ငါးရံ့ခေါင်းတို
ငါးရံ့ခေါင်းတို | |
---|---|
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Actinopterygii |
မျိုးစဉ်: | Anabantiformes |
မျိုးရင်း: | Channidae |
မျိုးစု: | Channa |
မျိုးစိတ်: | C. gachua
|
ဒွိနာမ | |
Channa gachua (F. Hamilton, 1822)
| |
Range map | |
Synonyms[၂] | |
|
ငါးရံ့ခေါင်းတို (အင်္ဂလိပ်: Dwarf Snakehead) သည် ငါးရံ့ မျိုးရင်းဝင် ငါးမျိုးစိတ်ဖြစ်သည်။ ငါးရံ့ခေါင်းတိုများသည် အာရှတိုက် တောင်ပိုင်းရှိ ရေချိုတည်ရှိရာနေရာများ၏ ဒေသရင်းမျိုးစိတ်ဖြစ်ပြီး အီရန်နိုင်ငံ မှ အင်ဒိုနီးရှားနိုင်ငံ အထိ ကျယ်ပြန့်စွာ ကျက်စားတည်ရှိသည်ကို တွေ့ရှိရသည်။ ဤငါးမျိုးသည် အမည်တစ်ခုတည်းဖြင့် ဆက်စပ်-တက်ဆွန်များစွာ ရှုပ်ထွေးမှုရှိသော အုပ်စုတစ်ခုအဖြစ် သတ်မှတ်ခံထားရသည်။ ၎င်းသည် အနည်းဆုံး မျိုးစိတ်သုံးမျိုးမှ လေးမျိုးအထိ ဖြစ်နိုင်ပြီး နောက်ထပ်သော သုတေသနပြုမှုများဖြင့် ၎င်းတို့ကို ခွဲခြားနိုင်မည်ဖြစ်သည်။[၁][၃][၄]
ဖော်ပြချက်
[ပြင်ဆင်ရန်]ဤမျိုးစိတ်သည် ပျမ်းမျှအရှည် ၂၈ cm (၁၁ in) အထိရောက်ရှိနိုင်သည်။ သို့သော် အများစုမှာ ၎င်းထက် ပို၍သေးငယ်သည်။[၂] ငါးရံ့ခေါင်းတိုများသည် ငါးသေးလေးများ၊ အင်းဆက်များနှင့် ပုစွန်ဆိတ်၊ ကဏန်းသေးလေးများကို အစာအဖြစ် စားသုံးကြသည်။ ငါးရံ့ခေါင်းတိုသည် ငါးထီးများမှ ဥများနှင့် အရွယ်မရောက်သေးသူများအား ပါးစပ်ထဲတွင် သားပေါက် ပျိုးထောင်ပေးသော ငါးမျိုးလည်းဖြစ်သည်။[၂][၅]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ၁.၀ ၁.၁ Chaudhry, S. (2010). "Channa gachua". IUCN Red List of Threatened Species 2010. IUCN. doi: .
- ↑ ၂.၀ ၂.၁ ၂.၂ Rainer Froese နှင့် Daniel Pauly ၏ တည်းဖြတ်မှု (၂၀၀၆ ခုနှစ်)။ "Channa gachua" ဆိုင်ရာ FishBase ၏ ၂၀၀၆ ခုနှစ် ဧပြီလထုတ် မူကွဲပုံစံပါ အချက်အလက်များ။
- ↑ Ng, H. H., P. K. Ng, and R. Britz. (1999). Channa harcourtbutleri (Annandale, 1918): a valid species of snakehead (Perciformes: Channidae) from Myanmar. Journal of South Asian Natural History 4(1): 57-63.
- ↑ Conte-Grand, C., Britz, R., Dahanukar, N., Raghavan, R., Pethi-yagoda, R., Tan, H.H., Hadiaty, R.K., Yaakob, N.S. & Rüber, L. (2017). Barcoding snakeheads (Teleostei, Channidae) re-visited: Discovering greater species diversity and resolving perpetuated taxonomic confusions. PLoS ONE, 12 (9): e0184017.
- ↑ "Channa gachua – Dwarf Snakehead ( Ophicephalus marginatus,Ophicephalus gachua)" (in en-us)၊ Seriously Fish။
ပြင်ပလင့်များ
[ပြင်ဆင်ရန်]- Channa gachua ကမ္ဘာ့အဏ္ဏဝါမျိုးစိတ်များ မှတ်ပုံတင်ဌာန (WoRMS)။
ဤ ငါးနှင့်ပတ်သက်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |