ငါးဖယ်

ဝီကီပီးဒီးယား မှ
Chitala chitala
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Actinopterygii
မျိုးစဉ်: Osteoglossiformes
မျိုးရင်း: Notopteridae
မျိုးရင်းသေး: Notopterinae
မျိုးစု: Chitala
မျိုးစိတ်:
C. chitala
ဒွိနာမ
Chitala chitala

ငါးဖယ်သည် ရေချိုရေငန် နှစ်ရပ်လုံးတွင် ကျက်စားသော ငါးမျိုး ဖြစ်သည်။ ပါဏဗေဒအရ 'နိုတော့တာရပ် ချိတာလာ' ဟု ခေါ်သည်။ ငါးဖယ်၏ ကိုယ်သည် ပြား၍ ဝမ်းပိုင်းသည် ဓားသွားကဲ့သို့ ရှိသည်။ ကျောအရှေ့ပိုင်းခုံး၍ အနောက်ပိုင်း ဖြောင့်သည်။ ကျော၌ အလွန်သေးသော ဆူးတောင်တစ်ခုသာ ရှိသည်။ စအိုဆူးတောင်သည် ဝမ်းမှ အမြီးတိုင်အောင် ကိုယ်၏ ၃ ပုံ ၂ ပုံခန့် တစ်ဆက်တည်းရှိသည်။ ဦးခေါင်းငယ်၍ နှာတံ အနည်းငယ်ချွန်သည်။ တစ်ကိုယ်လုံးတွင် ပါးလွှာသော အကြေး များ တစ်ခုပေါ်တစ်ခုထပ်ကာ ဖုံးအုပ်လျက်ရှိသည်။ ငါးဖယ်၏ အရောင်သည် ကျောပိုင်းတွင် အနည်းငယ် နက်ပြီး ကျန်အပိုင်း တွင် ဖြူသည်။ ကိုယ်အရှည် ၁ ပေမှ ၁ဝ ပေအထိ ရှိသည်။ ငါးဖယ်ကို ချက်ပြုတ်စားကြသည့်အပြင် ငါးပိလည်း လုပ်ကြသည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. S. Chaudhry (2010). "Chitala chitala". IUCN Red List of Threatened Species 2010. IUCN. doi:10.2305/IUCN.UK.2010-4.RLTS.T166510A6225101.en. 
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)