ငြိမ်းချမ်းရေးနန်းတော် (ဖနွမ်းပင်)

ဝီကီပီးဒီးယား မှ
ငြိမ်းချမ်းရေးနန်းတော်
Peace Palace
វិមានសន្តិភាព
ကမ္ဘောဒီးယားအစိုးရအဖွဲ့ အမှတ်တံဆိပ်
Map
အထွေထွေ အချက်အလက်များ
ဗိသုကာစတိုင်ခမာဗိသုကာ
တည်နေရာဖနွမ်းပင်မြို့
နိုင်ငံ ကမ္ဘောဒီးယား
ကိုဩဒိနိတ်11°34′11.6″N 104°55′04.7″E / 11.569889°N 104.917972°E / 11.569889; 104.917972
ပြီးစီး၁၉ အောက်တိုဘာ ၂၀၁၀
ကုန်ကျငွေအမေရိကန်ဒေါ်လာ သန်း (၅၀)
ဒီဇိုင်းနှင့် တည်ဆောက်မှု
ဗိသုကာပညာရှင်Ly Chhuong Construction Import&Export Company[၁]

ငြိမ်းချမ်းရေးနန်းတော် (အင်္ဂလိပ်: Peace Palaceခမာ: វិមានសន្តិភាព) သို့မဟုတ် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်ရုံးသည် ကမ္ဘောဒီးယားနိုင်ငံ၏ အစိုးရအဖွဲ့အကြီးအကဲဖြစ်သူ နိုင်ငံတော်ဝန်ကြီးချုပ် ရုံးထိုင်ရာ အဆောက်အဦးဖြစ်သည်။[၁]

မြို့တော် ဖနွမ်းပင်မြို့တွင် တည်ရှိသည်။ ၂၀၁၀ပြည့်နှစ် အောက်တိုဘာ ၁၉ရက်နေ့တွင် ဘုရင် နိုရိုဒွန် သီဟမုနိက ဖွင့်လှစ်ပေးခဲ့ပြီး စုစုပေါင်းကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ သန်း(၅၀) ကုန်ကျခဲ့သည်။ ဝန်ကြီးချုပ်ရုံးအပြင် ၂၀၁၂ခုနှစ်က အရှေ့အာရှထိပ်သီးအစည်းအဝေးအပါအဝင် နိုင်ငံတကာအစည်းအဝေးများကိုလည်း လက်ခံကျင်းပခဲ့သည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ Cambodia's proud history of building art။ The Phnom Penh Post (13 July 2012)။
  2. 15th ASEAN-CHINA SUMMIT Peace Palace။ ASEAN (19 November 2012)။