စန်းချုံခရိုင်

ဝီကီပီးဒီးယား မှ
စန်းချုံ
三重區
District
စန်းချုံခရိုင်
Sanchong District in New Taipei City
Sanchong District in New Taipei City
CountryRepublic of China (Taiwan)
Special municipalityNew Taipei
Established၁၉၄၇
ဧရိယာ
 • စုစုပေါင်း၁၆.၃၁၇၀ စတုရန်းကီလိုမီတာ (၆.၃၀၀၀ စတုရန်းမိုင်)
လူဦးရေ (၂၀၁၆ ဩဂုတ်လ)
 • စုစုပေါင်း၃၈၈၂၃၀
 • သိပ်သည်းမှု၂၄၀၀၀/km (၆၂၀၀၀/sq mi)
Postal code၂၄၁
ဧရိယာကုဒ်(များ)၀၂
ဝက်ဘ်ဆိုဒ်sanchong.ntpc.gov.tw

စန်းချုံခရိုင် (တရုတ်: 三重區; ပင်ယင်: Sānchóng Qū; ပေဝေဂျီ: Sam-tiông-khu) ထိုင်ဝမ်နိုင်ငံ နျူးထိုင်ပေမြို့ အနောက်ဘက်မှ လူနေထိုင်မှုများရာ ခရိုင်ဒေသဖြစ်သည်။ ၁၆.၃၂ ကီလိုမိတာကျယ်ဝန်းပြီး လူဦးရေ ၃၈၄၆၁၈ (၂၀၀၃) နေထိုင်သည်ဖြစ်ရာ စန်းချုံခရိုင်သည် ထိုင်ဝမ်နိုင်ငံ၏ ၄ ခုမြောက် နှင့် ကမ္ဘာပေါ်တွင် ၂၃ ခုမြောက် လူဦးရေအထူထပ်ဆုံးဖြစ်သည်။[၁] တစ်ကီလိုမီတာလျှင် လူပေါင်း ၂၃၉၀၀ ကျော်နေထိုင်သည်။

ပထဝီအနေအထား[ပြင်ဆင်ရန်]

စန်းချုံခရိုင်၏ မြောက်ဘက်နှင့်အနောက်မြောက်ဘက်တွင် လူကျိုး ၊ ဝူကု ၊ အနောက်ဘက်တွင် ရှင်းကျွမ်းတို့နှင့် ထိစပ်နေပြီး ၊ ၎င်းနှင့် ထိုင်ပေမြို့အကြား တမ်စွေ့မြစ်ခြားထားသည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

စန်းချုံကို စန်းထုံးဖူ (တရုတ်: 三重埔; ပေဝေဂျီ: Saⁿ-têng-po͘ / Sam-tiông-po͘),[၂] သုံးခုမြောက် မြေပြန့် အဖြစ် ရှေးဦးအခြေချသူများက ခေါ်ဆိုသည်။ ယနေ့ခေတ် ရှင်းကျွမ်းဒေသမှ အခြေချသူများက မြောက်အရပ်သို့ တက်လာကြပြီး ၎င်းတို့အခြေချရာ မြေပြန့်များကို

"ပထမမြေပြန့်" (頭前埔, ယနေ့ခေတ် ရှင်းကျွမ်းခရိုင်တွင် တည်ရှိ), "ဒုတိယမြေပြန့်" (二重埔, ယနေ့ခေတ် စန်းချုံတွင် တည်ရှိ) နှင့် တတိယမြေပြန့်များဟု အမည်ပေးသတ်မှတ်သည်။

တရုတ်သမ္မတနိုင်ငံ[ပြင်ဆင်ရန်]

ထိုင်ပေမြို့၏ အရေးပါသော တိုးချဲ့အရပ်ဖြစ်နေသည်။ ၁၉၆၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် စန်းချုံကို မြို့နယ်အဆင့်မှ နိုင်ငံမှ စီမံကွပ်ကဲသော မြို့တော်အဆင့်သို့ တိုးမြှင့်လိုက်သည်။ ၂၀၁၀ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ယခင်ထိုင်ပေကောင်တီမှ နျူးထိုင်ပေမြို့တော်အဖြစ်ပြောင်းလဲခြင်းနှင့်အတူ စန်းချုံမြို့တော်ကို ခရိုင်အဖြစ် အဆင့်မြှင့်တင်လိုက်သည်။

