးစဉ် “ဂနိုင်မေ” ကလောင်အမည်ဖြင့်ရေးသည့် “ခရီးဆက်ကြပါစို့” လေးချိုးကြီးမှာ ၁၉၄၇ ခုဇူလိုင်လထုတ် “တိုင်းရင်းသူ ဂျာနယ်” တွင်ပါဝင်သည့် ပထမဆုံး ပုံနှိပ်စာမူပင်ဖြစ်သည်။ စစ်ပြီးခေတ် စာနယ်ဇင်းများတွင် “ဂနိုင်မေ”၊ "အထွေး"၊ "စိန်စိန်" ကလောင်အမည်များဖြင့် ဝတ္ထုတိုဝတ္ထုရှည်ဆောင်းပါးကဗျာစာညွန့်ပေါင်း ၁၀ဝ ကျော်မျှရေးခဲ့သည် ။

၁၉၇၂-ခု ဇွန်လ ၆ ရက် ညနေ ရး၄၅ နာရီတွင် သာယာဝတီမြို့ ပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်ခဲ့သည်။

ထုတ်ဝေခဲ့သော စာအုပ်စာရင်း[ပြင်ဆင်ရန်]

လုံးချင်းဝတ္ထုများ[ပြင်ဆင်ရန်]

  • သားလိမ္မာ (၁၉၅၄)
  • ချစ်ငြိုးချစ်မာန် (၁၉၆၂)
  • လွမ်းသစ္စာတိုင် (၁၉၆၃)
  • နှင်းသက်ဆယ်ပြန် (၁၉၆၆)
  • မလင်းတဖုံ့ လင်းတစ်ပုံ (၁၉၇၀)
  • ရိုးမတောင်ကြီးသာ ဖြိုလိုက်ချင်တော့ (၁၉၆၆)
  • အောင်နိုင် (၁၉?)
  • ရွှေနှင်းဆီ (၁၉?)
  • မြေစာပြုန်းမှ ဆုံးမှာလားရှင် (၁၉?)
  • အရှက် (၁၉?)

ဝတ္ထုတိုပေါင်းချုပ်[ပြင်ဆင်ရန်]

  • သိစေချင်ပါသည် (၁၉၆၄)
  • ရှုမဝ မဂ္ဂဇင်းဝတ္ထုတိုများ (၂၀၀၃)

အခြား[ပြင်ဆင်ရန်]

  • ခရီးဝင်္ကပါ (၁၉၇၀)
  • စွမ်းလွန်းသောဆေးနည်း (၁၉၆၂)
  • ကြုံဖူးမှ ယုံစဖွယ် (၁၉၆၂)

စာပေဆုများ[ပြင်ဆင်ရန်]

  • ၁၉၅၄ - ရှုမဝတစ်ထောင်ဆု - "သားလိမ္မာ"
  • ၁၉၅၇ - ဘားမားစတား ဝတ္ထုရှည်ဆု - "လွမ်းသစ္စာ"
  • ၁၉၆၃ - အမျိုးသားစာပေဆု (ဝတ္ထုရှည် - ပထမဆု) - "လွမ်းသစ္စာတိုင်"
  • ၁၉၆၆ - အမျိုးသားစာပေဆု (ဝတ္ထုရှည်) - "ရိုးမတောင်ကြီးသာ ဖြိုလိုက်ချင်တော့"
  • ၁၉၇ဝ - အမျိုးသားစာပေဆု (စာပဒေသာ) - "ခရီးဝင်္ကပါ"

"ခရီးဝင်္ကပါ" ကို ဂျပန်ဘာသာသို့ပြန်ဆိုထုတ်ဝေခဲ့သည် ။ "ရိုးမတောင်ကြီးသာ ဖြိုလိုက်ချင်တော့" နှင့် "ခရီးဝင်္ကပါ" တို့သည် စာဆို၏ အံ့ဩဖွယ်လက်ရာများ ဖြစ်သည်ဟု စာရေးဆရာ"မလိခ" က မြန်မာဝတ္တုအညွှန်းစာအုပ်တွင် ညွှန်းဆိုခဲ့သည် ။

စာညွှန်း[ပြင်ဆင်ရန်]

  • ရွှေမျှား၊ဒဂုန် ။ မြန်မာနိုင်ငံစာပေဆုများ
  • မလိခ ။ မြန်မာဝတ္ထုအညွှန်း
  • တင်ဦး၊ စံပြ ။ မြန်မာစာရေးဆရာ အဘိဓာန်
  • သင်းသင်းအေး၊ဒေါ် ။ စိန်စိန့်စာစုစာရင်း