ငါးရံ့

ဝီကီပီးဒီးယား မှ
Channa striata
Channa striata after Bleeker 1879.jpg
Channa striata, after Bleeker, 1879
Gabus 070909 0074 rwg.jpg
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Actinopterygii
မျိုးစဉ်: Anabantiformes
မျိုးရင်း: Channidae
မျိုးစု: Channa
မျိုးစိတ်:
C. striata
ဒွိနာမ
Channa striata
(Bloch, 1793)
Channa striata distribution.gif
Distribution of Channa striata.[၂]

Madagascar reports are misidentifications of C. maculata

Synonyms[၃]
  • Ophicephalus striatus Bloch, 1793
  • Channa stiata (Bloch, 1793)
  • Ophiocephalus wrahl Lacépède, 1801
  • Ophiocephalus chena Hamilton, 1822
  • Ophicephalus planiceps Cuvier, 1831
  • Ophiocephalus vagus Peters, 1868
  • Ophiocephalus philippinus Peters, 1868

ငါးရံ့ (Ophiocephalus Striatus) မျိုးတွင် ငါးရံ့အောက်ငါးရံ့ဒိုင်းငါးရံ့ခေါင်းတိုငါးရံ့ပနော်ငအုံးမတို့ ပါဝင်သည်။ ထိုငါးရံ့မျိုးတို့သည် 'အိုဖီယို ဖာလီဒေး' ငါးမျိုးရင်းတွင် ပါဝင်ကြ၏။ တစ်မျိုးနှင့် တစ်မျိုး ပုံသဏ္ဌာန်ချင်း တူကြသော်လည်း အရောင်အဆင်းမှာ မူကား ခွဲပြား ခြားနားကြသည်။ ကိုယ်အရှည် ၃ ပေအထိ ရှိသည်။ မြန်မာနိုင်ငံ၌ မြေပြန့်ရာအရပ်များတွင် ငါးရံ့တို့ကို တွေ့ရှိရသည်။

ငါးရံ့ကိုယ်သည် ခပ်လုံးလုံးရှိ၍ အမြီးဖက်သို့ ရှူးသွား သည်။ ခေါင်းသည် မြွေခေါင်းကဲ့သို့ ပြားသည်။ အမြီးထိပ် သည် ဝိုင်းသည်။ ကိုယ်ဘေးကြောင်းသည် ထင်ရှားပေါ်လွင် ၏။ အညိုစင်းများနှင့် အကွက်များသည် တစ်ကိုယ်လုံး၌ ထင်ရှားလျက် ရှိ၏။ ကျောဆူးတောင်နှင့် ဝမ်ဆူးတောင်တို့တွင် အဆူးများသည် တစ်ခုနှင့် တစ်ခု ဆက်နေကြသည်။ ငါးရံ့သည် ငါးပြေမကဲ့သို့ လေထဲမှ အောက်ဆီဂျင်ကို တိုက်ရိုက် ရှူနိုင်၏။ စွတ်စိုသောကုန်းမြေ၌ ခရီးအတန်ဝေးဝေး သွားနိုင်၏။ ငါးရံ့ကို ချက်ပြုတ်စားကြသည့်ပြင် ငါးပိငါးခြောက်လည်း လုပ်ကြသည်။[၄]

ကိုးကား[ပြင်ဆင်ရန်]

  1. Chaudhry, S. (2010). "Channa striata". IUCN Red List of Threatened Species 2010. IUCN. doi:10.2305/IUCN.UK.2010-4.RLTS.T166563A6237224.en. 
  2. Snakeheads (Pisces, Channidae): A biological synopsis and risk assessment။ U.S. Geological Survey။
  3. Rainer Froese နှင့် Daniel Pauly ၏ တည်းဖြတ်မှု (2019 ခုနှစ်)။ "Channa striata" ဆိုင်ရာ FishBase ၏ 2019 ခုနှစ် Augustလထုတ် မူကွဲပုံစံပါ အချက်အလက်များ။
  4. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)