ငရဲတံခါးဝ

ဝီကီပီးဒီးယား မှ
ငရဲတံခါးဝ
ဓာတ်ငွေ့ လောင်ကျွမ်းနေမှု မြင်ကွင်း၊ ၂၀၁၁
ငရဲတံခါးဝ သည် တာ့ခ်မင်နစ္စတန်နိုင်ငံ တွင် တည်ရှိသည်
ငရဲတံခါးဝ
တာ့ခ်မင်နစ္စတန်ရှိ ငရဲမီးလျှံ တံခါးဝ တည်နေရာ
နိုင်ငံတာ့ခ်မင်နစ္စတန်
ဒေသဒါဝိဇ်အဟာလ် စီရင်စု
ကမ်းလွန်/ကုန်းတွင်းကုန်းတွင်း
ကိုဩဒီနိတ်40°15′9.4″N 58°26′21.8″E / 40.252611°N 58.439389°E / 40.252611; 58.439389ကိုဩဒိနိတ်: 40°15′9.4″N 58°26′21.8″E / 40.252611°N 58.439389°E / 40.252611; 58.439389
သမိုင်းကြောင်း
တွေ့ရှိချိန်၁၉၇၁
စွန့်ပစ်ချိန်၁၉၇၁

ဒါဗဇာ ဓာတ်ငွေ့ပေါက် (အင်္ဂလိပ်: Darvaza gas crater)[၁][၂][၃] ဒေသခံအခေါ်အားဖြင့် ငရဲပြည်အဝင်ဝ (Door to Hell)ဟု အမည်ပေးထားသော မီးလောင်တွင်းကြီးသည် အရှေ့အလယ်ပိုင်းဒေသ၊ တာ့ခ်မင်နစ္စတန် နိုင်ငံ၏ သဲကန္တာရ တစ်ခုတည်းမှာ ရှိသည်။ ယင်းတွင်းအား လေ့လာချက်အရ မနားတမ်း မီးလောင်မြိုက်နေပြီး နှစ်ပေါင်း ၄၀ မက တော့ပါ။

၁၉၇၁-ခုနှစ်တွင် ဆိုဗီယက်အင်ဂျင်နီယာများ စတင်တွေ့ရှိပြီး သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုကို များစွာပြုလုပ်ခဲ့သည်။ ယနေ့တိုင်လည်း ယင်းတွင်းနှင့် မြေနေရာ တစ်ဝိုက်သည် ကမ္ဘာပေါ်တွင် ဓာတ်ငွေ့အများဆုံး ထွက်ရှိသော ထိပ်တန်းနေရာ ၁၀ ခု စာရင်းထဲတွင် ပါဝင်နေပါသေးသည်။ တာ့ခ်မင်နစ္စတန် နိုင်ငံ အစိုးရသည် ယင်းနေရာမှ တူးဖော် စုဆောင်းမိသော ဓာတ်ငွေ့များကို တရုတ်၊ ပါကစ္စတန်၊ အီရန်၊ ရုရှား၊ အိန္ဒိယနှင့် အခြားသော အနောက် ဥရောပ နိုင်ငံအချို့များ ထံသို့ ရောင်းချကာ နောက်နှစ်ပေါင်း ၂၀ လောက်အထိကို ဆက်လက်ထွက်ရှိအုံးမယ်ဟု စစ်ဆေးတွေ့ရှိထားသည်။ သဘာဝက ပေးလိုက်သော လက်ဆောင်ဟုဆိုလျင် မမှားပါ။

ဓာတ်ငွေ့များသည် များပြားပြီး တွင်းထဲကနေ ပြန်လည်လောင်မြိုက်နေပါသည်။ ချောရည်ပူများ၊ မီးခိုးများ၊ မီးတန်းများ ထွက်နေသော်လည်း ပတ်ဝန်းကျင်ကို ကူးဆက်ပြီး လောင်တာမျိုး မရှိပါ။ ကမ္ဘာလှည့်ခရီးသည်များလည်း သွားရောက် လေ့လာကြသည်။ အချို့ စွန့်စားသူများ ဆိုလျင် အချင်း ၂၀၀၊ အနက် ၆၆ ပေ ရှိသော ယင်းတွင်းကို ဟိုဘက်ဒီဘက်ကူးခြင်း၊ ကြိုးနှင့် အပေါ်ယံကနေ အနည်းငယ်ဆင်း၍ လေ့လာတာမျိုးများ ပြုလုပ်ကြသည်။

မီးလောင်မြိုက်မှုကလည်း ရပ်တန့်သွားမှာ မဟုတ်ပါ။ တွင်း၏အောက်မှာ ဓာတ်ငွေ့ကျောကြီး ရှိနေပါသည်။ အစိုးရသည် ယင်းမီးလောင်တွင်းကို အပေါ်ကနေ ပိတ်ဖို့ စဉ်းစားခဲ့ပေမယ့် မပြုလုပ်ဖြစ်ခဲ့ပါ။ သူ့ သဘာဝ လောင်ကျွမ်းနေပြီး ကမ္ဘာ့စွဲဆောင်မှုရှိသော နေရာများထဲက တစ်ခု ဖြစ်လာသည်။

ငရဲတံခါးဝကို တာ့ခ်မင်နစ္စတန်နိုင်ငံ ဒါဝိဇ်၌ ၁၉၇၁ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့ပြီး ယနေ့ချိန်ထိ မီးလျှံများ စဉ်ဆက်မပြတ် တောက်လောက်နေသည့်သဘာဝဓာတ်ငွေ့ ကွင်းပြင်တစ်ခု ဖြစ်သည်။[၄]

ပထဝီအနေအထား[ပြင်ဆင်ရန်]

ထိုကွင်းပြင်သည် ဒါဝိဇ်ရွာအနီးတွင် တည်ရှိသည်။ ယင်းရွာကလေးသည် အက်ရှ်ကာဘက် မြောက်ဘက် ကီလိုမီတာ ၂၆၀ (မိုင် ၁၆၀) ခန့် အကွာရှိ ကာရာကမ် သဲကန္တာရအလယ်တွင် တည်ရှိသည်။ ဤတွင်းကြီးတွင် တွေ့ရှိရသည့် ဓာတ်ငွေ့ ပမာဏသည် ကမ္ဘာပေါ်တွင် အကြီးဆုံး ဓာတ်ငွေ့များ ခိုအောင်ရာများအနက် တစ်ခုဟု ဆိုနိုင်သည်။ "ငရဲတံခါးဝ" ဆိုသည့် အမည်ကို လောင်ကျွမ်းနေသော မီး၊ ဆူပွက်နေသော ရွှံ့ချော်ရည်များနှင့် အချင်း မီတာ ၇၀ (ပေ ၂၃၀) ကျယ်သည့် မီးတောင်ဝအတွင်းမှ လိမ္မော်ရောင် မီးတောက်များကို အစွဲပြု၍ ဒေသခံများက မှည့်ခေါ်ခဲ့ကြခြင်း ဖြစ်သည်။[၅] တောက်လောင်နေသည့် ဧရိယာသည် အကျယ်အဝန်း မီတာ ၆၀ (ပေ ၂၀၀) ကျော်အထိနှင့် အနက် မီတာ ၂၀ (၆၆ ပေ) ခန့် ရှိသည်။[၆]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

အဆိုပါ နေရာကို ၁၉၇၁ ခုနှစ်တွင် ဆိုဗီယက် အင်ဂျင်နီယာများက တွေ့ရှိခဲ့ကြခြင်း ဖြစ်သည်။[၇] မူလက ယင်းနေရာကို ကြီးမားလှသည့် ရေနံသိုက်ကြီးတစ်ခုဟု မှတ်ထင်ခဲ့ကြသည်။[၈] အဆိုပါအင်ဂျင်နီယာများက အနီးအနားတွင် ရေနံတွင်းတူးစင်တစ်ခုနှင့် စခန်းတစ်ခု တည်ထောင်ပြီး ယင်းနေရာတွင် တည်ရှိနေသည့် ရေနံ ပမာဏကို စစ်ဆေး အကဲဖြတ်ရန် စတင် တူးဖော်ခဲ့ကြသည်။ ရေနံအစား ဓာတ်ငွေ့ကိုသာ တွေ့ရှိရသည့် အချိန်တွင် ရေနံတွင်းတူးစင်နှင့် စခန်း အောက်ရှိ မြေပြင်သည် ပြိုကျပြီး မီးတောင်ထိပ်ဝအဖြစ် ပြောင်းလဲသွားကာ တူးစင်နှင့် စခန်းလဲ ပျောက်ဆုံးသွားခဲ့သည်။

အနီးအနားမြို့များသို့ တွင်းထဲမှ အဆိပ်အတောက် ဓာတ်ငွေ့များ လွတ်ထွက်သွားနိုင်မည့် အန္တရာယ်ကို စိုးရိမ်သဖြင့် အင်ဂျင်နီယာများက ဓာတ်ငွေ့များကို မီးရှို့ပစ်ခဲ့ခြင်းက အကောင်းဆုံးဖြစ်လိမ့်မည်ဟု ယူဆခဲ့ကြသည်။[၅] ယင်းဓာတ်ငွေ့များ လောင်းကျွမ်းမှုသည် ရက်သတ္တပတ်အနည်းငယ်အထိသာ ကြာလိမ့်မည်ဟု ခန့်မှန်းခဲ့သော်လည်း မီးရှို့ခဲ့ချိန်မှ နောက်ဆယ်စုနှစ် လေးစုကျော်သည်ထိ ဆက်လက် တောက်လောင်နေဆဲ ဖြစ်သည်။[၅] သတင်းများအရ ဒေသတွင်းမှ ပင့်ကူများကို မီးတောက်၏ အပူဓာတ်က ဆွဲဆောင်နေပြီး မကြာခဏဆိုသလို မီးတွင်းထဲသို့ ခုန်ချတတ်ကြကြောင်း သိရသည်။[၉]

