ငါးမြွေထိုး

ဝီကီပီးဒီးယား မှ
ငါးမြွေထိုး
(Lesser Spiny Eel)
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Actinopterygii
မျိုးစဉ်: Synbranchiformes
မျိုးရင်း: Mastacembelidae
မျိုးစု: Macrognathus
မျိုးစိတ်:
M. aculeatus
ဒွိနာမ
Macrognathus aculeatus
(Bloch, 1786)
Synonyms[၁]
  • Ophidium aculeatum Bloch, 1786
  • Mastacembelus aculeatus (Bloch, 1786)
  • Rhyncobdella aculeata (Bloch, 1786)

ပါဏဗေဒ အလိုအားဖြင့် ငါးမြွေထိုး (Rhynchobdella aculeata) ဟုခေါ်သည်။ မျိုးကွဲပေါင်း အမြောက်အမြားရှိသည်။ ငါးမြွေထိုး၏ ပုံသဏ္ဌာန်သည် ငါးရှဉ့်သေး၏ ပုံသဏ္ဌာန်နှင့် တူသည်၊ ငါးရှဉ့်နှင့်ကွဲပြားချက်မှာ ကျောဖက်နှင့် စအို ဆူးတောင် အရှေ့နားတွင် ချွန်ထက်သော ဆူးတောင်များ ပါရှိခြင်း ဖြစ်သည်။ ထိုငါးမြွေထိုးနှင့်တူသော အခြားငါးမြွေထိုး တစ်မျိုးလည်း ရှိသေးသည်။ ထိုငါးမြွေထိုးမျိုးမှာ ပို၍တောက်ပ သောအရောင် ရှိသည်။ ကျောဖက်တွင် အစိမ်းနှင့်အဝါ ပြောက် များရှိ၍ ဘေးဖက်တွင် အပြာရောင် အစင်းပေါင်း ၂၅ ခုခန့် ပါရှိသည်။ ဆူးချောင်းများမှာ ကျောရိုးဆူးတောင်ရှေ့တွင် ၂၉ ချောင်း၊ စအိုဆူးတောင်ရှေ့တွင် ၃ ချောင်းနှင့် ပါးဟက်ဖုံး ပေါ်တွင် ၃ ချောင်း ပါရှိသည်။ ထိုငါးမြွေထိုးမျိုး၏ သိပ္ပံအမည် မှာ 'မက်စတာကမ်ဗလပ်(Mastacembelus)'ဖြစ်သည်။[၁] အများအားဖြင့် ငါးမြွေထိုးကို ငါးပိငါးခြောက်လုပ်လေ့ရှိသည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ Rainer Froese နှင့် Daniel Pauly ၏ တည်းဖြတ်မှု (2007 ခုနှစ်)။ "Macrognathus aculeatus" ဆိုင်ရာ FishBase ၏ 2007 ခုနှစ် Mayလထုတ် မူကွဲပုံစံပါ အချက်အလက်များ။
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)