လူဦးရေအခြေအနေလေ့လာဆန်းစစ်ရေးဗေဒ[ပြင်ဆင်ရန်]

၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် ခရိုင်၌ လူပေါင်း ၃၈၈၅၅၀ နေထိုင်သည်။[၃]

၂၀၁၀ လူဦးရေ သန်းခေါင်စာရင်းအရ[၄] စန်းချုံ၌ လူဦးရေ ၃၉၀၉၀၄ နေထိုင်သည်။ လူဦးရေသိပ်သည်းနှုန်းမှာ တစ်စတုရန်းကီလိုမီတာတွင် ၂၄၁၇၂.၆ ဖြစ်သည်။

ပညာရေး[ပြင်ဆင်ရန်]

ခရီးသွားများအား ဆွဲဆောင်နိုင်သည့်နေရာများ[ပြင်ဆင်ရန်]

ထိုင်ပေတံတားပေါ်မှ တွေ့မြင်ရသည့် မြစ်အလှရှုခင်း
  • နျူးထိုင်ပေတံတား
  • ရှင်းဆဲ့ဘုရားကျောင်း
  • အားချုံကမ်းနားဥယျာဉ်
  • အားချုံကြာပွင့်ဥယျာဉ်
  • ချုံးယန်တံတား — ကေဘယ်လ်တံတားနှင့် ညအလှရှုခင်း အထင်ကရနေရာ

ဈေးဝယ်ထွက်ရန်နှင့် စားသောက်ရန်နေရာများ[ပြင်ဆင်ရန်]

  • စန်းဟယ်ညဈေး
  • Carrefour ချုံရှင်းဈေးဝယ်စင်တာ
  • B&Q သယ်ယူပို့ဆောင်ရေး၊ အိမ်ဆောက်ပစ္စည်း
  • IKEAအိမ်တွင်း ပရိဘောဂ အလှဆင်

သယ်ယူပို့ဆောင်ရေး[ပြင်ဆင်ရန်]

စန်းချုံအခြေခံပညာကျောင်း ဘူတာ

စန်းချုံ အခြေခံပညာကျောင်းနှင့် စန်းဟယ် ဂျူနီယာအထက်တန်းကျောင်းဘူတာတို့တွင် ထိုင်ပေ မက်ထရို လူကျိုးလိုင်း (လိုင်းအမှတ် ၄) ၊ ထိုင်ပေတံတား၊ ချိုင်လျောင် ၊ စန်းချုံနှင့် ရှန်းဆဲ့ဘုရားကျောင်းဘူတာများတွင် ရှင်းကျွမ်းလိုင်းတို့ ပြေးဆွဲသည်။ စန်းချုံဘူတာအနီးတွင် ထောင်ယွမ် လေဆိပ် အမ်အာတီကို အနာဂတ်တွင် ပြေးဆွဲမည်ဖြစ်သည်။

နေရှင်နယ်အဝေးပြေး အမှတ် ၁ ၊ စီရင်စုအဝေးပြေး အမှတ် ၁ နှင့် အမှတ် ၁ အေ ၊ နှင့် စီရင်စုအဝေးပြေး အမှတ် ၆၄ တို့က ကုန်းကြောင်းပြေးဆွဲလျက်ရှိသည်။ ချုံယန်းတံတား ၊ ထိုင်ပေတံတား ၊ ကျုံးရှောက် တံတား ၊ ကျုံးရှင်းတံတားတို့ဖြင့် ထိုင်ပေမြို့ကို ချိတ်ဆက်ထားသည်။ ရှင်းကျွမ်း ၊ လူကျိုး ၊ ဝူကု နှင့် ပန်းချောင်တို့နှင့်လည်း ဆက်သွယ်ထားသည်။

အောက်ပါကိုလည်း ဖတ်ရှုပါ။[ပြင်ဆင်ရန်]

  • နျူးထိုင်ပေမြို့

အကိုးအကားများ[ပြင်ဆင်ရန်]

  1. List of cities proper by population density
  2. တမ်းပလိတ်:Holodict
  3. http://www.ca.ntpc.gov.tw/Population/List?wnd_id=68
  4. မော်ကွန်းတင်ပြီးမိတ္တူ။ 22 February 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 October 2018 တွင် ပြန်စစ်ပြီး။

ပြင်ပချိတ်ဆက်မှုများ[ပြင်ဆင်ရန်]