ငါးဝဲရောင်

ဝီကီပီးဒီးယား မှ

ငါးဝဲရောင်
မသတ်မှတ်ရသေး (IUCN 3.1)
မျိုးရိုးခွဲခြားခြင်း
လောက:
မျိုးပေါင်းစု:
မျိုးပေါင်း:
မျိုးစဉ်:
မျိုးရင်း:
မျိုးစု:
မျိုးစိတ်:
P. diacanthus
ဒွိနာမ
Protonibea diacanthus
(Lacepède, 1802)

ငါးဝဲရောင် (Protonibea diacanthus) သည် နှာတံပွသော ငါးတမျိုးဖြစ်၍ နှာတံရင်းတွင် အပေါက်ငယ် သုံးခုရှိသည်။ အောက်မေးရိုး အောက်ဘက်တွင် အပေါက်ငယ် ငါးခုရှိသည်။ အမြီး၊ ဆူးတောင်မှာ သပ်နှင့် တူသည်။ ငါးအရောင်မှာ ညိုမှိုင်း၍ ကျောဖက်တွင် ငွေရောင်သန်းကာ ဆူးတောင်များ၌ ရွှေရောင်ရှိသည်။ ရခိုင်နှင့် တနင်္သာရီ ကမ်းရိုးတန်းတွင် တွေ့ရှိရတတ်သည်။[၁]

အင်ဒို-ပစိဖိတ်ဒေသ၏ မျိုးရင်းဖြစ်သည်။ တန်ဖိုးကြီး ရေငန်ငါးမျိုးတွင် ပါသည်။ ဆေးဖက်ဝင်သော သူ့အသည်းကို ပင်လယ်ရွှေ ဟုပင် တင်စားကြသည်။ အရှေ့အာရှတွင် တိုင်းရင်းဆေးဖော်ရာတွင် သုံးသည်။ ငါးမျိုးကောင်းထွက်သော နိုင်ငံများမှာ စင်္ကာပူမလေးရှားအင်ဒိုနီးရှားဟောင်ကောင်နှင့် ဂျပန်တို့ဖြစ်သည်။

အကြီးဆုံး ဖမ်းမိသည့်အရွယ်မှာ အိန္ဒိယငါးဖမ်းသမားနှစ်ယောက် ဖမ်းမိသည့် အလေးချိန် ကီလို (၃၀) ရှိ ငါးပင် ဖြစ်သည်။ ထိုအရွယ်ငါးထီးမှာ ရူပီး (၄-၅) သိန်း ရနိုင်သည်။ အမဖြစ်လျှင်မူ (၁-၂) သိန်း တန်သည်။ အရွယ်နှင့် အလေးချိန်အပြင် ငါးအသည်းကိုလည်း တကီလိုလျှင် ၅ သိန်းမှ ၆ သိန်းအထိ ရသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. လှသမိန် (ဧပြီ ၁၉၇၈)။ "ငါးဝဲရောင်" (pdf)။ in စာပေစိစစ်ရေးကော်မတီ (ed.)။ ဗဟုသုတ စွယ်စုံ (ပထမအကြိမ် ed.)။ တောက်တောက်ဝင်း ပုံနှိပ်တိုက်၊ ရန်ကုန်မြို့။: ဇော်မော် စာပေ။