မာတိကာသို့ ခုန်သွားရန်

ငှက်စိမ်း

ဝီကီပီးဒီးယား မှ
Golden-fronted leafbird
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Aves
မျိုးစဉ်: Passeriformes
မျိုးရင်း: Chloropseidae
မျိုးစု: Chloropsis
မျိုးစိတ်:
C. aurifrons
ဒွိနာမ
Chloropsis aurifrons
Temminck, 1829

ငှက်စိမ်း ပါဏဗေဒအခေါ်၌ 'ကလိုရော့ဆစ် အော်ရီဖရွံပရီဒီး' အမည် ရှိသော ငှက်စိမ်းသည် အလျား ၇ ၁/၂ လက်မခန့် ရှိသည်။ ငှက်ဖိုမေးစေ့သည် မည်းနက်၍ လည်းချောင်းတဝိုက်တွင် ရွှေဝါ ရစ် မရှိချေ။ ထိုငှက်စမ်းသည် ထူးဆန်းအံ့ဩ ကောင်းလောက် အောင် အခြားငှက်များ၏အော်မြည်သံကို အတုခိုး၍ အော်မြည် နိုင်သည်။ ယင်းသို့ အော်မြည်နေသည့်ကြား ထဲမှာပင် အလွန် သာယာစွာလည်း ကြွေးကြော်တတ်သေးသည်။ ဤငှက်စိမ်းသည် သစ်ပင်ထိပ်ဖျား၌ အနေများ၍ တစ်ခါ တစ်ရံ၌သာ မြေသို့ ဆင်းလာတတ်သည်။ ဖူးပွင့်နေသော လက်ပံပင်များ၌ ကျက်စားလေ့ရှိသည်။ ငှက်စိမ်း၏ အစာမှာ ပိုးကောင်၊ မွှားကောင်၊ သစ်စေ့၊ သစ်သီး ပန်းပွင့်ဆံများ ဖြစ်သည်။ ဤငှက်စိမ်းကို အရှေ့တိုင်းနိုင်ငံများတွင် အနှံ့အပြား တွေ့ရ သည်။ မြန်မာနိုင်ငံတွင် ကွင်းပြင်များနှင့် ပေ ၄ဝဝဝ အထိ မြင့်သော တောင်ကုန်းများ၌ တွေ့ရသည်။ ပါဏဗေဒအမည် 'ကလိုရော့ဆစ် ကိုချင်ချိုင်နစ်ဆစ်ကို ချင်ချိုင်ဆစ်' ဟုခေါ်သော ငှက်စိမ်းတစ်မျိုးကိုလည်း မြန်မာနိုင်ငံ ၌ တွေ့ရသည်။ ထိုငှက်စိမ်းသည် မြန်မာနိုင်ငံ အနှံ့အပြားတွင် မြေပြန့်သစ်တောများ၌၎င်း၊ တောင်ခြေများ၌၎င်း နေထိုင်သည် ဟု ထင်ရသည်။ ဤငှက်စိမ်းသည် အလျား ၇ လက်မခန့်ရှိသည်။ ငှက်ဖို ၏ လည်ချောင်းသည် မည်းနက်၍ ငှက်မ၏ လည်ချောင်းသည် စိမ်းပြာရောင်ရှိသည်။ ငှက်ဖိုတွင် မျက်စိမှ လည်တံကို ပတ်နေ သော အဝါရစ် မရှိချေ။ အလေ့အကျင့်တွင်၎င်း၊ အစာတွင်၎င်း အခြားငှက်စိမ်းများနှင့် တူသည်။ အလွန်သာယာစွာ မြည်ကြွေး တတ်သောငှက် ဖြစ်သည်။ [၂]


ပုံများ

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. BirdLife International (2012). "Chloropsis aurifrons". IUCN Red List of Threatened Species 2012. IUCN. 
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)