အဆိုပါမီးတောင်ထိပ်ဝ အကြောင်းကို "မီးလျှံတွင်းဝ" အမည်ဖြင့် ကြိုးစားရင်းသာ သေမည် အခန်းဆက် အစီအစဉ်တွင် ရိုက်ကူး ပြသခဲ့သည်။ စူးစမ်းရှာဖွေသူ ဂျော့ခ်ျ ကူရိုနစ်သည် အကြမ်းတမ်းဆုံး အခြေအနေများတွင် ရှင်သန်နိုင်သည့် သေးငယ်သော ဇီဝသက်ရှိများ၏ နမူနာများ စုဆောင်းရင်း ယင်းတွင်းဝ၏ အောက်ခြေသို့ ခြေချခဲ့သည့် ပထမဦးဆုံး လူသားတစ်ဦး ဖြစ်လာခဲ့သည်။ အဆိုပါ အခန်းဆက် အစီအစဉ်ကို ၂၀၁၄ ခုနှစ် ဇူလိုင်လ ၁၆ ရက်တွင် အမျိုးသား ပထဝီဝင် ရုပ်သံလိုင်းက ထုတ်လွှင့် ပြသခဲ့သည်။[၁၀]

အနာဂတ် ဓာတ်ငွေ့များ ဖြစ်ထွန်းမှုအပေါ် သက်ရောက်မှုများ[ပြင်ဆင်ရန်]

၂၀၁၀ ပြည့်နှစ်က ညအချိန် တွေ့ရသော ဓာတ်ငွေ့သိုက်

၂၀၀၉ ခုနှစ် ဧပြီလတွင် တာ့ခ်မန်နစ္စတန် သမ္မတ ဂါဘန်ဂူလီ ဘာဒီမူဟာမီဒေါက ယင်းနေရာကို သွားရောက်ခဲ့ပြီး တွင်းဝကြီးကို ပိတ်ထားသင့်သည် သို့မဟုတ် ထိုဒေသအတွင်းရှိ အခြား သဘာဝဓာတ်ငွေ့သိုက်များ၏ ဖြစ်ထွန်းမှုအပေါ် လွှမ်းမိုးသက်ရောက်မှုကို ကန့်သတ်နိုင်မည့် နည်းလမ်းများ ရှာဖွေ ဆောင်ရွက်ကြရန် ညွှန်ကြားခဲ့သည်။[၁၁] တာ့ခ်မင်နစ္စတန်သည် ပါကစ္စတန်တရုတ်အိန္ဒိယအီရန်ရုရှားနှင့်အနောက် ဥရောပ စသည့် နိုင်ငံအများအပြားသို့ လက်ရှိ ဓာတ်ငွေ့ တင်ပို့နေသည့် ပမာဏကို လာမည့်နှစ် ၂၀ အတွင်း ကုဗမီတာ ၇၅ သန်း (၂.၆" ၁၀ ၉ ကုဗပေ) သို့ တိုးမြှင့်ရန် ရည်ရွယ်၍ သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုကို မြှင့်တင်သွားရန် စီစဉ်ထားသည်။[၆]


ကိုးကား[ပြင်ဆင်ရန်]

  1. Soldani၊ Bianca။ "Turkmenistan’s 'door to hell' has been burning for 45 years" (in en)၊ 2016-06-24။ 27 March 2017 တွင် ပြန်စစ်ပြီး။ Archived from the original on 2 February 2017။ 
  2. Geiling၊ Natasha။ "This Hellish Desert Pit Has Been On Fire for More Than 40 Years" (in en)၊ 2014-05-20။ 
  3. Davies၊ Elliott။ "I traveled to the middle of the desert to see 'The Door To Hell'" (in en)၊ 2017-01-26။ 
  4. "Turkmenistan hopes 'Door to Hell' will boost tourism"၊ CTV News၊ 22 June 2014။ 
  5. ၅.၀ ၅.၁ ၅.၂ "What a ‘hell hole’!"၊ Pakistan Daily Times၊ September 14, 2012။ 11 October 2012 တွင် ပြန်စစ်ပြီး။ Archived from the original on 6 June 2014။ 
  6. ၆.၀ ၆.၁ Marat Gurt။ "Turkmen president wants to close "Hell's Gate""၊ Reuters၊ 20 April 2010။ 16 December 2012 တွင် ပြန်စစ်ပြီး။ Archived from the original on 7 October 2015။ 
  7. The Door to Hell: Take a look inside a giant hole in the desert which has been on fire for more than 40 YEARSDaily Mail] (27 July 2012)။ 10 October 2012 တွင် ပြန်စစ်ပြီး။
  8. American Geological Institute (January 2010)။ Earth။ American Geological Institute။ p. 2210 October 2012 တွင် ပြန်စစ်ပြီး
  9. This Hellish Desert Pit Has Been On Fire for More Than 40 Years | Travel | Smithsonian
  10. Christina Nunez။ "Q&A: The First-Ever Expedition to Turkmenistan's "Door to Hell""၊ National Geographic၊ 16 July 2014။ 
  11. The Door to Hell: Take a look inside a giant hole in the desert which has been on fire for more than 40 YEARSDaily Mail (27 July 2012)။ 10 October 2012 တွင် ပြန်စစ်ပြီး။