စိန်ကောင်း ကျောက်ကောင်း ရောင်းဝယ်ရာ ဆေးရိုးသည်က ကန့်လန့်ကန့်လန့်
ပုံပန်းသွင်ပြင်
စိန်ကောင်း ကျောက်ကောင်း ရောင်းဝယ်ရာ ဆေးရိုးသည်က ကန့်လန့်ကန့်လန့် ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။
ရှင်းလင်းချက်
[ပြင်ဆင်ရန်]စိန်ကောင်းကျောက်ကောင်း အရောင်းအဝယ်စကားပြောဆိုရာတွင် ဆေးရိုးသည်က ကြားမှ ဝင်ဝင်ပြီး သူ့ဆေးရိုးကောင်းကြောင်း ပြောဆိုသကဲ့သို့ အရေးပါသောစကား ပြောဆိုကြရာတွင် မသိနားမလည်သူက မဆိုင်သော စကားကို ကြားက ဝင်ရောက်ပြောဆိုသည်။
မူလရင်းမြစ်
[ပြင်ဆင်ရန်]- "စိန်ကောင်း ကျောက်ကောင်း ရောင်းရာမှာ ဆေးရိုးသည် ကန့်လန့် ဆိုသလို ငါတို့ အဓိပတိကြီးတွေ မကြံနိုင် ... ရတဲ့အထဲမှာ ဘာမဟုတ်တဲ့ ပုရွက်ဆိတ်က ဟဝါကျယ်ချင် လိုက်ပါဘိတော့တယ်။" [၁၃၁၀] ဒီးဒုတ်၊ ၂၂၊ ၂။ ၂၀။