ငါးနက်ပြာ

ဝီကီပီးဒီးယား မှ
Labeo calbasu
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Actinopterygii
မျိုးစဉ်: Cypriniformes
မျိုးရင်း: Cyprinidae
မျိုးရင်းသေး: Labeoninae
မျိုးစု: Labeo
မျိုးစိတ်:
L. calbasu
ဒွိနာမ
Labeo calbasu
Synonyms
  • Cyprinus calbasu Hamilton, 1822
  • Catla calbasu (Hamilton, 1822)
  • Morulius calbasu (Hamilton, 1822)
  • Rohita calbasu (Hamilton, 1822)
  • Cirrhina micropogon Valenciennes, 1832
  • Cyprinus micropogon (Valenciennes, 1832)
  • Labeo velatus Valenciennes, 1841
  • Rohita belangeri Valenciennes, 1842
  • Cirrhinus belangeri (Valenciennes, 1842)
  • Rohita reynauldi Valenciennes, 1842

ငါးနက်ပြာကို ငါးနံဟူ၍လည်း ခေါ်သည်။ ငါးနက်ပြာသည် ငါးမြစ်ချင်းငါးကြင်း၊ ငါးဒုပ်တို့နှင့်အတူ ငါးသိုင်းမျိုးတွင် ပါသည်။ ပါဏဗေဒအလိုအားဖြင့် 'လေဗီအိုကဲဗားစူး'ဟုခေါ်၍ 'စိုင်ပရီနီဒီ'မျိုးရင်းတွင် ပါဝင်သည်။ ငါးနက်ပြာသည် ကိုယ်ထည်တောင့်တင်းသည်။ ပါးစပ်ပေါက်ကျဉ်းသည်။ နှာတံနှင့် အထက်နှုတ်ခမ်းတို့တွင် အပေါက်ကလေးများ ရှိသည်။ နှုတ်သီးမွေး ၂ စုံပါရှိသည်။ အမြီးခွစောက်နက်သည်။ ငါးမြစ်ချင်း နှင့် ကွာခြားချက်မှာ ငါးနက်ပြာ၏ ကျောရိုးဆူးတောင်တွင် ဆူးတက်များပို၍ ပါရှိခြင်းပင် ဖြစ်သည်။ အရောင်မှာ မည်း သည်။ ဆူးတောင်များ၏ အရောင်မှာလည်း မည်းသည်။ တစ်ခါတစ်ရံ အမြီးဆူးတောင်၏ အထက်ခြမ်းအဖျားတွင် အဖြူရောင်ရှိတတ်သည်။ ငါးအုံတုံနှင့် ငါးဒိန်တို့လည်း ငါးနက်ပြာနှင့် မျိုးချင်းနွှယ်သောငါးများ ဖြစ်ကြသည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. Dahanukar, N. (2010). "Labeo calbasu". The IUCN Red List of Threatened Species. doi:10.2305/IUCN.UK.2010-4.RLTS.T166606A6245872.en. 
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)