ငြိမ်းချမ်းရေးနန်းတော် (ဖနွမ်းပင်)
ပုံပန်းသွင်ပြင်
| ငြိမ်းချမ်းရေးနန်းတော် Peace Palace | |
|---|---|
វិមានសន្តិភាព | |
ကမ္ဘောဒီးယားအစိုးရအဖွဲ့ အမှတ်တံဆိပ် | |
![]() | |
| အထွေထွေ အချက်အလက်များ | |
| ဗိသုကာစတိုင် | ခမာဗိသုကာ |
| တည်နေရာ | ဖနွမ်းပင်မြို့ |
| နိုင်ငံ | |
| ကိုဩဒိနိတ် | 11°34′11.6″N 104°55′04.7″E / 11.569889°N 104.917972°E |
| ပြီးစီး | ၁၉ အောက်တိုဘာ ၂၀၁၀ |
| ကုန်ကျငွေ | အမေရိကန်ဒေါ်လာ သန်း (၅၀) |
| ဒီဇိုင်းနှင့် တည်ဆောက်မှု | |
| ဗိသုကာပညာရှင် | Ly Chhuong Construction Import&Export Company[၁] |
ငြိမ်းချမ်းရေးနန်းတော် (အင်္ဂလိပ်: Peace Palace၊ ခမာ: វិមានសន្តិភាព) သို့မဟုတ် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်ရုံးသည် ကမ္ဘောဒီးယားနိုင်ငံ၏ အစိုးရအဖွဲ့အကြီးအကဲဖြစ်သူ နိုင်ငံတော်ဝန်ကြီးချုပ် ရုံးထိုင်ရာ အဆောက်အဦးဖြစ်သည်။[၁]
မြို့တော် ဖနွမ်းပင်မြို့တွင် တည်ရှိသည်။ ၂၀၁၀ပြည့်နှစ် အောက်တိုဘာ ၁၉ရက်နေ့တွင် ဘုရင် နိုရိုဒွန် သီဟမုနိက ဖွင့်လှစ်ပေးခဲ့ပြီး စုစုပေါင်းကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ သန်း(၅၀) ကုန်ကျခဲ့သည်။ ဝန်ကြီးချုပ်ရုံးအပြင် ၂၀၁၂ခုနှစ်က အရှေ့အာရှထိပ်သီးအစည်းအဝေးအပါအဝင် နိုင်ငံတကာအစည်းအဝေးများကိုလည်း လက်ခံကျင်းပခဲ့သည်။[၂]
ကိုးကား
[ပြင်ဆင်ရန်]- 1 2 Cambodia's proud history of building art။ The Phnom Penh Post (13 July 2012)။
- ↑ 15th ASEAN-CHINA SUMMIT Peace Palace။ ASEAN (19 November 2012)။ 5 September 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
| ဤ ကမ္ဘောဒီးယားနိုင်ငံရှိ အဆောက်အဦတစ်ခုအကြောင်း ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |
