ငါးပူတင်း

ဝီကီပီးဒီးယား မှ
Puffers[၁]
Temporal range: Lutetian-Holocene
Inflated white-spotted puffer
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Actinopterygii
မျိုးစဉ်: Tetraodontiformes
မျိုးစဉ်သေး: Tetraodontoidei
မျိုးရင်း: Tetraodontidae
Bonaparte, 1832
မျိုးစုများ

စာသားကြည့်ပါ

ငါးပူတင်း (Tetraodontidae) သည် မျိုးစဉ် Tetraodontiformes ရှိ ငါးမျိုးရင်းတခုဖြစ်သည်။ ငါးပူတင်းမျိုးရင်းတွင် မျိုးစိတ်ပေါင်းများစွာပါဝင်ပြီး များသောအားဖြင့် ရေငန်တွင်နေထိုင်ကျက်စားသော ငါးများဖြစ်ကြသည်။ အင်္ဂလိပ်ဘာသာစကားဖြင့် pufferfish, puffers, balloonfish, blowfish, blowies, bubblefish, globefish, swellfish, toadfish, toadies, honey toads, sugar toads နှင့် sea squab ဟု နာမည်အမျိုးမျိုးခေါ်ကြသည်။[၁] ငါးပူတင်း အများစုသည် အဆိပ်ရှိကြပြီး အချို့မှာ ကမ္ဘာပေါ်တွင် အဆိပ်အပြင်းဆုံး ကျောရိုးရှိသတ္တဝါများဖြစ်ကြသည်။ အချို့မျိုးစိတ်များတွင် အဆိပ်သည် အသည်း၊ အရေပြားစသည်တို့တွင် တည်ရှိပြီး တိရစ္ဆာန်အတော်များများအတွက် စားသုံးပါက အဆိပ်သင့်သည်။ သို့သော် အချို့မျိုးစိတ်များသည် စားသုံးရန် ကောင်းမွန်သည်ဟု ယုံကြည်ကြသည်။ အထူးသဖြင့် ဂျပန်နိုင်ငံတွင် (河豚 ဖူဂူဟု အသံထွက်) ဟု ခေါ်ဆိုကြပြီး စားဖိုမှူးများက ဘေးကင်းစွာစားသုံးရန်အတွက် ငါးပူတင်း၏ မည်သည့်အစိတ်အပိုင်းများကို ဖယ်ထုတ်ရမည်ကို ကျွမ်းကျင်နားလည်ကြသည်။ Sphoeroides maculatus ဟုခေါ်သော ငါးပူတင်းမျိုးစိတ်မှာမူ အဆိပ်မရှိကြပေ။[၂]

မျိုးစုများ[ပြင်ဆင်ရန်]

ငါးပူတင်းမျိုးရင်းတွင် မျိုးစု ၂၈ ခု၊ မျိုးစိတ်ပေါင်း ၁၉၃ ခုရှိသည်။[၁][၃]


ဖော်ပြချက်[ပြင်ဆင်ရန်]

ငါးပူတင်းများသည် အသေးစားမှ အလတ်စားအရွယ်အစားရှိကြပြီး ၅၀ cm (၂၀ in) အထိ ကြီးထွားနိုင်သည်။[၄]

ဖြန့်ကျက်နေထိုင်မှု[ပြင်ဆင်ရန်]

ငါးပူတင်းများသည် အပူပိုင်းဒေသတွင် အများဆုံး မူကွဲတည်ရှိကြပြီး သမပိုင်းဒေသတွင်မူ မူကွဲမှု သိပ်မတွေ့ရပေ။ ဝင်ရိုးစွန်းဒေသတွင်မူ လုံးဝ မတွေ့ရသည်ကို တွေ့ရသည်။[၄]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ Froese, R.:Family Tetraodontidae – Puffers။ FishBase။ 2017-08-23 တွင် ပြန်စစ်ပြီး။
  2. McClane, A.J. (1977)။ The Encyclopedia of Fish Cookery။ Holt, Rinehart and Winston။ pp. 511 (p. 249)။ ISBN 978-0-03-015431-7the encyclopedia of fish cookery.
  3. Eschmeyer, WN:Species by family/subfamily in the Catalog of Fishes။ California Academy of Sciences (July 31, 2017)။ 2021-10-02 တွင် ပြန်စစ်ပြီး။
  4. ၄.၀ ၄.၁ Keiichi, Matsura & Tyler, James C. (1998)။ Paxton, J.R. & Eschmeyer, W.N. (eds.)။ Encyclopedia of Fishes။ San Diego: Academic Press။ pp. 230–231။ ISBN 978-0-12-547665-2

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]