ငါးခုံးမ
ပုံပန်းသွင်ပြင်
Puntius chola | |
---|---|
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Actinopterygii |
မျိုးစဉ်: | Cypriniformes |
မျိုးရင်း: | Cyprinidae |
မျိုးရင်းသေး: | Barbinae |
မျိုးစု: | Puntius |
မျိုးစိတ်: | P. chola
|
ဒွိနာမ | |
Puntius chola (F. Hamilton, 1822)
| |
Nations where Puntius chola can be found | |
Synonyms | |
ငါးခုံးမမြီးနီ၊ ငါးခုံးမမြီးကွက်၊ ငါးခုံးမမြီးဖြူ၊ ငါးရစ်၊ ငါးတောင်နွယ်တို့သည် ငါးသိုင်းမျိုးတွင် ပါဝင်ကြသည်။ ငါးခုံးမ၏ ဆူးတောင်များမှာ ကြက်သွေးရောင် ရှိသည်။ သို့သော် အမြီးဆူးတောင် အပြင်ဘက်ပိုင်းမှာ မည်းနက်သည်။ အထက်မေးရိုးတွင် နှုတ်မွေး ၂ ချောင်းရှိသည်။ အမြီးဆူးတောင် အနားသည် ခွေးသွားစိတ်ကဲ့သို့ ဖြစ်သည်။ ဦးခေါင်းမှလွဲ၍ တစ်ကိုယ်လုံးတွင် ငွေရောင်အကြေးများ ဖုံးနေသည်။ ဝမ်းပိုင်းမှာ လုံးသည်။ ငါးခုံးမကို ငါးပိလုပ်ရာတွင် သုံးလေ့ရှိသည်။ ထိုငါးမျိုးကို ဟင်းလျာအဖြစ် လူကြိုက်မများချေ။[၂]
ကိုးကား
[ပြင်ဆင်ရန်]- ↑ http://iucnredlist.org/details/166443/0
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)
ဤ ငါးနှင့်ပတ်သက်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |