စလ်မန်ဖာရစီ
အစ္စလာမ်မတိုင်ခင်အရင် စလ်မန်ဖာရစီ (အင်္ဂလိပ်: Salman al-Farisi; အာရပ်: سلمان الفارسي Salmān al-Fārisī) ၏ အမည်မှာ ရူးဇ်ဗေဟ် (Rouzbeh; ပါရှန်း: روزبه) ဖြစ်သည်။ တမန်တော်မြတ် မိုဟမ္မဒ်(ဆွ)၏ ဆွဟာဘာသာဝကကြီးတစ်ဦးဖြစ်သည်။ တမန်တော်မြတ်သည် စလ်မန်ဖာရစီကို မိမိ၏ အိမ်တော်သူအိမ်တော်သားမှ ဖြစ်ကြောင်း မိန့်တော်မူခဲ့လေသည်။ ထိုကြောင့် စန်မန်မိုဟမ္မဒီဟု ကျော်ကြားခဲ့လေသည်။ ကိုရိုက်ရှ် ရန်သူတို့သည် မဒီနာမြို့သို့ လာရောက်တိုက်ခိုက်သည့် အခါတွင် စလ်မန်ဖာရစီသည် မဒီနာမြို့ပတ်ပတ်လည်တွင် ခံတပ်တစ်ခုကို တည်ဆောက်ရန် အကြံပေးခဲ့သည်။ သာဝကကြီး စလ်မန်ဖာရစီသည် အထူးတဖြင့် ရှီအာမွတ်စ္စလင်မ် ဘာသာဝင်တို့အကြား ဂုဏ်ရည်မြင့်မား၍ မြင့်မြတ်သည့် အရိုက်အရာရှိကြောင်း သတ်မှတ်ထားကြသည်။[၁]
စလ်မန်ဖာရစီသည် အီရန်လူမျိုးနွယ်စုမှ ဖြစ်သော်ငြားလည်း မဂျူစီမီး ကိုးကွယ်သူအဖြစ်နှင့်သာ မနေခဲ့ဘဲ စစ်မှန်သည့် တရားတော်များကို ရှာဖွေရင်း နိုင်ငံအနှံ့ ခရီးထွက်ခဲ့သည်။ တချို့နိုင်ငံများတွင် ကျွန်အဖြစ် ရောင်းစားခြင်းကိုလည်း ခံခဲ့ရသည်။ နောက်ဆုံးတွင် တမန်တော်မြတ်မိုဟမ္မဒ်(ဆွ)သည် စလ်မန်ကို ငွေကြေးအသပြာဖြင့် ဝယ်ယူ၍ ကျွန်အဖြစ်မှ လွတ်ငြိမ်းခွင့်ပေးခဲ့သည်။ စလ်မန်ဖာရစီသည် အီရန်နှင့် ခရစ်ယန်တို့မှ ပညာရပ်တို့ကို တတ်မြောက်ထားသူဖြစ်သည်။ တမန်တော်မြတ်မိုဟမ္မဒ်(ဆွ)၏ အထူးအတိုင်ပင်ခံတစ်ဦးဖြစ်သည်။ ထိုကြောင့် ခန္ဒက်စစ်ပွဲတွင် ခံတပ်အဖြစ်တူးမြောင်းကြီးကို မဒီနာမြို့ပတ်ပတ်လည်တွင် တူးရန်အကြံပေးခဲ့သူဖြစ်သည်။ ၎င်း၏ နောက်ဆုံးအချိန်များတွင် မဒါအိင်ပြည်နယ်၏ အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူပေးခဲ့သည်။[၂]
မွေးရပ်ဌာနေနှင့် ငယ်ရွယ်စဉ်ကာလ
[ပြင်ဆင်ရန်]စလ်မန်သည် အီရန်နိုင်ငံ အစ်ဖဟန်မြို့ရှိ ဂျေးရွာမှ မြေပိုင်သဋ္ဌေးတစ်ဦး၏ သားဖြစ်သည်။ မွေးရပ်ဌာနေနှင့် ပတ်သက်၍ သမိုင်းတွင် အမျိုးမျိုးသော ထင်မြင်ချက်များကို ရေးသားထားကြသည်။ ထိုကြောင့် အစ်ဖဟန်မြို့မှ တစ်ခြားသောရွာအမည်များ၊[၃][၄] ဖာရ်စ်ပြည်နယ်မှ ရွာများ၊ ခူဇီစ်သန်ပြည်နယ်မှ ရာမ်ဟွရ်မွဇ်မြို့များ [၅] စသည်ဖြင့် စလ်မန်၏ မွေးရပ်ဌာနေဖြစ်ကြောင်း သမိုင်းပညာရှင်များက ဖော်ပြထားကြသည်။ တချို့သမိုင်းပညာရှင်များသည် စလ်မန်အား မဇ်ဒကီမျိုးနွယ်မှဖြစ်ကြောင်း၊[၆] တချို့မှာ မာနဝီမျိုးနွယ်စုမှဖြစ်ကြောင်း ဆိုထားကြသည်။[၇]
စလ်မန်ဖာရစီ၏ သက်တော်
[ပြင်ဆင်ရန်]စလ်မန်ဖာရစီ၏ သက်တော်နှင့် ကွယ်လွန်သည့် ခုနှစ်တို့နှင့်ပတ်သက်၍ သမိုင်းတွင် အမျိုးမျိုးဆိုထားကြသည်။
- ရှိုက်ခ်သူစီသည် စလ်မန်ဖာရစီအား ဟဇရသ်အီစာ(အ.စ)ကို တွေ့မြင်ခဲ့ရသည့် အသက်အရွယ်ရှိသည်ဟုပင် ဆိုထားသည်။ ထိုသို့ဆိုထားပါလျှင် ၎င်း၏သက်တော်မှာ (၆၀၀)ကျော်ပင်ဖြစ်ကြောင်း သိနိုင်သည်။
- တမန်တော်မြတ်မိုဟမ္မဒ်(ဆွ)ထံမှ ရေဝါယသ်တော်တွင် ဖော်ပြထားသည်မှာ စလ်မန်ဖာရစီ၏ သက်တော်သည် (၄၅၀) ဖြစ်ကြောင်းဖော်ပြထားသည်။
- ဆရဒ်မွရ်သဇာ နှင့် ရှိုက်ခ်သိုရိုင်ဟီး တို့က သက်သေသာဓကများကို ထောက်ရှု၍ စလ်မန်ဖာရစီ၏ သက်တော်မှာ (၃၅၀) ဖြစ်ကြောင်းသိနိုင်ပေသည်ဟု သမိုင်းကျမ်းများတွင် ရေးသားထားကြသည်။
- တစ်ခြားသောသမိုင်းပညာရှင် အများစုမှာ စလ်မန်ဖာရစီ၏သက်တော်အား (၂၅၀) ဖြစ်ကြောင်း ဖော်ပြထားကြသည်။ မိုဟဒ္ဒိစ်နူရီသည် စလ်မန်ဖာရစီ၏ သက်တော်ကို (၂၅၀) ဟုဆိုထားခြင်းသည် ပို၍ ခိုင်လုံသည်ဟု ဆိုထားသည်။ အိဗ်နေအဗ်ဒွလ်ဗီရ်သည် အလ်အိစ်သီအားဗ်ဆိုသည့်ကျမ်း အတွဲ(၂) စာမျက်နှာ(၁၉၅)၊ အိဗ်နေအစီးရ်သည် အွစ်ဒွလ်ဂါဗာ ဆိုသည့်ကျမ်း အတွဲ(၂) စာမျက်နှာ (၃၂၂)၊ အလ်စီးရသွလ်ဟလဗီယာ ဆိုသည့်ကျမ်း အတွဲ(၁) စာမျက်နာ(၁၉၅)၊ ဆွဖ်ဝသွလ်ဆွဖ်ဝါဟ်ဆိုသည့်ကျမ်း အတွဲ(၁) စာမျက်နှာ(၅၅၅)၊ မဂျာလိစွလ်မိုအ်မေနီးန် ဆိုသည့်ကျမ်း အတွဲ(၁) စာမျက်နှာ(၂၀၈)၊ အလ်အေဆွာဗာဟ် ဆိုသည့်ကျမ်း အတွဲ(၂) စာမျက်နှာ (၆၂)၊ အလ်ဂဒီးရ် ဆိုသည့်ကျမ်း အတွဲ(၇) စာမျက်နှာ(၂၈၂)၊ အဒ္ဒရဂျာသွရ်ရဖီးအာဟ် ဆိုသည့်ကျမ်း စာမျက်နှာ(၂၂၀)၊ စသည့်ကျမ်းများတွင် စလ်မန်ဖာရစီ၏ သက်တော်ကို (၂၅၀) ဖြစ်သည်ဟု ဆိုထားသည့် အဆိုသည် ပို၍ခိုင်လုံထောက်ထားကြောင်းကို ဖော်ပြထားသည်။[၈]
ဇရ်သွရှ်သာသနာအပေါ်ယုံကြည်မှု
[ပြင်ဆင်ရန်]စလ်မန်ဖာရစီသည် မာနီ မျိုးနွယ်စုများမှ ဖြစ်သည်။ မာနီမျိုးနွယ်စုတို့သည် ဇရ်သွရှ်သီ သာသနာကို အထွတ်အမြတ်ထား ကိုးကွယ်သူများဖြစ်ကြသည်။ ထိုကြောင့် ထိုသာသနာကို လက်မခံလိုသော စလ်မန်သည် အီရန်နိုင်ငံမှ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။[၉][၁၀][၁၁]
ခရစ်ယန်သာသနာအပေါ်ယုံကြည်မှု
[ပြင်ဆင်ရန်]စလ်မန်ဖာရစီသည် လူငယ်ဘဝတွင် ခရစ်ယန်သာသနာအပေါ် ယုံကြည်သူတစ်ဦး ဖြစ်ခဲ့သည်။ ထို့နောက် ပညာတော်သင်ရန် ဆီးရီးယားနိုင်ငံသို့ ထွက်ခွာခဲ့သည်။ အဗူရိုင်ဟားန် ဘီရူနီးသည် အလ်အာစားရွရ်ဗာကီးယာ အန်နီလ်ကိုရူးနီလ်ခါလီယား ဆိုသည့်ကျမ်းတွင် အဗ်ဒွလ္လာ၏သားဖြစ်သူ စလာမ်သည် စလ်မန်ဖာရစီထံမှ ခရစ်ဝင်ကျမ်းကို ရေးသားပြုစုခဲ့သည်ဟု ဆိုထားလေသည်။ စလ်မန်ဖာရစီသည် ဆီးရီးယားနိုင်ငံတွင် ပညာသင်ကြားနေခိုက် ဆရာဖြစ်သူမှ ဆုံးပါးသွားသည့်အတွက် ဆော်ဒီအာရေဗျနိုင်ငံသို့ ရောက်လာခဲ့လေသည်။ ထိုအချိန်တွင် တမန်တော်မြတ်မိုဟမ္မဒ်(ဆွ)သည် ခဒီဂျာသခင်မကြီး၏ ကူးသန်းရောင်းဝယ်ရေးကို ဦးစီးဦးဆောင်ပြုပေးနေသည်။ စလ်မန်ဖာရစီသည် ဆော်ဒီအာရေဗျနိုင်ငံသို့ လာနေခိုက် လမ်းခုလတ်တွင် ဓားပြတို့၏ တိုက်ခိုက်မှုကို ခံကြရ၍ သုံ့ပန်းအဖြစ်ခေါ်ဆောင်ခြင်းခံခဲ့ရပြီး ကျွန်အဖြစ်ရောင်းစားခြင်းကို ခံခဲ့ရသည်။ မဒီနာမြို့မှ ယဟူဒီတစ်ဦးသည် စလ်မန်ဖာရစီကို ကျွန်အဖြစ်ဝယ်ယူ၍ မဒီနာမြို့သို့ ခေါ်ဆောင်သွားခဲ့လေသည်။
အစ္စလာမ်သာသနာအပေါ်ယုံကြည်မှု
[ပြင်ဆင်ရန်]စလ်မန်ဖာရစီသည် မဒီနာမြို့တွင် တမန်တော်မြတ်မိုဟမ္မဒ်(ဆွ)နှင့် သိကြွမ်းဝင်ခဲ့သည်။ အစ္စလာမ်သာသနာသို့ ကူးပြောင်းလာခဲ့သည်။ တမန်တော်မြတ်မိုဟမ္မဒ်(ဆွ)သည် မဒီနာမြို့သို့ ဟစ်ဂျရသ် ပြောင်းရွှေ့လာချိန်တွင် တမန်တော်၏ ဖိတ်ခေါ်မှုကြောင့် အစ္စလာမ်သာသနာသို့ ကူးပြောင်းလာသည်ဟု စဖီးနသွလ်ဗေဟာရ် ကျမ်းတွင် ရေးသားဖော်ပြထားသည်။ တမန်တော်မြတ်သည် စလ်မန်ဖာရစီ၏ သခင်ကို စလ်မန်၏ လုပ်အားခဖြင့် သူ့အားကျွန်အဖြစ်မှ ကင်းလွှတ်ခွင့်ပေးရမည်ဟု စာချုပ်ချုပ်ဆိုခဲ့သည်။ တမန်တော်မြတ် နှင့် မဒီနာမြို့သားတို့သည် ထိုယဟူဒီအား စွန်ပလွန်ပင် (၄၀) နှင့် ဒီရ်ဟမ် (၄၀၀) ကိုပေးဆပ်၍ စလ်မန်အား ကျွန်ဘဝမှ ကင်းလွှတ်ခွင့်ပေးခဲ့ကြသည်။ [၁၂] ထိုကြောင့် စလ်မန် နှင့် တမန်တော်တို့ သိကြွမ်းဝင်မှုသည် တမန်တော်အဖြစ် ပွင့်တော်မူပြီးနောက်ဖြစ်ကြောင်းကိုသာ ရေးသားထားကြပြီး ခုနှစ်အတိအကျကို ဖော်ပြထားခြင်း မရှိပါ။
ခန္ဒက်စစ်ပွဲ
[ပြင်ဆင်ရန်]ခန္ဒက်စစ်ပွဲသည် ဟစ်ဂျရီခုနှစ် (၅)တွင် ဖြစ်ပွားခဲ့သည်။ စလ်မန်ဖာရစီ၏ အကြံပေးချက်ဖြင့် မဒီနာမြို့ကို တူးမြောင်းတူး၍ ခံတပ်ပြုလုပ်ထားခဲ့သည်။ ခန္ဒက်သည် ဖာရစီစကားမှဖြစ်ပြီး အရဗီစကားသို့ ကူးပြောင်းလာသည့် ဝေါ်ဟာရတစ်ခုဖြစ်သည်။ အဓိပ္ပာယ်မှာ တူးခြင်းဖြစ်သည်။ ပါရစီရှေးဟောင်းစာပေများတွင် «کن» ဆိုသည့်မူရင်းပုဒ်မှဆင်းသက်လာပြီး တူးခြင်းဆိုသည့်အဓိပ္ပာယ်ကို ဖော်ဆောင်သည်။ ထိုအဓိပ္ပာယ်နှင့်ဝေါ်ဟာရကို ယနေ့တိုင် အီရန်နိုင်ငံဖာရစီ ဘာသာစကားတွင် အသုံးပြုလျက် ရှိသည်။ စလ်မန်ဖာရစီကို မဒီနာမြို့ရှိ မျိုးနွယ်စုတို့သည် မိမိတို့နှင့်အတူ နေထိုင်စေချင်ကြသည်။ ထိုကြောင့် မိုဟာဂျိရ် မက္ကာမြို့မှမဒီနာသို့ ပြောင်းရွှေ့လာကြသူများသည် စလ်မန်ကို ကျွန်ုပ်တို့မျိုးနွယ်ဝင်ဖြစ်ကြောင်း ပြောဆိုကြသည်။ ထိုကြောင့် အန်ဆွာရ် မဒီနာမြို့သားတို့သည်လည်း စလ်မန်သည် ကျွနု်ပ်တို့မျိုးနွယ်ဝင်စုဖြစ်သည်ဟု ဆိုလာကြသည်။ ထိုအခါ တမန်တော်မြတ်(ဆွ)သည်လည်း စလ်မန်သည် ငါကိုယ်တော်မြတ်၏ အဲဟ်လေဘိုင်သ် အိဿရိ အနွယ်တော်မွန်ဖြစ်ကြောင်း မိန့်ဆိုခဲ့သည်။[၁၃]
တမန်တော်မြတ်(ဆွ)ကွယ်လွန်ပြီးနောက်
[ပြင်ဆင်ရန်]မာစီနီယွန်းသည် မိမိပြုစုထားသောစာအုပ်တွင် စလ်မန်ဖာရစီသည် တမန်တော်မြတ်မိုဟမ္မဒ်(ဆွ) ကွယ်လွန်တော်မူပြီးနောက် စကီဖာတွင် သာဝကတစ်ဦးဖြစ်သူ အဘူဗကရ်ကို ခေလာဖသ် အုပ်ချုပ်ရေးခေါင်းဆောင်အဖြစ် အလျင်တလို ခန့်အပ်ခဲ့ကြသည့်အတွက် ဘက်မလိုက်ဝါဒီကျင့်သုံး၍ ဘေးဖယ်ရှောင်နေခဲ့သည်။ မဒါအေနီနှင့် ဗေလာဇိုရီ သမိုင်းကျမ်းပြုပညာရှင်တို့သည် «کرداد و ناکرداد» ဆိုသည့်စာသားဖြင့် ရေးသားဖော်ပြထားသည်။ ဆိုလိုသည်မှာ ဖာရစီဘာသာစကားတွင် အလယ်အလတ်လမ်းလိုက်သည်ဟု အဓိပ္ပာယ်ရသည်။ ထိုကြောင့် တမန်တော်မိုဟမ္မဒ်(ဆွ)ကွယ်လွန်ပြီးနောက် ဟစ်ဂျရီခုနှစ်(၁၁)တွင် ဦးခေါင်းတုံး၍ ဓားဆွဲကာ ဆန့်ကျင်ခဲ့သည်ဟု အေမာမီယာတို့၏ ယုံကြည်ချက်ကို သက်သေမပြုနိုင်ပေ။ သို့သော် သမိုင်းပညာရှင်ကြီး ယာအ်ကူဘီ မတိုင်မီ နှစ်ပေါင်း (၁၅၀) အရင် အီရာကီ၏ သမိုင်းအဆိုများတွင် စလ်မန်ဖာရစီသည် ခေလာဖသ် အုပ်ချုပ်ရေးနှင့်ပတ်သက်၍ အဗူဘကရ်ကို ခန့်အပ်ခဲ့သည့်အချိန်တွင် ခေလာဖသ်နှင့်ပတ်၍ အမှန်တရားမှ တိမ်းဆောင်းသွားသည်ကို ပြောကြားခဲ့ကြောင်း ဆိုထားလေသည်။ ထိုသို့ပြောဆိုခြင်းကို သီးသန့်တွေ့ဆုံမှုတို့တွင် ပြောကြားခဲ့ကြောင်းလည်း ဖြစ်နိုင်ပေသည်။[၁၄]
ကွယ်လွန်သည့်သမိုင်း
[ပြင်ဆင်ရန်]မာစီနီယွန်း ရေးသားပြုစုသည့် စလ်မန်ပါးက် ဆိုသည့် စာအုပ်တွင် စလ်မန်ဖာရစီကွယ်လွန်သည့် သမိုင်းမှာ အတိအကျမရှိဟု ဖော်ပြထားသည်။ ဒုတိယခလီယာ အိုမရ် အုပ်ချုပ်ရေး နှောင်းပိုင်း(သို့) တတိယခလီဖာ အွတ်စ္စမန် အုပ်ချုပ်ရေးကာတွင် ကွယ်လွန်သည်ဟု ဆိုထားသည်။ သမိုင်းပညာရှင်များဖြစ်သူ ဝါကေဒီ နှင့် အိဗ်နေစက်အ်ဒ် တို့သည် တတိယခလီဖာ အွတ်စ္စ်မန် အုပ်ချုပ်ရေးခေတ်တွင် ကူဖာမြို့တွင် နေထိုင်ခဲ့သည်ဟု ဆိုထားလေသည်။ (၃)ရာစုတွင် ရေဝါယသ်ကိုစုစည်းတင်ပြခဲ့သူများက ဟစ်ဂျရီ(၃၈)တွင် ကွယ်လွန်ကြောင်းလည်း ဆိုထားကြသည်။ မာစီနီယွန်းသည် မိမိပြုစုထားသည့်စာအုပ်တွင် စလ်မန်ဖာရစီသည် တမန်တော်မြတ်မိုဟမ္မဒ်(ဆွ)၏ သမီးတော် ဖွာသွေမာသခင်မကြီး၏ ပိုင်ဆိုင်မှုကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းပိုက်လိုက်ပြီးနောက် မဒီနာမြို့မှ ထွက်ခွာသွားခဲ့သည်။ ထိုနောက် စလ်မန်ဖာရစီသည် ဆီးရီးယားနိုင်ငံမှ ဆော်ဒီအာရေဗျနိုင်ငံသို့ ထွက်ခွာလာချိန်တွင် အတူလိုက်ပါခဲ့ကြသည့် ဗနီးအဗ်ဒွလ်ကိုင်းစ် မျိုးနွယ်စုတို့နှင့်အတူ ပူးပေါင်းခဲ့သည်။ ဗနီးအဗ်ဒွလ်ကိုင်းစ် မျိုးနွယ်စုတို့၏ အခြေအနေကို လေ့လာသုံးသပ်ကြည့်မည်ဆိုလျှင် အဆိုပါတင်ပြခဲ့မှုကို သိမြင်နိုင်ပေသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ Jestice၊ Phyllis G. (2004)။ Holy People of the World: A Cross-cultural Encyclopedia, Volume 1။ ABC-CLIO။ p. 761။ ISBN 978-1576073551။
- ↑ زندگی سلمان پس از رحلت رسول خدا(ص)။ 26 December 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 September 2020 တွင် ပြန်စစ်ပြီး။
- ↑ Richard A. Gabriel, Muhammad: Islam's first great general, University of Oklahama, page 135
- ↑ الاعلام زرکلی ج ۳ ص ۱۱۱ و الوفی بالوفیات ج ۵ ص ۹۸။ 13 May 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 December 2017 တွင် ပြန်စစ်ပြီး။
- ↑ تاریخ دمشق ابن عساکر
- ↑ قبل از ظهور اسلام 19 November 2009 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . تاریخ ایران
- ↑ مانی و آیین او 11 July 2011 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . از: فرید شالیزاده و سایت روزنامک
- ↑ مدت عمر။ 22 July 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 December 2017 တွင် ပြန်စစ်ပြီး။
- ↑ الآثار الباقیه عن القرون الخالیه دائرةالمعارف بزرگ اسلامی
- ↑ شناخت هویّت ایرانی از زمان فردوسی تاکنون 22 May 2010 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . مرتضی ثاقب فر - سخنرانی در دانشکده حقوق دانشگاه تهران در «همایش هویّت و حاکمیت ملی ایران «در ۲۷ بهمن ۱۳۸۳، منتشره در ماهنامه ایرانمهر به تاریخ اسفند ۱۳۸۳
- ↑ سابقهٔ تاریخی اسکان قبایل عرب در خوزستان 14 October 2008 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . دکتر امیرحسین خنجی - دوشنبه ۳ اسفند ۱۳۸۱ - ایران امروز
- ↑ سفینة البحار، ج ۱، ص ۶۴۶.
- ↑ چرا رسول خدا(ص) درباره سلمان فارسی فرمودند: «سلمان منّا اهل البیت»؟။ 3 January 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 September 2020 တွင် ပြန်စစ်ပြီး။
- ↑ کتاب سلمان پاک نوشته: لویی ماسینیون، ص ۷۷.