စကြဝဠာဗေဒ

ဝီကီပီးဒီးယား မှ
(စကြာဝဠာဗေဒ မှ ပြန်ညွှန်းထားသည်)
Hubble eXtreme Deep Field (XDF) သည် ၂၀၁၂ ခုနှစ်တွင် အောင်မြင်စွာဖြင့် အဝေးဆုံးမှ ဂယ်လက်ဆီများအား ဓာတ်ပုံရိုက်ကူးခဲ့သည်။ အစက်ကလေးတိုင်းသည် ဂယ်လက်ဆီများဖြစ်ပြီး သက်တမ်းအားဖြင့် ၁၃.၂ ဘီလီယံနှစ်ရှိကာ လေ့လာနိုင်သော စကြဝဠာ၌ ဂလက်ဆီပေါင်း ၂ ထရီလီယံရှိသည်ဟု တွက်ချက်ထားသည်။[၁]

စကြဝဠာဗေဒ (အင်္ဂလိပ်: Cosmology) ဆိုသည်မှာ ဆင့်ကဲ့ပြောင်းလဲမှု မူလစကြဝဠာအကြောင်းနှင့် စကြဝဠာ၏ ကံတရား စကြဝဠာ၏ ကြီးမားသော ဖွဲ့စည်းပုံတို့အား လေ့လာသော ဘာသာရပ်ဟုဆိုနိုင်သည်။ ရုပ်ပိုင်းဆိုင်ရာအား လေ့လာသောအပိုင်းနှင့် သီအိုရီပိုင်းဟူ၍ ကွဲပြားသေးသည်။ ရုပ်ပိုင်းဆိုင်ရာလေ့လာမှုတွင် ရူပဗေဒ နက္ခတ္တရူပဗေဒနှင့်ပူးတွဲကာ ဂြိုဟ်များ ကြယ်များ ဂယ်လက်ဆီများတို့ကို လေ့လာသည်။ သီအိုရီပိုင်းတွင် သိပ္ပံနည်းကျ လေ့လာချက်များအပါဝင် သိပ္ပံနည်းကျမဟုတ်သောနည်းများလည်း ပါဝင်သည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. Karl Hille:Hubble Reveals Observable Universe Contains 10 Times More Galaxies Than Previously ThoughtNASA (October 13, 2016)။ October 17, 2016 တွင် ပြန်စစ်ပြီး။
  2. "Introduction: Cosmology – space". New Scientist. 4 September 2006