စတီဗင် စပီးလ်ဘတ်ခ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
စတီဗင် စပီးလ်ဘတ်ခ်
၂၀၁၃ ကိန်းရုပ်ရှင်ပွဲတော်တွင် တွေ့ရသည့် စပီးလ်ဘတ်ခ်
မွေးဖွား Steven Allan Spielberg
(1946-12-18) ဒီ​ဇင်​ဘာ​ ၁၈၊ ၁၉၄၆ (အသက် ၆၈)[၁]
စင်စင်နတီ၊ အိုဟိုင်းယိုးပြည်နယ်၊ အမေရိကန်ပြည်ထောင်စု
ဌာနေ လော့အင်ဂျလိမြို့
ပညာရေး Saratoga (CA) High School
မိခင်ကျောင်း ကယ်လီဖိုးနီးယားပြည်နယ် တက္ကသိုလ်
အလုပ်အကိုင် ရုပ်ရှင်ဖန်တီးသူ
တက်ကြွလှုပ်ရှားနှစ်များ ၁၉၆၃-လက်ရှိ
ဂရုထားမှတ်သားစရာ လုပ်ဆောင်မှုများ
ကြွယ်ဝမှု US$၃.၆ ဘီလီယံ (ဇန်၊ ၂၀၁၅)[၂]
ကိုးကွယ်ယုံကြည်မှု ဂျူးဘာသာ
အိမ်ထောင်ဖက်
  • Amy Irving (၁၉၈၅-၁၉၈၉)
  • Kate Capshaw (၁၉၉၁)[၃]
သားသမီး
ဆွေမျိုးသားချင်း Anne Spielberg (ညီမ)

စတီဗင် စပီးလ်ဘတ်ခ် (၁၉၄၆ ဒီဇင်ဘာ ၁၈ - )[၄] သည် အမေရိကန် ရုပ်ရှင်ဒါရိုက်တာ တစ်ဦးဖြစ်သည်။ ၎င်းသည် ဇာတ်ညွှန်းရေးခြင်း၊ ရုပ်ရှင်ထုတ်ဝေခြင်း၊ ဗွီဒီယိုဂိမ်း ဒီဇိုင်းရေးဆွဲခြင်းတို့ကိုလဲ လုပ်ဆောင်သည်။ ရုပ်ရှင်လောကအတွင်း နှစ် ၄၀ ကျော်ကြာ ကျင်လည်ခဲ့သူ စပီးလ်ဘတ်ခ်သည် အကြောင်းအရာအမျိုးမျိုးနှင့် ဇာတ်လမ်းအမျိုးအစား အမျိုးမျိုးကို ရိုက်ကူးခဲ့ပြီးဖြစ်သည်။ စပီးလ်ဘတ်ခ်၏ စောစောပိုင်း သိပ္ပံခေတ်လွန်နှင့် စွန့်စားခန်း ရုပ်ရှင်များကို ခေတ်သစ်ဟောလိဝုဒ် လူကြိုက်များ ရုပ်ရှင်ဇာတ်ကားများ၏ ပကတူးပုံစံအဖြစ် အတုယူကြလေ့ရှိသည်။ သူ၏ နောက်ပိုင်း ဇာတ်ကားများတွင် ဂျူးလူမျိုးများ အသတ်ခံရခြင်း၊ ကျွန်စနစ်၊ စစ်ပွဲနှင့် အကြမ်းဖက်သမားများ စသည့် အကြောင်းအရာများကို အသားပေး ရိုက်ကူးလာသည်။ ရုပ်ရှင်လောကက စပီးလ်ဘတ်ခ်မား လူကြိုက်အများဆုံးနှင့် လွှမ်းမိုးမှု အကြီးမားဆုံး ရုပ်ရှင်ဒါရိုက်တာအဖြစ် အမွန်းတင်ကြသည်။[၅] သူသည် အိပ်မက်ဖန်တီးရှင် ရုပ်ရှင်ကုမ္ပဏီကို ပူးတွဲထူထောင်ခဲ့သူလည်း ဖြစ်သည်။

ကိုးကား[ပြင်​ဆင်​ရန်​]

  1. American Film Institute။ AFI Life Achievement Award။ Afi.com။ October 20, 2013 တွင် ပြန်စစ်ပြီး။
  2. "Steven Spielberg". Forbes. Retrieved January 15, 2015.
  3. Steven Spielberg Biography။ Biography.com (December 18, 1947)။ January 31, 2011 တွင် ပြန်စစ်ပြီး။
  4. McBride, Joseph (1997). Steven Spielberg. Faber and Faber, 37. ISBN 0-571-19177-0. 
  5. The cinema of Steven Spielberg: Empire of light. Nigel Morris. Wallflower Press. 2007

ပြင်ပလင့်ခ်များ[ပြင်​ဆင်​ရန်​]