စာဗူးတောင်း
Baya weaver | |
---|---|
![]() | |
![]() | |
Male and female P. p. philippinus (India) | |
မျိုးရိုးခွဲခြားခြင်း ![]() | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Aves |
မျိုးစဉ်: | Passeriformes |
မျိုးရင်း: | Ploceidae |
မျိုးစု: | Ploceus |
မျိုးစိတ်: | P. philippinus
|
ဒွိနာမ | |
Ploceus philippinus | |
![]() | |
approximate distribution | |
Synonyms | |
Loxia philippina Linnaeus, 1766 |
ဇီဝဗေဒအလိုအားဖြင့် တောစာကလေးသည် ‘ပလိုဆီအိဒီး’ မျိုးရင်းတွင်၎င်း၊ ‘ပလိုဆီအိုင်နီး’ မျိုးရင်းတွင်၎င်း ပါဝင်သည်။ တောစာကလေးကို စာဗူးတောင်း၊ စာဖောင်းဟုလည်း ခေါ်သေးသည်။ စာဗူးတောင်းဟု အမည်တွင်ခြင်းမှာ ထိုငှက်၏အသိုက်သည် လည်ပင်းရှည်သော ဗူးတောင်းကို စောက်ထိုးဆွဲထားသည်နှင့် တူခြင်းကြောင့်ဖြစ်သည်။ အသိုက်ကို မြက် သို့မဟုတ် သစ်ရွက်တို့ဖြင့် ကျွမ်းကျင်စွာ ရက်ထားတတ်သည်။ တောစာကလေးများသည် အအုပ်အသင်းနှင့် နေထိုင်တတ်၍ လယ်တော၊ မြက်တော၊ စိုက်ခင်းများနှင့် တောစပ်များတွင် ကျက်စားလေ့ရှိကြသည်။ နွံနှင့် ရေကန်အနီးရှိ ရွာများတွင်လည်း ကျက်စားတတ်သည်။ သားပေါက်ချိန်တွင် အဖို၏ အမွေးအတောင်များသည် ပြည့်စုံ၍လှပသည်။
တောစာကလေးကို အာဖရိကတိုက်တွင် အများအပြား တွေ့ရသည်။ ယင်းတို့မှ ပေါက်ပွားသော မျိုးစိတ်များအနက် အချို့ကို အိန္ဒိယနှင့် မြန်မာနိုင်ငံတို့တွင် တွေ့ရသည်။ ထို့ပြင် ဥရောပတိုက်နှင့် အာရှတိုက်တို့၌လည်း တောစာကလေးများကို တွေ့နိုင်၏။ သို့သော် မြောက်နှင့်တောင်အမေရိကတိုက်တို့၌ မတွေ့ရချေ။[၂]
ကိုးကား[ပြင်ဆင်ရန်]
- ↑ BirdLife International (2012). "Ploceus philippinus". IUCN Red List of Threatened Species 2012. IUCN.
- ↑ မြန်မာ့စွယ်စုံကျမ်း အတွဲ (၅)
![]() | ဤ စာကလေးနှင့် အလားတူငှက်မျိုးနွယ်ဝင် ငှက်အကြောင်း ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |