စလင်း ရုပ်စုံကျောင်း
ပုံပန်းသွင်ပြင်
စလင်း ရုပ်စုံကျောင်း | |
---|---|
အချက်အလက်များ | |
ကိုဩဒိနိတ် | 20°34′24″N 94°38′54″E / 20.5734°N 94.648213°Eကိုဩဒိနိတ်: 20°34′24″N 94°38′54″E / 20.5734°N 94.648213°E |
ဘာသာရေး နှီးနွယ်မှု | ထေရဝါဒ ဗုဒ္ဓဘာသာ |
နိုင်ငံ | စလင်းမြို့၊ မကွေးတိုင်းဒေသကြီး၊ မြန်မာနိုင်ငံ |
စလင်းရုပ်စုံကျောင်းတော် (ခေါ်) မြောက်လေးစင်ရုပ်စုံကျောင်းသည် ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်း၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်မြောက်ပိုင်း၊ စလင်းမြို့တွင် တည်ရှိသည်။ ဝက်သည်းကန်ဘုရားမှ ဆင်ဖြူကျွန်း-စေတုတ္တရာ ကားလမ်းအတိုင်း တစ်ဖာလုံခန့်ဆက်သွားပါက ရှမ်းရွာကုန်း၏ အရှေ့ဘက်တွင် ရှိသည်။ ၂ဝဝ၃-ခုနှစ်တွင် ရှေးဟောင်းသုတေသနမှ ထိန်းသိမ်းစောင့်ရှောက်တာဝန်ယူထားသည်။ ရုပ်စုံကျောင်းမှာ သရက်ကင်းလှေကား ခြောက်စင်းရှိပြီး ပြဿာဒ်ဆောင်၊ စနူဆောင်၊ ဇေတဝန်ဆောင်တို့ ပါဝင်ဖွဲ့စည်းတည်ဆောက်ထားကာ ရတနာပုံခေတ်ဗိသုကာလက်ရာနှင့် ရှေးဟောင်း အမွေအနှစ်ပစ္စည်းတို့ကို ဝင်ရောက်ကြည့်ရှု လေ့လာနိုင်သည်။ မင်းတုန်းမင်းလက်ထက် သက္ကရာဇ် ၁၈၆၈-ခုနှစ်တွင် သူကောင်းမကြီး ဒေါ်ပုက တည်ဆောက်လှူဒါန်းထားခြင်းဖြစ်သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ အောင်ထွန်းဦး (၂၀ နိုဝင်ဘာ ၂၀၁၈)။ ခါတစ်လှည့် လာခဲ့ပါ ရွှေလင်းမြေ။ ၁၈ နိုဝင်ဘာ ၂၀၁၉ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]