ငါးသလဲထိုး
ပုံပန်းသွင်ပြင်
ငါးသလဲထိုး | |
---|---|
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Actinopterygii |
မျိုးစဉ်: | Cypriniformes |
မျိုးရင်း: | Cobitidae |
မျိုးစု: | Lepidocephalichthys |
မျိုးစိတ်: | L. berdmorei
|
ဒွိနာမ | |
Lepidocephalichthys berdmorei |
ငါးသလဲထိုး (Lepidocephalichthys berdmorei) သည် ငါးသိုင်းမျိုးတွင် ပါဝင်၏။ ပါဏဗေဒအလိုအားဖြင့် ထိုငါးကို 'လက်ပီဒိုကက်ဖဲလပ်(စ်) ဗတ်မိုရီ'(Lepidocephalus berdmorei; ယခုအခါတွင် Lepidocephalichthys berdmorei[၁])ဟုခေါ်သည်။ ငါးအကောင်မှာ သေးသည်။ ငါးမြွေထိုး အသေးစားနှင့် တူသည်။ အရောင်မှာညိုသည်။ သဲထဲထိုး၍ နေတတ်သည်။ ငါးသလဲထိုးအကောင်ရှင်များကို အုန်းနို့ သို့မဟုတ် နွားနို့ထဲထည့်၍ သေကုန်ပြီးမှ ချက်စားလျှင် ပို၍ အရသာ ထူးသည်ဟု ဆိုသည်။[၂]
ကိုးကား
[ပြင်ဆင်ရန်]- ↑ Froese, R. & Pauly, D. (eds). (2020). FishBase (version Feb 2018). In: Species 2000 & ITIS Catalogue of Life, 2019 Annual Checklist (Roskov Y., Ower G., Orrell T., Nicolson D., Bailly N., Kirk P.M., Bourgoin T., DeWalt R.E., Decock W., Nieukerken E. van, Zarucchi J., Penev L., eds.). Digital resource at http://www.catalogueoflife.org/annual-checklist/2019. Species 2000: Naturalis, Leiden, the Netherlands. ISSN 2405-884X
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)
ဝီကီမီဒီယာ ကွန်မွန်းစ်တွင် Lepidocephalichthys berdmorei
နှင့် ပတ်သက်သော မီဒီယာ ရှိသည်။