ငကွန်းရှပ်
အညွှန်းသို့ ခုန်ကူးရန်
ရှာဖွေရန် ခုန်ကူးမည်
ငါးကွန်းရှပ်[ပြင်ဆင်ရန်]
ငကွန်းရှပ်သည် ငကျီးကန်းမျိုးတွင် ပါဝင်သည်။ ပါဏ ဗေဒအမည်မှာ 'စကွမ်ဗာရွိုက်ဒီ၊ တူလူး' ဖြစ်သည်။ ငါးကွန်းရှပ်ကို ငါးကင်းပါးဟူ၍လည်း ခေါ်သည်။ငါးအပ်ပုံ၊ကကတစ်၊ ငကျီးကန်းတို့ကဲ့သို့ ကိုယ်ထည်အနည်းငယ် ရှည်၍ ခပ်ပြား ပြားဖြစ်သည်။ ဦးခေါင်းဘေးနှစ်ဖက်တွင် မျက်စိရှိ၏။ ပါးဟက် ကြီး၏။ ဆူးတောင်များ ရှိ၏။ အကြေးခွံ ရှိ၏။ ငါးကွန်းရှပ် ကို ဟင်းလျာအဖြစ် စားကြ၍ ငါးခြောက်လည်း လုပ်ကြသည်။ [၁]
ကိုးကား[ပြင်ဆင်ရန်]
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)