မာတိကာသို့ ခုန်သွားရန်

စိတကပူဇက၊ မဟာပရိဝါရဝဂ်

ဝီကီပီးဒီးယား မှ

အရှင်စိတကပူဇကထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်သည်။[]

ဘဝဇာတ်ကြောင်း

[ပြင်ဆင်ရန်]

သိခီမြတ်စွာဘုရားလက်ထက်

[ပြင်ဆင်ရန်]

သိခီမြတ်စွာဘုရား လက်ထက်တွင် ဖြစ်၏။ ထိုအချိန်တွင် အရှင်စိတကပူဇကထေရ် သည် လင်းလွန်းပင်စောင့်နတ် ဖြစ်နေ၏။ မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်စံတော်မူသောအခါ ဘုရားရှင်၏ လောင်တိုက်တော်ကို ကြည်ညိုလျက် ရှိ၏။ ထို့နောက် လောင်တိုက်တော် ထင်းပုံ၌ တူရိယာကို တီးမှုတ်၍ နံ့သာပန်းကို ကြဲမြှောက်ကာ ပူဇော်ခဲ့၏။[]

အကျိုးခံစားရခြင်း

[ပြင်ဆင်ရန်]

ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်တွင် ပန်းလှူခဲ့သည့်အချိန်မှစကာ အပါယ်လေးဘုံသို့ မကျရောက်ခဲ့ရပေ။ ထို့ပြင် ဤဘဒ္ဒကမ္ဘာမှ နှစ်ဆယ့်ကိုးကမ္ဘာထက်၌ “ဥဂ္ဂတ” အမည်ဖြင့် စကြဝတေးမင်း တစ်ဆယ့်ခြောက်ကြိမ် ဖြစ်ခဲ့၏။[]

ဂေါတမမြတ်စွာဘုရားထက်ထက်

[ပြင်ဆင်ရန်]

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်စိတကပူဇကထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ထေရာပဒါန်ပါဠိတော်၊ မဟာပရိဝါရဝဂ်