မာတိကာသို့ ခုန်သွားရန်

ငုရင်ဂီယက်

ဝီကီပီးဒီးယား မှ
ငုရင်ဂီယက်
Võ Nguyên Giáp
General Võ Nguyên Giáp
ဗီယက်နမ်နိုင်ငံ၏ ဒုတိယဝန်ကြီးချုပ်
တာဝန်သက်တမ်း
January 1980 – December 1986
ဝန်ကြီးချုပ်Phạm Văn Đồng
သုံးဦးနှင့် ငါးဦးမြောက် ကာကွယ်ရေးဝန်ကြီး
တာဝန်သက်တမ်း
11 May 1946 – 8 May 1947
သမ္မတဟိုချီမင်း
Tôn Đức Thắng
ဝန်ကြီးချုပ်ဟိုချီမင်း
ယခင်လူPhan Anh
ဆက်ခံသူTạ Quang Bửu
တာဝန်သက်တမ်း
8 May 1948 – February 1980
ဝန်ကြီးချုပ်ဟိုချီမင်း
Phạm Văn Đồng
ယခင်လူTạ Quang Bửu
ဆက်ခံသူVăn Tiến Dũng
Member of the Politburo
တာဝန်သက်တမ်း
February 1951 – December 1986
ကိုယ်ရေး အချက်အလက်များ
မွေးဖွား(1911-08-25)၂၅ ဩဂုတ်၊ ၁၉၁၁
Lệ Thủy, Quảng Bình, French Indochina
ကွယ်လွန်၄ အောက်တိုဘာ၊ ၂၀၁၃(2013-10-04) (အသက် ၁၀၂)
ဟနွိင်း ဗီယက်နမ်
လူမျိုး ဗီယက်နမ်
ဆုတံဆိပ်များ
လက်မှတ်
စစ်မှုထမ်းခြင်း
နာမည်ပြောင်Văn
သစ္စာခံနိုင်ငံ ဗီယက်နမ်
တပ်/တပ်ဖွဲ့ခွဲ Vietnam People's Army
အမှုထမ်းကာလ၁၉၄၄–၉၁
ရာထူးGeneral
Commands
  • Vietnam People's Army
တိုက်ပွဲ/စစ်ပွဲများ

ဗိုလ်ချုပ်ကြီး ဝေါ် ငုရင် ဂီယက် (ဗီယက်နမ်: Võ Nguyên Giáp) သည် ပြင်သစ်နှင့် အမေရိကန်တို့ကို အောင်မြင်စွာ တိုက်ထုတ်နိုင်ခဲ့သည့် ထင်ရှားသော ဗီယက်နမ် ဗိုလ်ချုပ်ကြီးတစ်ဦး ဖြစ်သည်။ ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် အသက် ၁၀၂ နှစ် အရွယ်၌ ကွယ်လွန်သွားခဲ့သည်။

သူ့ကို ပြင်သစ် အင်ဒိုချိုင်းနား ပိုင်နက်အတွင်းရှိ ကွမ်းဘင်း (Quang Binh) ပြည်နယ်အလယ်ပိုင်းမှ လယ်သမားမိသားစုတွင် မွေးဖွားခဲ့သည်။ အသက် ၁၄ နှစ်အရွယ်တွင် မြေအောက်တော်လှန်ရေး လှုပ်ရှားမှုအဖွဲ့တစ်ခုသို့ ဝင်ရောက်ခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် ဟိုချီမင်း ဦးဆောင်သည့် အင်ဒိုချိုင်းနား ကွန်မြူနစ်ပါတီ၏ အဖွဲ့ဝင်တစ်ဦး ဖြစ်လာခဲ့ပြီး ဗီယက်နမ်ကို ဂျပန်များ မကျူးကျော်မီ ဟိုချီမင်းနှင့်အတူ တရုတ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။

တရုတ်နိုင်ငံတွင် တိမ်းရှောင်နေစဉ်ကာလအတွင်း ဗိုလ်ချုပ်ကြီး ဂီယက်သည် စစ်တပ်တစ်ခု ဖွဲ့စည်းခဲ့သည်။ ထို့နောက် ကျူးကျော်ဝင်ရောက်လာသော ဂျပန်များကို ပြောက်ကျားစစ်ဆင်နွှဲရန်အတွက် အင်ဒိုချိုင်းနားသို့ ပြန်လာခဲ့သည်။

၁၉၅၄ ခုနှစ်တွင် ဒိန်ဖန်ဖူး (Dien Bien Phu) တိုက်ပွဲ၌ ပြင်သစ်တပ်ဖွဲ့များကို အောင်မြင်စွာ ဦးဆောင်တိုက်ထုတ်နိုင်ခဲ့ရာ ဒေသတွင်း ပြင်သစ်ကိုလိုနီအုပ်ချုပ်မှု အဆုံးသတ်သွားခဲ့သည်။

တောင်ဗီယက်နမ်တပ်ဖွဲ့များကို ကူညီနေသည့် အမေရိကန်တပ်များကို ဆန့်ကျင်တိုက်ခိုက်ခဲ့သော ၁၉၆၈ ခုနှစ် တက် (Tet) စစ်ဆင်ရေးကို မြောက်ဗီယက်နမ်တို့ ပြုလုပ်ခဲ့စဉ်က ဗိုလ်ချုပ်ကြီး ဝေါ် ငုရင် ဂီယက်သည် မြောက်ဗီယက်နမ်၏ ကာကွယ်ရေးဝန်ကြီး ဖြစ်သည်။ အမေရိကန်တပ်ဖွဲ့များ ဗီယက်နမ်မှ ဆုတ်ခွာရေးတွင် ထိုစစ်ဆင်ရေးမှာ အဓိကကျသည့် စစ်ဆင်ရေးတစ်ခုဟု ဆိုကြသည်။ ထိုစစ်ဆင်ရေးအတွင်း သူ၏အမိန့်အောက်တွင် မြောက်ဗီယက်နမ်တပ်ဖွဲ့များသည် မြို့ပေါင်း ၄၀ ကျော်ကို တိုက်ခိုက်ခဲ့ကြကာ ထိုစဉ်က တောင်ဗီယက်နမ်၏ မြို့တော်ဖြစ်သည့် ဆိုင်ဂုံသို့ ဝင်ရောက်ခဲ့ပြီး အမေရိကန်သံရုံးကိုလည်း ခေတ္တသိမ်းပိုက်ခဲ့သည်။ သို့ရာတွင် သူသည် ထိုစဉ်က ဘူဒါပက်စ်မြို့တွင် ရောက်ရှိနေခဲ့ခြင်းကြောင့် ထိုစစ်ဆင်ရေးတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့ခြင်းမျိုးတော့ မဟုတ်ပေ။

ဗိုလ်ချုပ်ကြီး ဝေါ် ငုရင် ဂီယက်သည် စစ်မဟာဗျူဟာနှင့် ပတ်သက်သည့် စာအုပ်စာတမ်းအချို့ကိုလည်း ရေးသားထုတ်ဝေခဲ့သည်။

သူဗီယက်နမ် ပြင်ပသို့ ရောက်ရှိနေချိန်တွင် သူ၏ ပထမဇနီးမှာ အဖမ်းခံခဲ့ရပြီး ပြင်သစ်အကျဉ်းထောင်တစ်ခုထဲတွင် သေဆုံးသွားခဲ့သည်။ နောက်ပိုင်းတွင် သူသည် ထပ်မံလက်ထပ်ခဲ့ပြီး သမီးသုံးဦးနှင့် သားနှစ်ဦး ထွန်းကားခဲ့သည်။

စစ်ပွဲအပြီးတွင် ဗိုလ်ချုပ်ကြီး ဝေါ် ငုရင် ဂီယက်သည် ကာကွယ်ရေးဝန်ကြီးရာထူးကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပြီး ၁၉၇၆ ခုနှစ်တွင် ဒုတိယဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံခဲ့ရသည်။ သို့ရာတွင် အစိုးရအဖွဲ့၏ ဘေးဖယ်ပထုတ်ထားမှုကို ခံခဲ့ရပြီး နောက်ထပ်ခြောက်နှစ်အကြာ၌ အစိုးရအဖွဲ့မှ အနားယူခဲ့သည်။